Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

မြန်မာ့နိုင်ငံရေး အကျပ်အတည်းအတွက် ဦးဆောင်ညှိနှိုင်းပေးလိုဆဲလို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဆို

၅၇ ကြိမ်မြောက် အာဆီယံ ဝန်ကြီးများအဆင့် ညီလာခံကို ဇူလိုင် ၂၃ ရက်ကနေ ၂၇ ရက်နေ့ ဗီယန်ကျင်းမြို့မှာ ကျင်းပပြီး မြန်မာ့ နိုင်ငံရေး အကျပ်အတည်းဟာ အဓိက အာရုံအစိုက်ရဆုံး အကြောင်းအရာတစ်ခု ဖြစ်ခဲ့ပါတယ်။

မြန်မာ့ နိုင်ငံရေး အကျပ်အတည်းတွေကို ကူညီဖြေရှင်းဖို့ အာရုံစိုက်မှုကို လျှော့ချမှာ မဟုတ်ကြောင်း ထိုင်းအစိုးရက ထပ်လောင်း ကတိပြုခဲ့ပါတယ်။

ဇူလိုင် ၂၆ ရက်နေ့က လာအိုနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ ဝန်ကြီးများအဆင့် ညီလာခံမှာ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး မာရစ် ဆန်ဂီယမ်ပွန်ဆာက အခုလို အခိုင်အမာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ နိုင်ငံဟာ မြန်မာ့ နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွှယ်တဲ့ အစုအဖွဲ့တွေ အားလုံးနဲ့ ဆက်သွယ်ပြီး အပြုသဘောဆန်တဲ့ ဆွေးနွေးမှုတွေ အကောင်အထည် ဖော်နိုင်ရေး စဉ်ဆက်မပြတ် အားထုတ်ပေးနေမယ်လို့ မာရစ်က ဆိုပါတယ်။

၅၇ ကြိမ်မြောက် အာဆီယံ ဝန်ကြီးများအဆင့် ညီလာခံကို ဇူလိုင် ၂၃ ရက်ကနေ ၂၇ ရက်နေ့ ဗီယန်ကျင်းမြို့မှာ ကျင်းပပြီး မြန်မာ့ နိုင်ငံရေး အကျပ်အတည်းဟာ အဓိက အာရုံအစိုက်ရဆုံး အကြောင်းအရာတစ်ခု ဖြစ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မာရစ်က ထိုင်းနိုင်ငံဟာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ကွဲပြားတဲ့ အင်အားစုတွေကြား ပွင့်လင်းပြီး အပြုသဘောဆန်တဲ့ ဆွေးနွေးပွဲတွေ ဖော်ဆောင်နိုင်ရေးကို ဦးဆောင်ဦးရွက် နေရာကနေ ပါဝင်ညှိနှိုင်းပေးလိုကြောင်း အာဆီယံ ဝန်ကြီးတွေ ရှေ့မှောက်မှာ အဆိုပြုခဲ့တယ်လို့လည်း ပြောကြားသွားပါတယ်။

မြန်မာ့အရေး ဆွေးနွေးမှုတွေမှာ အစုအဖွဲ့ပေါင်းစုံ ပါဝင်ဖို့ လိုအပ်ကြောင်း၊ အထူးသဖြင့် ထိုင်းနဲ့ထိစပ်နေရာ နယ်ခြားဒေသတွေမှာ အခြေစိုက်တဲ့ မြန်မာ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ ပြီးတော့ မြန်မာ့အရေးအတွက် အာဆီယံက ခန့်အပ်ထားတဲ့ အထူးကိုယ်စားလှယ်တို့ပါ ပါဝင်ကြရမှာဖြစ်ကြောင်း သူက ဆိုပါတယ်။

အာဆီယံ နိုင်ငံတွေကလည်း ထိုင်းရဲ့ အားထုတ်လိုမှုကို အသိအမှတ်ပြုပြီး အားပေးဝန်းရံ ထောက်ခံခဲ့တယ်လို့ မာရစ်က ဆက်ပြောပါတယ်။ ထိုင်းဟာ မြန်မာနိုင်ငံက အင်အားစု အသီးသီးကြား ဆွေးနွေး ညှိနှိုင်းမှုတွေ စတင်နိုင်အောင် ပေါင်းကူးပေးဖို့ အားထုတ်မှာ ဖြစ်ပေမယ့် မြန်မာ့ ပြည်တွင်းရေးကို ဝင်စွက်ဖက်ဖို့တော့ လုံးဝ စိတ်ကူးမရှိဘူးလို့လည်း ဝန်ကြီးက အခိုင်အမာ ကတိပြုသွားပါတယ်။

