Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ဦးဝင်းမြင့်သာလျှင် ငါတို့သမ္မတ” ဟူသောစာတမ်းချိတ်ဆွဲ၍ ရန်ကုန်၌ ဆန္ဒပြ

အဆိုပါ လှုပ်ရှားမှုကို ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်၊ ရွှေပြည်သာမြို့နယ်သပိတ် ကော်မတီ (SPTSC)နှင့် မျိုးဆက်သစ်လူငယ်သပိတ် ကော်မတီ(NGYSC)တို့ပူးပေါင်းပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ

သုည/People’s Spring

ရန်ကုန်မြို့ ခုံးကျော်တံတားတစ်ခုပေါ်တွင် ယနေ့ (ဇူလိုင် ၂၃) ညနေပိုင်းက တော်လှန်လူငယ်များ ဦးဆောင်ကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယာယီသမ္မတရာထူးယူခြင်းအပေါ် ကန့်ကွက်ရှုတ်ချသည့်အနေဖြင့် ” ဦးဝင်းမြင့်သာလျှင် ငါတို့သမ္မတ” ဟူသော ဘန်နာစာသား ချိတ်ဆွဲခဲ့သည်။

အဆိုပါ လှုပ်ရှားမှုကို ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်၊ ရွှေပြည်သာမြို့နယ်သပိတ် ကော်မတီ (SPTSC)နှင့် မျိုးဆက်သစ်လူငယ်သပိတ် ကော်မတီ(NGYSC)တို့ပူးပေါင်းပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ယနေ့နံနက်ကလည်း ရန်ကုန်မြို့ နေရာအချို့တွင် တော်လှန်ရေးမဟာမိတ်များ ပူးပေါင်းကာ ကိုဂျင်မီ(ခ)ကိုကျော်မင်းယု၊ ကိုဖြိုးဇေယျာသော်(ခ) မောင်ကျော်၊ ကိုလှမျိုးအောင်(ခ)ကိုမျိုး၊ ကိုသူရအောင် (ခ)ကိုဂတုံးတို့ လေးဦး မတရားကြိုးပေးသတ်ဖြတ်ခံရခြင်း (၂)နှစ်ပြည့် လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြသည်။

ဆက်စပ်သတင်းများ