Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လားရှိုးတိုက်ပွဲတွင်စစ်တပ်မှ ဒုဗိုလ်မှူးကြီး ၁ဦး ၊ ဗိုလ်မှူး ၂ဦး နှင့် ဗိုလ်ကြီး ၅ဦးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၁၇ ဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် MNDAA ထံ အလင်းဝင်

လားရှိုးတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးကြီးဦးဆောင်ပြီးအရာရှိ စစ်သည် ၃၁၇ ဦး လက်နက်ချ အလင်းဝင်လာကြောင်း ကိုးကန့်တပ်မတော်(MNDAA)က ယနေ့ သတင်းထုတ်ပြန်သည်။

MNDAA ထံလက်နက်ချ အလင်းဝင်​သော စစ်​ကောင်စီတပ်မှ အရာရှိနှင့် တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ- MNDAA

လက်နက်ချ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ကျော်က မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်အား တိုက်ထုတ်ရာတွင် ပါဝင်လိုကြောင်း ပြောဆိုဟု MNDAA ထုတ်ပြန်

ဟန်နွေ/People’s Spring

လားရှိုးတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးကြီးဦးဆောင်ပြီးအရာရှိ စစ်သည် ၃၁၇ ဦး လက်နက်ချ အလင်းဝင်လာကြောင်း ကိုးကန့်တပ်မတော်(MNDAA)က ယနေ့ သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီတွင် စစ်​ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီး တစ်ဦးက ဗိုလ်မှူး ၂ ဦးကိုခေါ်ဆောင်၍ ဗိုလ်ကြီး ၅ ဦးနှင့် တပ်သားပေါင်း ၃၀၀ ကျော် စုစုပေါင်း ၃၁၇ ဦး MNDAAတပ်ထံ လက်နက်ချ အလင်းဝင်ခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် မင်းအောင်လှိုင်၏အာဏာသိမ်းတပ်အား တိုက်ထုတ်ရန် မဟာမိတ်တပ်ဖွဲ့တွင် ပါဝင်လိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်ဟုလည်း MNDAA ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

MNDAAနိုင်ငံရေးဌာန၏ ရှေ့တန်းလုပ်ငန်းအဖွဲ့မှ လက်နက်ချအလင်းဝင်လာသူတို့အား လက်ခံခဲ့ကြောင်း အသိပေးသည်။ သို့​သော်လက်နက်ချ​သော တပ်ရင်းအမည်များကိုမူ ထုတ်ပြန်ခြင်းမရှိ​သေး​ပေ ။ MNDAA ဦး​ဆောင်​သော ပူး​ပေါင်းတပ်များသည် ယခုရက်ပိုင်းအတွင်း ခလရ ၄၁ နှင့်ခလရ ၆၈ တို့ကို သိမ်းပိုက်ခဲ့သည်။

MNDAAတပ်ဖွဲ့နိုင်ငံရေးဌာန/စည်းရုံရေးဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး ချီကွမ်းရွှင့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်နက်ချမှုနှင့် တော်လှန်ရေးတိုက်ပွဲတွင် ပါဝင်လိုသည့်ဆန္ဒကို ကြိုဆိုခဲ့ကြောင်း ဖော်ပြသည်။

ထို့အပြင်စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ကျော် လက်နက်ချသည့် သတင်းကို MNDAAက ရုပ်သံမှတ်တမ်းနှင့်အတူ ဖော်ပြခဲ့ရာ အဆောက်အဦး ခန်းမတစ်ခုအတွင်း ရာနှင့်ချီ​သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီတန်းထိုင်နေမှု၊ ကိုးကန့်တပ်မှူးနှင့် စစ်ကောင်စီတပ် တာဝန်ရှိသူတို့ လက်ဆွဲနှုတ်ဆက်နေမှုကို တွေ့ရသည်။

ထို့နောက်ကိုးကန့်တပ်မှူးက MNDAA၏ ရပ်တည်ချက် ၊ အဆိုပြုချက်နှင့် နိုင်ငံရေးလမ်းကြောင်းကို လက်နက်ချ စစ်ကောင်စီတပ်သားများအား ပြောကြားခဲ့ရာ ပြည်ထောင်စုကို ပိုင်းခြားမည်မဟုတ်ကြောင်း အသိပေးသည်။