တကယ်လို့ ထိုင်းရဲ့ ကြားဝင် စေ့စပ်ပေးမှုကြောင့် မြန်မာနိုင်ငံမှာ ဆွေးနွေးမှု လမ်းစတွေ ပေါ်ပေါက်လာမယ်ဆိုရင် ပါဝင်ကူညီဖို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီကလည်း စိတ်ဝင်စားမှု ပြသခဲ့တယ်လို့ မာရစ်က ဆိုပါတယ်။

သူကလည်း ထိုင်းရဲ့ ကြားဝင် စေ့စပ်ပေးမှုနဲ့ဆိုရင် မြန်မာ့အရေးအတွက် အပြုသဘောဆန်ပြီး လက်တွေ့ကျတဲ့ ရလဒ်မျိုးတွေဆီ ဦးတည်သွားအောင် ကြိုးစားပေးနိုင်မယ်လို့ ယုံကြည်ချက် ရှိတဲ့အကြောင်း မာဆူဒီဆီ အသိပေးခဲ့တယ်လို့ မာရစ်က ပြောကြားသွားပါတယ်။

မြန်မာ့ပြည်တွင်းရေးနဲ့ ဆက်စပ်တဲ့ အစုအဖွဲ့ အများအပြားကို ဆွေးနွေးပွဲ စကားဝိုင်းဆီ ခေါ်ဆောင်လာနိုင်မယ်ဆိုရင် မြန်မာဟာ အာဆီယံရဲ့ ဖယ်ကြည်ခြင်းကို ခံထားရတယ်လို့ ခံစားရစေမှာ မဟုတ်တော့ဘူးလို့ မာရစ်က မှတ်ချက်ပေးသွားပါတယ်။

မြန်မာဖက်ကလည်း ပြည်တွင်းရေး ပြဿနာတွေကြောင့် အိမ်နီးချင်း နိုင်ငံတွေအပေါ်မှာပါ ရိုက်ခတ်မှုတွေ ဖြစ်ပေါ်စေတယ် ဆိုတာကို နားလည်ဖို့လိုကြောင်း၊ အဲဒီ အခြေအနေတွေကို အကြောင်းပြုပြီး အဆုံးသတ်မှာတော့ အကောင်းဆုံး ဖြေရှင်းမှု တစ်ခု ရရှိနိုင်တဲ့ထိ ဆွေးနွေးမှုတွေ ချဲ့ထွင်သွားနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း မာရစ်က ပြောကြားသွားပါတယ်။

ကိုးကား: Bangkok Post⁩

ဆက်စပ်သတင်းများ

သတင်း

မြန်မာလင်မယားနှစ်ဦးဟာ လူသတ်မှု ကျူးလွန်ပြီးတဲ့နောက် ထိုင်းရဲစခန်း တစ်ခုမှာ တရားမဝင် နယ်စပ်ဖြတ်ကျော်သူတွေ အဖြစ်နဲ့ သွားရောက် အဖမ်းခံရင်း မြန်မာဖက် ပြန် သွားခဲ့တယ်လို့ ထိုင်းရဲတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်း မြန်မာ စစ်ကောင်စီအတွက် ထိုင်းဘဏ်တွေက အကူအညီ ဖြစ်စေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရဟာ ပြည်တွင်းဘဏ်တွေနဲ့ အလေးအနက် ဆွေးနွေးဖို့ စီစဉ်နေပါတယ်။

သတင်း

ရဲတွေဟာ လိမ်လည်မှုနဲ့ ပတ်သက်တဲ့ နောက်ထပ် ကြံရာပါတွေ ရှိသေးသလား ဆိုတာကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

သီရာဒက်က အခုဖြစ်စဉ်ကို လူသတ်မှုလို့ တပ်အပ် မစွပ်စွဲသေးပေမယ့် တစ်ယောက်ယောက်က အဲဒီလူစုကို အန္တရာယ်ဖြစ်စေဖို့၊ ဒါမှမဟုတ် သေစေဖို့ ကြံစည် အားထုတ်တာမျိုး ရှိခဲ့နိုင်တယ်လို့ သံသယ ဖြစ်စရာတွေ တွေ့ထားကြောင်း မှတ်ချက်ပေးသွားပါတယ်။