Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖာပွန်မြို့အနီးက စစ်ဗျုဟာဆီ စစ်ကူပို့မယ့် စစ်တပ်စခန်းကို KNU ပိတ်ဆို့ထား

ဖာပွန်မြို့အခြေချစစ်ဗျုဟာနဲ့ မိုင် ၃၀ ခန့်အကွာမှာရှိပြီး အင်အား ရာဂဏန်း ရှိတဲ့ ခေါပုတ်စခန်းကို KNU နဲ့ ပူးပေါင်းတပ်တွေက ပိတ်ဆို့ထားတာလို့သိရပါတယ် ။

နိုင်ပကောင်း /People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်ထားတဲ့ ဖာပွန်မြို့ အနီးကစစ်ဗျုဟာ ဆီ စစ်ကူပို့ ဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီတပ်စခန်းကို KNU တပ်မဟာ (၅) နဲ့ ပူးပေါင်းတပ်တွေကဝန်းရံပိတ်ဆို့ထား တယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက ပြောပါတယ်။

ဖာပွန်မြို့အခြေချစစ်ဗျုဟာနဲ့ မိုင် ၃၀ ခန့်အကွာမှာရှိပြီး အင်အား ရာဂဏန်း ရှိတဲ့ ခေါပုတ်စခန်းကို KNU နဲ့ ပူးပေါင်းတပ်တွေက ပိတ်ဆို့ထားတာလို့သိရပါတယ် ။

Public Service Announcement

Public Service Announcement

“ ခုထိ သူတို့စခန်းကနေ ထွက်လို့မရသေးဘူး၊ အပြင်ကနေ ပိတ်ဆို့ခံထားရလို့နော်” လို့ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်း KNU တပ်မဟာ( ၅) နယ် မြေ ဖာပွန်ခရိုင် ထဲက ထိုင်း – မြန်မာ နယ်စပ်အနီးမှာရှိတဲ့
ပါဟက်၊ ကဟီးကျိုး၊ လယ်တိုး၊ ကျောက်ညှက်(၀လူ)၊ မော်ဖိုးကျိုး စတဲ့ တပ်စခန်းတွေက နေ ဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေဟာ ခေါပုတ် တပ်စခန်းမှာ စုစည်းခဲ့ကြတာပါ။

အင်အားရာဂဏန်း ခန့် စုမိတဲ့အခါ ဖာပွန်မြို့အနီး ပိတ်ဆို့ခံထားရတဲ့ ဖာပွန်ဗျုဟာ ဆီ စစ်ကူပို့ ဖို့ ကြိုးပမ်းနေတာလို့ သိရပါတယ်။

ဒါပေမယ့် KNU နဲ့ ပူးပေါင်းတပ်တွေရဲ့ ပိတ်ဆို့မှုကြောင့် စခန်းပြင်ထွက်မရသလို ဖာပွန်ဗျုဟာ ကို လည်း ဝန်းရံထားတယ်လို့KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ဆိုပါတယ်။

“ဖာပွန်ဗျူဟာစခန်းလည်း တော်လှန်ရေးတပ်ဘက်က ၀ိုင်းရံပိတ်ဆို့နေတုန်းပဲ၊ တိုက်သိမ်းတာတော့ မရှိသေးဘူး၊ စကစတပ်ဘက်ကလည်း တောင့်ခံတုန်းပဲ” လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက ဆိုပါတယ်။

ဖာပွန်စစ်ဗျုဟာကို ဝန်းရံပိတ်ဆို့ထားချိန်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ ဝင်တွေကမမောင်းဘက်က နေဖာပွန်ဆီ စစ်ကူတက်လာတယ်ဆိုတဲ့ သတင်းကိုလည်းကြားရ ကြောင်း ဗိုလ်မှူးကြီးစောကလယ်ဒိုရဲ့ ပြောပြချက်အရသိရပါတယ်။

ပြီးခဲ့တဲ့ မတ်လပိုင်းကစတင်ပြီး ဖာပွန်မြို့ ကို KNU တပ်မဟာ (၅) ကထိန်းချုပ်လိုက်ပြီး မြို့အနီးက စစ်ကောင်စီရဲ့ အခြေချစစ်ဗျုဟာ ၊ ခြေလျင်နဲ့ ခြေမြန်တပ်ရင်းတွေကို တိုက်ခိုက်ရာမှာ တပ်ရင်း ဌာနချုပ် ၃ ခုကို သိမ်းယူနိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ ဖာပွန်အခြေချ စစ်ဗျုဟာ ၊ စစ်ဗျုဟာနဲ့ ကပ်လျက်မှာ ရှိတဲ့ အမှတ် (၃၄၀) ခြေမြန်တပ်ရင်း၊ အမှတ် (၃၄၁) ခြေမြန်တပ်ရင်း တို့ ကျန်ရှိနေပါတယ်။

ဖာပွန်က လက်ကျန် တပ်စခန်းတွေ လက်မလွတ်ရဖို့ စစ်ကောင်စီဟာ လေကြောင်းကနေ မကြာခဏဆိုသလို ပစ်ကူပေးတိုက်ခိုက်နေတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ လူနေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ပစ်ခတ်ခံရသည့်နေရာသို့ အာရက္ခတပ်တော်(AA)တပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ကျန်းမာရေးစောင့်ရှောက်မှုများပေးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

သတင်း

စဥ့်ကူးမြို့အား ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တ​လေး) ပူးပေါင်း သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ​မြစ် တဘက် ကမ်း ကျောက်မြောင်းမြို့ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ပစ်ခတ်ရာတွင် ပျူစောထီးရွာအချို့၌ လက်နက်ကြီးကျ၍ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

သတင်း

"မင်းကွန်းရွာက ၄လုံးလောက် အရှို့ခံရတယ်။ ရွာသစ်ပိုင်းလည်း အရှို့ခံရတယ်။ အိမ်ခြေ မသိရသေးဘူး။ ရှားရှောင်းရွာကတော့ အိမ်ခြေ ၂၈လုံးလောက်လို့ သိရတယ်။"ဟု Wetlet ingormational Network အဖွဲ့က ပြောသည်။