Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

၁၀၂၇အပိုင်း(၂)တွင် စစ်ကောင်စီပစ်ခတ်မှုကြောင့် ယမန်နေ့တစ်ရက်တည်း အရပ်သား ၁၁ဦး ထပ်မံသေဆုံး

TNLA နှင့် ပူးပေါင်းတပ်များအနေဖြင့် ဇွန်လ ၂၅ရက်မှ ယမန်နေ့ အထိ ၄ရက်တာအတွင်း စစ်ကောင်စီတပ်စခန်း ၃၀ခန့် သိမ်းပိုက်ရရှိထားပြီး စစ်သုံ့ပန်းများ၊လက်နက်ခဲယမ်းများလည်း ရရှိထားသည်။

(၁၀၂၇အပိုင်း(၂)စစ်ဆင်ရေးအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့် သေဆုံးပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(၁၀၂၇အပိုင်း(၂)စစ်ဆင်ရေးအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့် သေဆုံးပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)

▪️သေဆုံးသူများတွင် ကိုရင်၊ သီလရှင်၊ ကလေးငယ်၊ သက်ကြီးရွယ်အိုနှင့် အမျိုးသမီးများ ပါဝင်ဟု TNLA အသိပေး

▪️စစ်ဆင်ရေး ၄ရက်အတွင်း ရှမ်းမြောက်ရှိ အရပ်သား ၂၀ဦးထက်မနည်းသေဆုံးကာ ၃၀ဦးနီးပါးဒဏ်ရာရ

ဟန်နွေ/People’s Spring

စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဇွန်လ ၂၈ရက်တွင် အရပ်သား ၁၁ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

TNLAနှင့် မဟာမိတ်တပ်များကဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)စစ်ရေးတွင် အထိနာနေသည့် စစ်ကောင်စီတပ်သည် အရပ်သားနေထိုင်ရာနေရာများကို ပစ်ခတ်မှုများကြောင့် ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်မိုးမိတ် မြို့နယ်များတွင် အရပ်သားထိခိုက်မှု၊ နေအိမ်ပျက်စီးမှုများ ရှိခဲ့သည်။

(၁၀၂၇အပိုင်း(၂)စစ်ဆင်ရေးအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့် သေဆုံးပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(၁၀၂၇အပိုင်း(၂)စစ်ဆင်ရေးအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့် သေဆုံးပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ – TNLA)

ယမန်နေ့ (ဇွန်လ ၂၈ရက်)တွင် ကျောက်မဲမြို့ နယ်မြေ (၈)တွင် လက်နက်ကြီးကျ ရောက်ပေါက် ကွဲသောကြောင့် မယ်သီလရှင်တစ်ပါး၊ အမျိုးသမီးသမီး လေးဦး၊ အမျိုးသား နှစ်ဦးသေဆုံးပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

မိုးကုတ်မြို့ အရှေ့ပိုင်းတွင်လည်း စစ်ကောင်စီမှ ဂျက်ဖိုက်တာနှင့်လာရောက် ဗုံးကြဲတိုက်ခိုက် မှုကြောင့် ဉယျာဉ်ကျောင်းတွင်းရှိ ကိုရင် (၅)ပါးကျည်စထိမှန်ပြီး ယင်းအနက် ကိုရင်တစ်ပါး ပျံလွန်တော်မူခဲ့သည်။

(၁၀၂၇အပိုင်း(၂)စစ်ဆင်ရေးအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့် သေဆုံးပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(၁၀၂၇အပိုင်း(၂)စစ်ဆင်ရေးအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့် သေဆုံးပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ – TNLA)

ထို့ပြင် လူးထရပ်ကွက်ရှိ အဘွားအိုတစ်ဦးနှင့် ကလေးငယ်တစ်ဦးသေဆုံးသည့်အပြင် မိုးကုတ် အနောက်ပိုင်း အောင်သုခရပ်ကွက်ရှိ နေအိမ်တစ်အိမ်ပေါ်သို့ လက်နက်ကျရောက် ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးထိမှန်သေဆုံးခဲ့ကြောင်း ဖော်ပြသည်။

ထို့ကြောင့် ယမန်နေ့တွင် အရပ်သား ၁၁ဦးသေဆုံးကာ ကိုရင် ၄ပါးအပါအဝင် ၆ဦး ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် (၁၃)လုံးထိခိုက်ပျက်စီးခဲ့ကြောင်း၊ တိုက်ပွဲပြင်းထန်မှုကြောင့် ကျောက်မဲမြို့ ၊ နောင်ချို၊ မိုးကုတ်မြို့နယ် ဒေသခံသောင်းချီ ဘေးလွတ်ရာတိမ်းရှောင်နေကြရကြောင်း ထုတ်ပြန်သည်။

(၁၀၂၇အပိုင်း(၂)စစ်ဆင်ရေးအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့် သေဆုံးပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(၁၀၂၇အပိုင်း(၂)စစ်ဆင်ရေးအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့် သေဆုံးပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ – TNLA)

ဇွန်လ ၂၇ရက်တွင်လည်း အရပ်သား သုံးဦး ၊ ဇွန်လ ၂၆ရက်တွင် အရပ်သား လေးဦး၊ ဇွန်လ ၂၅ရက်တွင် အရပ်သား နှစ်ဦး သေဆုံးခဲ့ကြောင်း TNLAကအသိပေးထားသည်။

စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှု၊ တိုက်ပွဲအတွင်း ကျည်ထိမှန်မှုကြောင့် သေဆုံးခဲ့ရသည့် အရပ်သး ၂၀ဦး ထက်မနည်းရှိပြီး ၃၀ဦးနီးပါး ဒဏ်ရာရခဲ့ကြောင်း TNLA၏ ထုတ်ပြန်ချက်များအရ သိရသည်။

TNLA နှင့် ပူးပေါင်းတပ်များအနေဖြင့် ဇွန်လ ၂၅ရက်မှ ယမန်နေ့ အထိ ၄ရက်တာအတွင်း စစ်ကောင်စီတပ်စခန်း ၃၀ခန့် သိမ်းပိုက်ရရှိထားပြီး စစ်သုံ့ပန်းများ၊လက်နက်ခဲယမ်းများလည်း ရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီကမူ ခရီးသည်တင်ယာဥ်အား PDFများက ပစ်ခတ်တိုက်ခိုက်ရာမှ ပြည်သူတစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရကြောင်း ၎င်းတို့ထောက်ခံသည့် တယ်လီဂရန်ချန်နယ်များတွင် ဝါဒဖြန့်နေသည်။

သတင်း

ကျောက်မဲမြို့နယ်၊ နောင်ချိုမြို့နယ်နှင့် မိုးကုတ်မြို့နယ်တို့တွင် ​ဒေသခံပြည်သူ ၂၂ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၃၀ဦးအထိ ရှိလာခဲ့ကြောင်း TNLAက ထုတ်ပြန်ထားသည်။

သတင်း

MNDAAနှင့် စစ်ကောင်စီတပ်တို့သည် ဇွန်လ ၂၉ရက်က လားရှိုးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး MNDAA ရဲဘော်အချို့ ကျဆုံးခဲ့ရဟု ဆိုသည်။

သတင်း

ချောင်းကြီးကျေးရွာသည် မိုးကုတ် - မန္တလေးလမ်းပေါ်၌တည်ရှိပြီး တိုက်ပွဲများဖြစ်ပွားနေ၍ လမ်းများလည်း ပိတ်ထားကြောင်း သတင်းရရှိသည်။