Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင်လေးဦး ကြိုးပေးကွပ်မျက်ခံရမှု(၂)နှစ်ပြည့်အဖြစ် အရာတော်သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်သပိတ်စစ်ကြောင်းသည် ကို‌ဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ကိုအောင်သူရဇော်၊ကိုလှမျိုးအောင်တို့ လေးဦး ကြိုးပေးကွပ်မျက်ခံရမှု (၂)နှစ်ပြည့် ဝမ်းနည်းခြင်းအထိမ်းမှတ်အဖြစ် ယနေ့(ဇူလိုင်၂၃ရက်)တွင် ချီတက်ဆန္ဒပြခဲ့သည်။

ဓာတ်ပုံ - အရာတော်မြို့နယ်လူထုသပိတ်ဦးဆောင်ကော်မတီ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်သပိတ်စစ်ကြောင်းသည် ကို‌ဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ကိုအောင်သူရဇော်၊ကိုလှမျိုးအောင်တို့ လေးဦး ကြိုးပေးကွပ်မျက်ခံရမှု (၂)နှစ်ပြည့် ဝမ်းနည်းခြင်းအထိမ်းမှတ်အဖြစ် ယနေ့(ဇူလိုင်၂၃ရက်)တွင် ချီတက်ဆန္ဒပြခဲ့သည်။

ဓာတ်ပုံ – အရာတော်မြို့နယ်လူထုသပိတ်ဦးဆောင်ကော်မတီ

အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီမှ ဦးဆောင်၍ အရာတော်မြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(အရတပကဖ)တို့က ပူးပေါင်းဝန်းရံကာ စစ်ကောင်စီအထိုင်စခန်းနှင့်နီးစပ်သည့် အရာတော်-ရွှေဘို လမ်းပိုင်းတစ်နေရာတွင် ချီတက်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

“တရားတဲ့သူသာနိုင်ကြေးဟေ့”ဘန်နာစာတန်းကိုင်ဆွဲကာ “ငါတို့အားလုံးကိုဂျင်မီ၊ ငါတို့အားလုံးဖြိုးဇေယျာသော်၊ ငါတို့အားလုံးအောင်သူရဇော် ငါတို့အားလုံးလှမျိုးအောင်”စသည့်ကြွေးကြော်သံများဖြင့် ချီတက်သပိတ်မှောက်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

အဆိုပါ သပိတ်စစ်ကြောင်းအား ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ရဲဘော်များလည်း ပူးပေါင်းဝန်းရံခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

"ငါတို့အားလုံးကိုဂျင်မီ၊ ငါတို့အားလုံးဖြိုးဇေယျာသော်၊ ငါတို့အားလုံးအောင်သူရဇော်၊ ငါတို့အားလုံးလှမျိုးအောင်" စတဲ့ ကြွေးကြော်သံတွေနဲ့ ချီတက်သပိတ်မှောက်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့ နေရာအချို့တွင် တော်လှန်ရေးမဟာမိတ်များပူးပေါင်း၍ ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုသူရအောင်တို့ လေးဦး ကွပ်မျက်သတ်ဖြတ်ခံရခြင်း (၂)နှစ်ပြည့်အဖြစ် လှုပ်ရှားမှုကို ယနေ့ (ဇူလိုင် ၂၃) ပြုလုပ်ခဲ့ကြသည်။

သတင်း

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုဂျင်မီ၊ အဆိုတော် ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို စစ်ကောင်စီက ကြိုးပေးကွပ်မျက်မှု (၂)နှစ်ပြည့်အဖြစ် အမှတ်အသားပြုလုပ်ကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ယနေ့ ထုတ်ပြန်သည်။

သတင်း

ရပ်ကွက်အုပ်ချုပ်ရေးမှူး မျိုးညွန့်အောင်သည်ယနေ့(သြဂုတ် ၄ ရက်)နေ့လည် ၁၂ နာရီခန့်ကပိန္နဲကုန်းရပ်ကွက်၊ ရွာသစ်(၄) လမ်း၌ သေနတ်ဖြင့် လေးချက်ထက်မနည်း ပစ်ခတ်ခံရခြင်းဟု ဆိုသည်။