Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စဉ့်ကူးမြို့နယ် ပျူစောထီးရွာစခန်းသိမ်းတိုက်ပွဲကျဆုံးခဲ့သည့် PDF ရဲဘော်နှစ်ဦးနာရေးပြုလုပ်

ရွာသာယာပျူစောထီးရွာစခန်းသိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ရွှေဘိုခရိုင်မှ ရဲဘော် ဗိုလ်ခန့်နှင့် မန္တလေးခရိုင်မှ ရဲဘော်ဇင်ကြီးတို့အား ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ကြောင်း ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ရွာသာယာရွာပျူစခန်းသိမ်းတိုက်ပွဲ၌ ကျဆုံးခဲ့သော ရဲဘော်တစ်ဦး၏ နာရေးအား ပြုလုပ်နေစဥ်။ ဓာတ်ပုံ-ကင်းထောက်မြေပြင်သတင်းမှန် ပြန်ကြားရေး

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ် ရွာသာယာပျူစောထီးကျေးရွာစခန်းသိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် မန္တေလးခရိုင်သင်တန်းမှူးအပါအဝင် PDF ရဲဘော်နှစ်ဦး၏ နာရေးအခမ်းအနားအား ဇူလိုင် ၂၆ရက်က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ရွာသာယာပျူစောထီးရွာစခန်းသိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ရွှေဘိုခရိုင်မှ ရဲဘော် ဗိုလ်ခန့်နှင့် မန္တလေးခရိုင်မှ ရဲဘော်ဇင်ကြီးတို့အား ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ကြောင်း ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

“ရွှေဘိုခရိုင် တပ်ရင်း(၆)က တစ်ဦး၊ ခရိုင်သင်တန်းမှူးတစ်ဦးကျတာ။”ဟု ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ရွာသာယာရွာပျူစခန်းကို ဒေသကာကွယ်ရေးအဖွဲ့များက ဇူလိုင်၂၄ရက် နံနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

အရှင်ဖမ်း​ဆီးရမိသူများလည်းရှိပြီး စစ်ဗိုလ် အပါအဝင် ပျူစောထီး ၃၀ခန့် စစ်ကိုင်းတိုင်း၊ ရှိမ်းမကားရွာဘက် ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

နမ့်ဖက်ကာတွင် KIAက ရဲစခန်းဖွင့်၊ ဆွမ်ပရာဘွမ်မြို့နယ်အား KIOအုပ်ချုပ်မည်ဟု ဒေသခံများကို ရှင်းပြ

သတင်း

အောင်ချမ်းသာ စစ်ကောင်စီတပ်စခန်းကို PDFများကထိုးစစ်ဆင် တိုက်ခိုက်စဥ် လချီပိတ်ထားသော ကလေးဝ- မဟာမြိုင်လမ်းကို စခန်းသိမ်းပြီးဖြစ်၍ မနက်ဖြန်မှစ၍ ပြန်လည်သွားလာခွင့်ပြုမည်ဟု သတင်းရရှိသည်။

သတင်း

​အင်ကြင်း/People’s Spring မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများ​၏ နေအိမ်များအား PDFက ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၂၅ရက်) ည ၁၁နာရီခွဲခန့်က ပုသိမ်ကြီးမြို့နယ် ၊ ကင်မွန်ချောင်ကျေးရွာမှ ပျူစောထီးမြတ်နိုးဆိုသူအား ဝင်ရောက်ရှင်းလင်းခဲ့ပြီး ဓါးရှည် တစ်လက် ၊ ဂတ်စ်သေနတ်...

သတင်း

မိုးဗြဲရေကာကာမှရေများလွတ်လိုက်၍ ဆည်အောက်ဘက်ရှိ မိုးဗြဲမြို့ ရပ်ကွက်အချို့နှင့် လယ်ကွက်ထဲတွင် စစ်ဘေးရှောင်ရင်း လယ်ယာလုပ်ကိုင်စာသောက်နေကြသော စစ်ဘေးရှောင်ပြည်သူအချို့မှာ လယ်ယာ၊ တဲ၊ ငါးကန် များနှစ်မြုပ်ခဲ့ရာ စစ်ဘေးရှောင်များ ထောင်ချီ ဘေးလွတ်ရာနေရာများသို့ အရေးပေါ်ထပ်မံပြောင်းရွှေ့နေရ ကြောင်း မိုးဗြဲ PDF ကထုတ်ပြန်သည်။