Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အသက် ၁၃ နှစ်အရွယ်မြန်မာ​ရွေ့​ပြောင်းလူငယ်တစ်ဦးအ​မေရီကန် ရဲတပ်ဖွဲ့ ပစ်ခတ်မှုကြောင့် သေဆုံး

ဇွန်လ ၂၈ ရက်နေ့တုန်းက အသက် ၁၃ နှစ်အရွယ် ကရင်လူငယ်လေး ညာမွေဟာ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ကွယ်လွန်ခဲ့ရပါတယ်။ အဲဒီမတိုင်ခင် နှစ်ရက်ကမှ သူဟာယူတီကာမှာ အလယ်တန်း ပညာသင်ယူမှု အောင်မြင် ပြီးမြောက်ထားခဲ့ပါတယ်။

(အလယ်တန်းအောင်လက်မှတ် ကိုင်​ဆောင်ထားပြီးမိခင်နဲ့အတူ​တွေ့ရတဲ့ မြန်မာလူငယ် ၊ အ​မေရီကန်ရဲတပ်ဖွဲ့က ပစ်ခတ်မှုမတိုင်ခင် လက်​မြောက်ပြ​နေတဲ့လူငယ် ၊နာ​ရေးမှာ ငို​ကြွေး​နေတဲ့မိခင်။ဓါတ်ပုံ- အယ်ဂျာဇီးယား )
(အလယ်တန်းအောင်လက်မှတ် ကိုင်​ဆောင်ထားပြီးမိခင်နဲ့အတူ​တွေ့ရတဲ့ မြန်မာလူငယ် ၊ အ​မေရီကန်ရဲတပ်ဖွဲ့က ပစ်ခတ်မှုမတိုင်ခင် လက်​မြောက်ပြ​နေတဲ့လူငယ် ၊နာ​ရေးမှာ ငို​ကြွေး​နေတဲ့မိခင်။ဓါတ်ပုံ- အယ်ဂျာဇီးယား )

-People’s Spring

ကစားစရာ ကော်စေ့သေနတ် ကိုင်ဆောင်ထားတဲ့ ဆယ်ကျော်သက် မြန်မာ ရွှေ့ပြောင်းအခြေချသူ လူငယ်တစ်ဦးကို အမေရိကန်နိုင်ငံ၊ နယူးယောက် ပြည်နယ်၊ ယူတီကာမြို့ ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်အပေါ် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

ဇွန်လ ၂၈ ရက်နေ့တုန်းက အသက် ၁၃ နှစ်အရွယ် ကရင်လူငယ်လေး ညာမွေဟာ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ကွယ်လွန်ခဲ့ရပါတယ်။ အဲဒီမတိုင်ခင် နှစ်ရက်ကမှ သူဟာယူတီကာမှာ အလယ်တန်း ပညာသင်ယူမှု အောင်မြင် ပြီးမြောက်ထားခဲ့ပါတယ်။

(အလယ်တန်းအောင်လက်မှတ် ကိုင်​ဆောင်ထားပြီးမိခင်နဲ့အတူ​တွေ့ရတဲ့ မြန်မာလူငယ် ၊ အ​မေရီကန်ရဲတပ်ဖွဲ့က ပစ်ခတ်မှုမတိုင်ခင် လက်​မြောက်ပြ​နေတဲ့လူငယ် ၊နာ​ရေးမှာ ငို​ကြွေး​နေတဲ့မိခင်။ဓါတ်ပုံ- အယ်ဂျာဇီးယား )
(အလယ်တန်းအောင်လက်မှတ် ကိုင်​ဆောင်ထားပြီးမိခင်နဲ့အတူ​တွေ့ရတဲ့ မြန်မာလူငယ် ၊ အ​မေရီကန်ရဲတပ်ဖွဲ့က ပစ်ခတ်မှုမတိုင်ခင် လက်​မြောက်ပြ​နေတဲ့လူငယ် ၊နာ​ရေးမှာ ငို​ကြွေး​နေတဲ့မိခင်။ဓါတ်ပုံ- အယ်ဂျာဇီးယား )

ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ အခင်းမဖြစ်ခင် တစ်ညတုန်းက အဲဒီနေရာ တဝိုက်မှာ လက်နက်ကိုင် ဓားပြမှု ဖြစ်ပွားခဲ့ကြောင်း၊ သတင်းပေး တိုင်ကြားမှုနဲ့ ကိုက်ညီတဲ့ လူငယ်နှစ်ဦးကို တွေ့ရှိလို့ ရဲတွေက စစ်ဆေးနေတဲ့ အချိန် ညာမွေက ထွက်ပြေးပြီး လက်ထဲမှာလည်း သေနတ်ရှိနေတာကြောင့် လုံခြုံရေးအရ ပစ်ခတ် တားဆီးခဲ့တာဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဖြစ်စဉ်တစ်ခုလုံးနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေကိုတော့ ဆက်လက် လုပ်ဆောင်နေဆဲပါ။

Public Service Announcement

Public Service Announcement

ညာမွေရဲ့ မိသားစုဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုလောက်တုန်းက အမေရိကန်မှာ ပြောင်းရွှေ့ အခြေချခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီလူငယ်လေး သေဆုံးမှုဟာ မိသားစုကိုရော၊ လူ့အဖွဲ့အစည်းကိုပါ အကြီးအကျယ် တုန်လှုပ်စေခဲ့ပါတယ်။

ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ခွင့်ရပြီး ပညာရေးအတွက် အမေရိကန်မှာ ရွှေ့ပြောင်း အခြေချခဲ့ပေမယ့် မိသားစုဟာ ညာမွေရဲ့ အထက်တန်း တက်ရောက်ခွင့်အတွက် ပျော်ရွှင်နေရမယ့်အစား သေမှုသေခင်း စစ်ချက်ယူအပြီး ရုပ်အလောင်း လွှဲပြောင်းပေးရမှာကို စောင့်နေပြီလို့ ကွယ်လွန်သူနဲ့ ဝမ်းကွဲညီအစ်ကို တော်စပ်သူ လေထူးက ပြောပါတယ်။

(အလယ်တန်းအောင်လက်မှတ် ကိုင်​ဆောင်ထားပြီးမိခင်နဲ့အတူ​တွေ့ရတဲ့ မြန်မာလူငယ် ၊ အ​မေရီကန်ရဲတပ်ဖွဲ့က ပစ်ခတ်မှုမတိုင်ခင် လက်​မြောက်ပြ​နေတဲ့လူငယ် ၊နာ​ရေးမှာ ငို​ကြွေး​နေတဲ့မိခင်။ဓါတ်ပုံ- အယ်ဂျာဇီးယား )
(အလယ်တန်းအောင်လက်မှတ် ကိုင်​ဆောင်ထားပြီးမိခင်နဲ့အတူ​တွေ့ရတဲ့ မြန်မာလူငယ် ၊ အ​မေရီကန်ရဲတပ်ဖွဲ့က ပစ်ခတ်မှုမတိုင်ခင် လက်​မြောက်ပြ​နေတဲ့လူငယ် ၊နာ​ရေးမှာ ငို​ကြွေး​နေတဲ့မိခင်။ဓါတ်ပုံ- အယ်ဂျာဇီးယား )

ယူတီကာ အမှုစစ်ရုံးကတော့ အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးမှုတွေ စတင်နေပြီလို့ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ယူတီကာ မြို့တော်ဝန် မိုက်ကယ်ပီ ဂါလီမီကလည်း ကွယ်လွန်သူရဲ့ မိသားစုကို သွားရောက်တွေ့ဆုံဖို့ စီစဉ်ထားကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ယူတီကာဟာ စက်မှုလုပ်ငန်း ထွန်းကားခဲ့ရာ သက်တမ်းရင့် မြို့တစ်ခုဖြစ်ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း နိုင်ငံစုံက ရွှေ့ပြောင်းအခြေချသူတွေ လာရောက်နေထိုင်ခဲ့ကြပါတယ်။ မြို့လူဦးရေ ၆၅၀၀၀ လောက် ရှိတဲ့ထဲမှာ မြန်မာနိုင်ငံသား ၄၂၀၀ ကျော် ပါဝင်နေတယ်လို့လည်း ဆိုပါတယ်။

