Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းစိန်ထောင်၌ စစ်ခေါင်းဆောင်မွေးနေ့ကျွေးသည့်အစားအစာကြောင့် အကျဥ်းသား ၁၅၀ကျော် ဝမ်းပျက်၊ဝမ်းလျှောဖြစ်

အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်း၌ ဇူလိုင် ၃ရက်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်မွေးနေ့အဖြစ် အင်းစိန်ထောင်ပိုင်ဇော်လင်းအောင်နှင့် ထောင်အာဏာပိုင်များမှ ကြက်သားနှင့်ပဲဟင်း ကျွေးခဲ့ကြောင်း၊ အိမ်မှပို့သည့် အစားအသောက်များကိုပင် စားသုံးခွင့်မပြုဟု ထောင်တွင်းအမိန့်ထုတ်ပြန်ခဲ့ကြောင်း PPNMက ထုတ်ပြန်သည်။

အင်းစိန်ဗဟိုအကျဥ်းထောင်အား တွေ့ရစဥ်။ ဓာတ်ပုံ - CJ

​ဇေအောင်/People’s Spring

အင်းစိန်ဗဟိုအကျဉ်းထောင်တွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်မွေးနေ့က ကျွေးသည့် အစားအသောက်များကြောင့် နိုင်ငံရေးအကျဉ်းသားများအပါအဝင်အကျဥ်းသား ၁၅၀ကျော် ဝမ်းပျက်၊ဝမ်းလျှောဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ယနေ့(ဇူလိုင် ၂၇ရက်) အသိပေးသည်။

အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်း၌ ဇူလိုင် ၃ရက်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်မွေးနေ့အဖြစ် အင်းစိန်ထောင်ပိုင်ဇော်လင်းအောင်နှင့် ထောင်အာဏာပိုင်များမှ ကြက်သားနှင့်ပဲဟင်း ကျွေးခဲ့ကြောင်း၊ အိမ်မှပို့သည့် အစားအသောက်များကိုပင် စားသုံးခွင့်မပြုဟု ထောင်တွင်းအမိန့်ထုတ်ပြန်ခဲ့ကြောင်း PPNMက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

၎င်းတို့ကျွေးသည့် ပဲဟင်းနှင့်ကြက်သားမှာ လက်ဆက်ခြင်းမရှိဘဲ သိုးနံ့ထွက်နေ၍ အကျဉ်းထောင်ရှိ အကျဉ်းဦးစီးဝန်ထမ်းများကို နိုင်ငံရေးအကျဉ်းသားများမှ တင်ပြပြောဆိုခဲ့သော်လည်း လက်မခံဘဲထောင်မှကျွေးသည့် အစားအသောက်ကိုသာ စားသောက်ရမည်ဟု ပြောဆိုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ကြောင့် အဆိုပါနေ့တွင် အင်းစိန်ဗဟိုအကျဥ်းထောင်အတွင်း မတရားအကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူများအပါအဝင် အခြားအကျဉ်းသား၊အကျဉ်းသူများသည် ထောင်မှကျွေးသည့် ပဲဟင်းနှင့်ကြက်သားဟင်းများကို စားသောက်ခဲ့ရကြောင်း PPNMက ဆိုသည်။

အဆိုပါ ပဲဟင်းအသိုးများကို ဖိအားပေး၍ စားသောက်ခဲ့ရသူ အကျဉ်းသား၊ အကျဥ်းသူများသည် ဇူလိုင် ၄ရက်မှစ၍ ဝမ်းပျက်၊ဝမ်းလျှော စတင်ဖြစ်ပွားခဲ့ကြောင်း PPNMက အသိပေးသည်။

ထို့အပြင် လုံလောက်သည့် ဆေးဝါးများမပေးခဲ့၍ ဇူလိုင် ၂၀ရက်အထိ နေ့စဉ် အကျဉ်းသား ငါးဦးမှ ၁၀ဦး အထိ ကူးဆက်ရောဂါခံစားခဲ့ရပြီး ဝမ်းပျက်ဝမ်းလျောရောဂါခံစားရသူ အနည်းဆုံး ၁၅၀ခန့် ရှိခဲ့ကြောင်း PPNMက ထုတ်ပြန်သည်။

အဆိုပါ ဖြစ်စဥ်သတင်းကို အင်းစိန်ထောင်အာဏာပိုင်များမှ ဖုံးဖိထားပြီး မိသားစုဝင်များပို့သည့် အစားအသောက်များကြောင့် ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်သယောင် ပြောဆို၍ မိသားစုပို့သည့်ထောင်ဝင်စာများကို ကန့်သတ်နေကြောင်း သတင်းရရှိသည်။

“ဆေးရုံတက်နေရသူတွေတော့ ရှိသေးတယ်။ နောက်ဆက်တွဲဒဏ်ကိုတော့ ၃၀ ကျော်လောက်ဆက်ပြီး ခံစားနေရဆဲဖြစ်တယ်လို့ သိရှိထားရပါတယ်။”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

ရန်ကုန်မြို့တွင် အကျဥ်းထောင်ပြင်ပရှိ သာကေတ၊ ရွှေပြည်သာ၊ သင်္ဃန်းကျွန်း၊ ဒေါပုံ၊ ဒဂုံဆိပ်ကမ်းအစရှိသည့်မြို့နယ်များတွင်လည်း ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

(အင်းစိန်ဗဟိုအကျဥ်းထောင်အား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