Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စေတီပုထိုးများရှိရာ မင်းကွန်းဒေသရှိ နေအိမ်များကို စစ်ကောင်စီ မီးရှို့

“မင်းကွန်းရွာက ၄လုံးလောက် အရှို့ခံရတယ်။ ရွာသစ်ပိုင်းလည်း အရှို့ခံရတယ်။ အိမ်ခြေ မသိရသေးဘူး။ ရှားရှောင်းရွာကတော့ အိမ်ခြေ ၂၈လုံးလောက်လို့ သိရတယ်။”ဟု Wetlet ingormational Network အဖွဲ့က ပြောသည်။

မင်းကွန်းဒေသရှိ မီးလောင်ပျက်စီးသွားသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Wetlet informational Network

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စေတီပုထိုးများရှိရာ မင်းကွန်းဒေသရှိ နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။

ဇူလိုင် ၂၃ ရက် နံနက်က မင်းကွန်းဒေသတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့အချို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့​သည်။

Public Service Announcement

Public Service Announcement

မင်းကွန်းဒေသရှိ မီးလောင်ပျက်စီးသွားသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ – Wetlet informational Network

ထို့နောက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က မင်းကွန်းရွာနှင့် ရှားစောင်းကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၃၀ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မင်းကွန်းရွာက ၄လုံးလောက် အရှို့ခံရတယ်။ ရွာသစ်ပိုင်းလည်း အရှို့ခံရတယ်။ အိမ်ခြေ မသိရသေးဘူး။ ရှားရှောင်းရွာကတော့ အိမ်ခြေ ၂၈လုံးလောက်လို့ သိရတယ်။”ဟု Wetlet ingormational Network အဖွဲ့က ပြောသည်။

ထို့အပြင် မြသိန်းတန်ဘုရားအနီးရှိ ဆိုင်ခန်းအချို့လည်း မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူအချို့လည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

မင်းကွန်းဒေသရှိ မီးလောင်ပျက်စီးသွားသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ – Wetlet informational Network

တိုက်ပွဲဖြစ်စဥ်နှင့်ပတ်သက်ပြီး ဒေသကာကွယ်ရေးအဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

မင်းကွန်းဒေသသည် စစ်ကိုင်းမြို့၏မြောက်ဘက် (၁၃)မိုင်ခန့်အကွာတွင် တည်ရှိပြီး မင်းကွန်းပုထိုးတော်ကြီး၊ ခေါင်းလောင်းကြီး၊ မြသိန်းတန်စေတီ အစရှိသည့် သမိုင်းဝင်ရှေးဟောင်းစေတီပုထိုးများစွာရှိသည့် ဒေသတစ်ခုဖြစ်သည်။

(မင်းကွန်းဒေသရှိ မီးလောင်ပျက်စီးသွားသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ – Wetlet ingormational Network)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ လူနေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ပစ်ခတ်ခံရသည့်နေရာသို့ အာရက္ခတပ်တော်(AA)တပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ကျန်းမာရေးစောင့်ရှောက်မှုများပေးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

သတင်း

စဥ့်ကူးမြို့အား ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တ​လေး) ပူးပေါင်း သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ​မြစ် တဘက် ကမ်း ကျောက်မြောင်းမြို့ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ပစ်ခတ်ရာတွင် ပျူစောထီးရွာအချို့၌ လက်နက်ကြီးကျ၍ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

သတင်း

ဖာပွန်မြို့အခြေချစစ်ဗျုဟာနဲ့ မိုင် ၃၀ ခန့်အကွာမှာရှိပြီး အင်အား ရာဂဏန်း ရှိတဲ့ ခေါပုတ်စခန်းကို KNU နဲ့ ပူးပေါင်းတပ်တွေက ပိတ်ဆို့ထားတာလို့သိရပါတယ် ။