ဝေဖန်မှုတွေ မြင့်တက်လာတဲ့နောက် ရဲတပ်ဖွဲ့က ပစ်ခတ်မှုမှာ ပါဝင်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေရဲ့ ခန္ဓာကိုယ်မှာ တပ်ဆင်ထားတဲ့ ကင်မရာရဲ့ ဗီဒီယို မှတ်တမ်းကို ထုတ်ပြန်ပြခဲ့ပါတယ်။ ဗီဒီယိုထဲမှာတော့ ညာမွေက ထွက်ပြေးသွားတာ၊ ရဲတွေဖက်ကို ပြန်လှည့်ပြီး အမည်းရောင် အရာဝတ္ထု တစ်ခုခုနဲ့ ချိန်ရွယ်လိုက်တာတွေကို တွေ့ခဲ့ရပါတယ်။ ရဲတွေက ညာမွေဟာပစ္စတို သေနတ်အစစ် ကိုင်ဆောင်ထားတယ်လို့ ယူဆခဲ့ပြီး နောက်ပိုင်းမှာတော့ ကစားစရာ သေနတ်အတု ဖြစ်နေမှန်း စစ်ဆေး သိရှိလာခဲ့တာလို့ အကြောင်းပြခဲ့ကြပါတယ်။

ရဲတွေက အဲဒီ သေနတ်ရဲ့ ဓာတ်ပုံကိုလည်း ထုတ်ပြခဲ့ရာမှာတော့ သေနတ်ပြောင်းမှာ ကစားစရာ ကုမ္ပဏီ အများစုက တကယ့်သေနတ် အစစ်နဲ့ ကွဲပြားအောင် ပတ်ထားပေးလေ့ရှိတဲ့ လိမ္မော်ရောင် တောက်တောက် အမှတ်အသား ဖယ်ရှားထားတာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း ရှုပ်ရှုပ်ထွေးထွေး အခြေအနေမှာ သေနတ်အတုလို့ လုံးဝ မထင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ရဲအရာရှိ ဘရိုက်စ် ပက်တာဆန်ဟာ ညာမွေကို မြေပေါ်လဲသွားအောင် ဖမ်းချုပ်၊ ဝင်လုံးပြီး ထိုးကြိတ်နေတဲ့အချိန် တခြားအရာရှိ ပက်ထရစ် ဟူစ်နေက သေနတ်နဲ့ အနီးကပ် ပစ်ခတ်ခဲ့တာကြောင့် လူငယ်ရဲ့ ရင်ဘတ်မှာ ကျည်ဆန် ထိမှန်သွားခဲ့တာ ဖြစ်ပါတယ်။ မျက်မြင်တစ်ဦး ရိုက်ကူးထားတဲ့ ဗီဒီယိုမှာတော့ ရဲအရာရှိ တစ်ဦးနဲ့ လူငယ်တို့ လုံးထွေးနေတဲ့အချိန် နောက်ထပ် ရဲနှစ်ဦး ရောက်လာပြီး သေနတ်သံ ထွက်ပေါ်လာတာကို မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။

