Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောက်မဲနှင့် မိုးကုတ်တိုက်ပွဲ စစ်ကောင်စီအလောင်း ၇၀နှင့် လက်နက်မျိုးစုံ ၉၀ကျော် TNLA သိမ်းရ

ဇူလိုင် ၂၀ရက်မှ ၂၂ရက်အတွင်း TNLA ၊ PDF(ကျောက်မဲခရိုင်) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ​၏ တပ်မ (၁၁)လက်အောက်ခံ ခလရ (၂၀၂၊ ၂၀၃)တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

ကျောက်မဲနှင့် မိုးကုတ်တိုက်ပွဲအတွင်း သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - TNLA

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နှင့်မန္တလေးတိုင်း မိုးကုတ်မြို့နယ်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အရှင်ဖမ်းမိခဲ့ပြီး ရုပ်အလောင်းများ၊ လက်နက်ခဲယမ်းများရရှိခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က ယနေ့ သတင်းထုတ်ပြန်သည်။

ကျောက်မဲမြို့နယ်တွင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLAနှင့် စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများအား သိမ်းဆည်းရမိပြီး ရန်သူ့အလောင်း (၅၄)လောင်းနှင့် စစ်သုံ့ပန်း (၃၀)ဦး ဖမ်းဆီးရမိထားသည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၂၀ရက်မှ ၂၂ရက်အတွင်း TNLA ၊ PDF(ကျောက်မဲခရိုင်) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ​၏ တပ်မ (၁၁)လက်အောက်ခံ ခလရ (၂၀၂၊ ၂၀၃)တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

စစ်ကောင်စီတပ်ရှိသည့် နမ့်ဆီလင်းဘုန်းကြီးကျောင်း၊ အေးရှားဝေါတိုးဂိတ်အား တိုက်ခိုက် သိမ်းပိုက်ရာတွင် စစ်ကောင်စီ၏ လက်နက် MA1(၂၆)လက်၊ MA3(၁၆)လက်၊ MA4(၄)လက်၊ MA11(၁၂)လက်၊ MA2(၁၀)လက် ငကျည်းမီး (၁)လက်၊ 45MM (၂)လက် ၁၂၀ မမ(၁)လက်နှင့်အတူ စစ်အသုံးအဆောင်ပစ္စည်း (၈၀)ကျော် သိမ်းဆည်းရမိပြီး ရန်သူ့အလောင်းနှင့် စစ်သုံ့ပန်းတို့ပါ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

ထို့အပြင် မိုးကုတ်မြို့ နယ် တိုက်ပွဲများတွင်လည်း စစ်ကောင်စီတပ် သေဆုံးထိခိုက်မှု လက်နက်ခဲယမ်း သိမ်းပိုက်ရရှိမှုများရှိခဲ့သည်ဟု ဆိုသည်။

ကျောက်မဲနှင့် မိုးကုတ်တိုက်ပွဲအတွင်း သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ – TNLA

ယနေ့ (ဇူလိုင် ၂၃ရက်) ညနေပိုင်းတွင် မိုးကုတ်မြို့ ချမ်းသာကြီးရွာအတွင်း တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ထံမှ သေနတ် (၁)လက်၊ စစ်သုံ့ပန်း (၁၉)ဦး ဖမ်းဆီးရမိခဲ့ဟု အသိပေးသည်။

အလားတူ မစိုးရိမ်ကျောင်းတိုက်တွင်လည်း စစ်ကောင်စီထံမှ သေနတ်(၁၆)လက်၊ RPG (၁)လက်၊ ၆၀မမ(၁)လက်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ရုပ်အလောင်း (၁၆)လောင်း သိမ်းဆည်းရမိထားကြောင်း ထုတ်ပြန်သည်။

TNLA၏ ထုတ်ပြန်ချက်အရ ကျောက်မဲတိုက်ပွဲများတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၅၄လောင်း၊ မိုးကုတ်တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် အလောင်း ၁၆လောင်း ရရှိကာ စစ်သုံ့ပန်းဖမ်းမိအခြေအနေမှာလည်း ကျောက်မဲ တိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ဦး၊ မိုးကုတ်တိုက်ပွဲတွင် ၁၉ဦး စုစုပေါင်း ၅၀ဦး ရှိခဲ့သည်ဟုဆိုသည်။

ကျောက်မဲနှင့် မိုးကုတ်တိုက်ပွဲအတွင်း သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ – TNLA

မိုးကုတ်မြို့ ရတနာကြေးမုံကျောင်းနှင့် ကုလားကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အား တအာင်းတပ်မတော် TNLA ၊ PDF(ပကဖ)ပူးပေါင်းတပ်ဖွဲ့တို့ ထိုးစစ်ဆင်တိုက်ခိုက်ရာ နှစ်ဖက် တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း အသိပေးသည်။

ထို့အပြင် မိုးကုတ်မြို့ (အရှေ့ပိုင်း) ရဲစခန်းတွင် လည်း TNLA ၊ PDF မိုးကုတ်ဗျူဟာ ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ(၇၁၊ ၈၈)တို့ ယနေ့ နေ့လယ်က တိုက်ပွဲဖြစ်ခဲ့ကြောင်း ဖော်ပြသည်။

(ကျောက်မဲနှင့် မိုးကုတ်တိုက်ပွဲအတွင်း သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ – TNLA)

ဆက်စပ်သတင်းများ

သတင်း

စဥ့်ကူးမြို့အား ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တ​လေး) ပူးပေါင်း သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ​မြစ် တဘက် ကမ်း ကျောက်မြောင်းမြို့ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ပစ်ခတ်ရာတွင် ပျူစောထီးရွာအချို့၌ လက်နက်ကြီးကျ၍ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

သတင်း

"မင်းကွန်းရွာက ၄လုံးလောက် အရှို့ခံရတယ်။ ရွာသစ်ပိုင်းလည်း အရှို့ခံရတယ်။ အိမ်ခြေ မသိရသေးဘူး။ ရှားရှောင်းရွာကတော့ အိမ်ခြေ ၂၈လုံးလောက်လို့ သိရတယ်။"ဟု Wetlet ingormational Network အဖွဲ့က ပြောသည်။

သတင်း

လားရှိုးတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးကြီးဦးဆောင်ပြီးအရာရှိ စစ်သည် ၃၁၇ ဦး လက်နက်ချ အလင်းဝင်လာကြောင်း ကိုးကန့်တပ်မတော်(MNDAA)က ယနေ့ သတင်းထုတ်ပြန်သည်။

သတင်း

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ကျောင်းနဲ့ တက္ကသိုလ် စုစုပေါင်း ၁၇၀ ကျော်လောက် စစ်ရေးအရ တိုက်ခိုက်မှုတွေ ကြုံတွေ့ခဲ့တယ်လို့ အစီရင်ခံစာ တစ်ရပ်က ဖော်ပြခဲ့ပါတယ်။