တိုင်းရင်းသားအားလုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့် လွတ်လပ်စွာ ခံစားနိုင်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရာတွင် တက်ကြွစွာပါဝင်မည်ဟု MNDAA တပ်မှူးက ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အားလုံးက ဗမာလူမျိုးကြီးဝါဒကို ဆန့်ကျင်ကြသည့် တော်လှန်ရေးအောင်မြင်ပြီးနောက် ဟန်(ကိုးကန့် မျိုးနွယ်အမည်)လူမျိုးကြီးဝါဒကိုမည်သည့်အခါမှ အကောင်အထည်ဖော်မည်မဟုတ်ဟုလည်း MNDAAက အသိပေးသည်။

တိုင်းရင်းသားအားလုံး၏ နိုင်ငံရေးဆန္ဒနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အ၀ လေးစားသည်ဟုလည်း MNDAAက ပြောကြားသည်။

လက်နက်ချ အလင်းဝင်သူများကို လက်ခံချိန် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းအများအပြား သိမ်းပိုက်ရရှိခဲ့သည်ဟု အသိပေးထားသည်။

ထို့ပြင် လက်နက်ချသူများအား MNDAA နှင့်မဟာမိတ်တပ်များ၏ နိုင်ငံရေး သဘောထားများနှင့် နိုင်ငံရေး ရပ်တည်ချက်များကို အသေးစိတ် ရှင်းလင်းတင်ပြကာ စစ်သုံ့ပန်းများအတွက် ဦးစားပေး ဆက်ဆံမှုနှင့် ဆုကြေးမူဝါဒများကို အသေးစိတ် မိတ်ဆက်ခဲ့သည်ဟု ထုတ်ပြန်သည်။

MNDAA အနေဖြင့် လက်နက်ချ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားများကို ရာထူးအဆင့်အလိုက်၊ လက်နက်ခဲယမ်းပါဝင်လာမှုအပေါ်မူတည်ပြီး တစ်ဦးချင်းစီအတွက် ကျပ် ၁၀ သိန်းမှ ၃၅ သိန်းအထိ ပေးမည်ဖြစ်ကြောင်း အသိပေးထားသည်။ ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချ အလင်းဝင်လာစေရန် စည်းရုံးနိုင်မှုအပေါ်မူတည်ပြီး ဆုငွေပေးမည်ဟုလည်း အသိပေးထားသည်။

MNDAA က လက်နက်ချသော စစ်သားများအတွက် အခြေခံ အသက်မွေးဝမ်းကြောင်း လုံခြုံမှုကိုသာမက ထိခိုက်ဒဏ်ရာရရှိသူများနှင့် ဖျားနာသော ဝန်ထမ်းများအား အချိန်မီ ဆေးဝါးကုသမှု ပေးခဲ့ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စဥ့်ကူးမြို့အား ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တ​လေး) ပူးပေါင်း သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ​မြစ် တဘက် ကမ်း ကျောက်မြောင်းမြို့ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ပစ်ခတ်ရာတွင် ပျူစောထီးရွာအချို့၌ လက်နက်ကြီးကျ၍ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

သတင်း

"မင်းကွန်းရွာက ၄လုံးလောက် အရှို့ခံရတယ်။ ရွာသစ်ပိုင်းလည်း အရှို့ခံရတယ်။ အိမ်ခြေ မသိရသေးဘူး။ ရှားရှောင်းရွာကတော့ အိမ်ခြေ ၂၈လုံးလောက်လို့ သိရတယ်။"ဟု Wetlet ingormational Network အဖွဲ့က ပြောသည်။

သတင်း

ဇူလိုင် ၂၀ရက်မှ ၂၂ရက်အတွင်း TNLA ၊ PDF(ကျောက်မဲခရိုင်) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ​၏ တပ်မ (၁၁)လက်အောက်ခံ ခလရ (၂၀၂၊ ၂၀၃)တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

သတင်း

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ကျောင်းနဲ့ တက္ကသိုလ် စုစုပေါင်း ၁၇၀ ကျော်လောက် စစ်ရေးအရ တိုက်ခိုက်မှုတွေ ကြုံတွေ့ခဲ့တယ်လို့ အစီရင်ခံစာ တစ်ရပ်က ဖော်ပြခဲ့ပါတယ်။