(အလယ်တန်းအောင်လက်မှတ် ကိုင်​ဆောင်ထားပြီးမိခင်နဲ့အတူ​တွေ့ရတဲ့ မြန်မာလူငယ် ၊ အ​မေရီကန်ရဲတပ်ဖွဲ့က ပစ်ခတ်မှုမတိုင်ခင် လက်​မြောက်ပြ​နေတဲ့လူငယ် ၊နာ​ရေးမှာ ငို​ကြွေး​နေတဲ့မိခင်။ဓါတ်ပုံ- အယ်ဂျာဇီးယား )
(အလယ်တန်းအောင်လက်မှတ် ကိုင်​ဆောင်ထားပြီးမိခင်နဲ့အတူ​တွေ့ရတဲ့ မြန်မာလူငယ် ၊ အ​မေရီကန်ရဲတပ်ဖွဲ့က ပစ်ခတ်မှုမတိုင်ခင် လက်​မြောက်ပြ​နေတဲ့လူငယ် ၊နာ​ရေးမှာ ငို​ကြွေး​နေတဲ့မိခင်။ဓါတ်ပုံ- အယ်ဂျာဇီးယား )

နယူးယောက်ပြည်နယ် ဥပဒေအရ တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းတွေ လက်ချက်ကြောင့် လူတွေသေဆုံးတဲ့ ဖြစ်စဉ်တိုင်းကို အမှုစစ်ချုပ်ရုံးက တာဝန်ယူ စစ်ဆေးရမှာ ဖြစ်ပါတယ်။ အခုကိစ္စမှာလည်း ရဲအရာရှိတွေဟာ လေ့ကျင့် သင်ကြားပေးထားတဲ့ စံနှုန်းတွေ၊ လုပ်ငန်းစဉ်တွေ၊ ကျင့်ဝတ်တွေနဲ့အညီ ကိုင်တွယ်ခဲ့သလား ဆိုတာကို စုံစမ်းသွားမှာ ဖြစ်ပါတယ်။ မြို့ရဲ့ ရဲဌာန အကြီးအကဲ မတ်ခ်ဝီလျံစ်က အခုဖြစ်ရပ်ဟာ ထိခိုက်ဝမ်းနည်းစရာ ကိစ္စမျိုးလို့ မှတ်ချက် ပေးခဲ့ပေမယ့် ဖြစ်စဉ်မှာ ပါဝင်တဲ့ ရဲအရာရှိတွေကို တိုက်ရိုက် အပြစ်တင်တာမျိုးတော့ မရှိခဲ့ပါဘူး။ သူက ဖြစ်ရပ်တစ်ခုလုံးကို ပွင့်လင်းမြင်သာမှုအပြည့်နဲ့ စုံစမ်းဖော်ထုတ်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

တစ်ဖက်မှာတော့ ကွယ်လွန်သူနဲ့ ဝမ်းကွဲမောင်နှမ တော်စပ်သူ အစ္စဘယ်လာမူးက ရဲတွေရဲ့ ထုတ်ပြန်ချက်ကို ဝေဖန် ရှုတ်ချခဲ့ပြီး ညာမွေကို ရာဇဝတ်သားအဖြစ် ပုံဖော်ရင်း ပစ်ခတ်ခဲ့တဲ့ရဲတွေ အပြစ်လွတ်အောင် ဖန်တီးယူနေတာလို့ စွပ်စွဲထားခဲ့ပါတယ်။

ညာမွေရဲ့ မိဘတွေဟာ ပြည်တွင်း ပဋိပက္ခတွေကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ဝန်းကျင်လောက်က အိမ်နီးချင်း ထိုင်းနိုင်ငံဆီ ဒုက္ခသည်အဖြစ် ထွက်ပြေး ခိုလှုံခဲ့ရပါတယ်။ အဲဒီနောက် လွန်ခဲ့တဲ့ ၉ နှစ်မှာ အမေရိကန် ပြည်ထောင်စုဆီ ရွှေ့ပြောင်း အခြေချခွင့် ရခဲ့ပါတယ်။ ညာမွေရဲ့ ဖခင်ဟာ ကုန်စုံဆိုင် တစ်ခုမှာ အလုပ်လုပ်နေတာ ဖြစ်ပါတယ်။

(အလယ်တန်းအောင်လက်မှတ် ကိုင်​ဆောင်ထားပြီးမိခင်နဲ့အတူ​တွေ့ရတဲ့ မြန်မာလူငယ် ၊ အ​မေရီကန်ရဲတပ်ဖွဲ့က ပစ်ခတ်မှုမတိုင်ခင် လက်​မြောက်ပြ​နေတဲ့လူငယ် ၊နာ​ရေးမှာ ငို​ကြွေး​နေတဲ့မိခင်။ဓါတ်ပုံ- အယ်ဂျာဇီးယား )
(အလယ်တန်းအောင်လက်မှတ် ကိုင်​ဆောင်ထားပြီးမိခင်နဲ့အတူ​တွေ့ရတဲ့ မြန်မာလူငယ် ၊ အ​မေရီကန်ရဲတပ်ဖွဲ့က ပစ်ခတ်မှုမတိုင်ခင် လက်​မြောက်ပြ​နေတဲ့လူငယ် ၊နာ​ရေးမှာ ငို​ကြွေး​နေတဲ့မိခင်။ဓါတ်ပုံ- အယ်ဂျာဇီးယား )

ညာမွေဟာ သင်္ချာဘာသာနဲ့ ဘောလုံးအားကစားကို ဝါသနာပါပြီး ထူးချွန်တဲ့၊ တက်ကြွတဲ့ လူငယ်လေး တစ်ဦးအဖြစ် မိသားစုက ပြောပြပါတယ်။ မိသားစုက ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပေမယ့် အပေါင်းအသင်းပေါတဲ့ ညာမွေဟာ သူငယ်ချင်းတွေနဲ့အတူ ခရစ်ယာန် ဘုရားကျောင်းကို လိုက်ပြီး သမ္မာကျမ်းစာ သင်တန်းတွေ တက်လေ့ရှိတယ်လို့လည်း သိရပါတယ်။

အခင်းဖြစ်တဲ့ညမှာ ညာမွေက သူဟာ စတိုးဆိုင်ကို သွားစရာရှိတယ်လို့ မိခင်ကို ပြောပြီး ထွက်ခွာသွားခဲ့တာပါ။ ဒါဟာ မိခင်အတွက် သူ့ရဲ့ နောက်ဆုံးစကားလည်း ဖြစ်ခဲ့ပါတယ်။ သားဖြစ်သူရဲ့ သတင်းဆိုးကြောင့် မိခင်ဟာ နေ့စဉ် မျက်ရည်စက်လက်နဲ့ မအိပ်နိုင် မစားနိုင် ဖြစ်နေတယ်လို့လည်း မိသားစုဝင်တွေက ပြောပြခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီကမူ ခရီးသည်တင်ယာဥ်အား PDFများက ပစ်ခတ်တိုက်ခိုက်ရာမှ ပြည်သူတစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရကြောင်း ၎င်းတို့ထောက်ခံသည့် တယ်လီဂရန်ချန်နယ်များတွင် ဝါဒဖြန့်နေသည်။

သတင်း

ချောင်းကြီးကျေးရွာသည် မိုးကုတ် - မန္တလေးလမ်းပေါ်၌တည်ရှိပြီး တိုက်ပွဲများဖြစ်ပွားနေ၍ လမ်းများလည်း ပိတ်ထားကြောင်း သတင်းရရှိသည်။

သတင်း

TNLA နှင့် ပူးပေါင်းတပ်များအနေဖြင့် ဇွန်လ ၂၅ရက်မှ ယမန်နေ့ အထိ ၄ရက်တာအတွင်း စစ်ကောင်စီတပ်စခန်း ၃၀ခန့် သိမ်းပိုက်ရရှိထားပြီး စစ်သုံ့ပန်းများ၊လက်နက်ခဲယမ်းများလည်း ရရှိထားသည်။

သတင်း

မြို့ခံများသည် စစ်ဘေးရှောင်လိုကြသော်လည်း တိုက်ပွဲပြင်းထန်နေသည့်အခြေအနေကြောင့် ပြင်ပသို့မထွက်ရဲကြကြောင်း သတင်းရရှိသည်။