Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးကုတ်ဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းများ ထုတ်ပြန်

ဇူလိုင် ၂၄ ရက် ညနေ ၃နာရီ မိနစ် ၄၀ခန့်က မိုးကုတ်ဗျူဟာကုန်းစခန်းအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြင်တွေ့ရသည့်အခြေအနေ မှတ်တမ်းဓာတ်ပုံများအား မိုးကုတ်ဗျူဟာက ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ဓာတ်ပုံ - မိုးကုတ်ဗျူဟာ

ဇေအောင်/People’s Spring

မိုးကုတ်ဗျူဟာကုန်းစခန်းအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ရိုက်ကူးထားသည့် မှတ်တမ်းဓာတ်ပုံများအား မိုးကုတ်ဗျူဟာက အသိပေးထုတ်ပြန်သည်။

ဇူလိုင် ၂၄ ရက် ညနေ ၃နာရီ မိနစ် ၄၀ခန့်က မိုးကုတ်ဗျူဟာကုန်းစခန်းအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြင်တွေ့ရသည့်အခြေအနေ မှတ်တမ်းဓာတ်ပုံများအား မိုးကုတ်ဗျူဟာက ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ သိမ်းဆည်းရမိသော ခဲယမ်းများကိုလည်း ဓာတ်ပုံမှတ်တမ်းတွင် တွေ့ရသည်။

Public Service Announcement

Public Service Announcement

မိုးကုတ်မြို့အား ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ဦးဆောင်သော မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဇူလိုင် ၂၄ရက် ညနေ ၅နာရီတွင် အပြီးသတ် သိမ်းယူနိုင်ခဲ့သည်။

အာဏာသိမ်းစစ်တပ်၏ လပခလက်အောက်ခံ ခလရ – ၇၈၊ ခလရ – ၈၈နှင့် ခလရ-၁၄၈ တပ်ရင်းများစခန်းချထားသည့် မိုးကုတ်မြို့သိမ်းတိုက်ပွဲမှ စစ်သုံ့ပန်း ၃၀ကျော်ကို ဖမ်းဆီးရမိထားကြောင်း၊ ထို့အပြင် အတွဲလိုက်ပစ်ဒုံး လက်နက်ကြီးများအပါအဝင် လက်နက်မျိုးစုံ ၇၃လက် ၊ ၁၂၀ မမ ၂လက် ၊ ၆၀ မမ ၁၁လက် ၊ ၈၁ မမ ၁လက် ၊ ငါးကြင်းမှီး ၃လက် ၊ ပွိုင့်ဖိုက် ၁လက် ၊ RPG ၂လက်နှင့် တခြားခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း TNLAက အသိပေးထားသည်။

မိုးကုတ်စစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ ဒရုန်းတပ်ဖွဲ့သည် မဟာမိတ်များနှင့် ဟန်ချက်ညီညီ လက်တွဲ၍ စစ်ဆင်ရေးများကို ဖော်ဆောင်ခဲ့နိုင်ခဲ့သည်ဟု မန္တလေး PDFက အသိပေးထားသည်။

မိုးကုတ်မြို့သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ပါဝင်ဆင်နွှဲနေသော စစ်ဆင်ရေးများတွင် တတိယမြောက် သိမ်းယူနိုင်ခဲ့သော မြို့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အဆိုပါ မြို့များရှိ စစ်ကောင်စီတပ်စခန်းများကို ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) စတင်သည့် ဇွန်လ ၂၅ရက်ကစ၍ TNLA မဟာမိတ်တပ်များက တိုက်ခိုက်နေခြင်းဖြစ်ပြီး စခန်းအများစုကို သိမ်းပိုက်ထားနိုင်ပြီးဖြစ်သည်။

သတင်း

လက်ရှိ စစ်ရေးအခြေအနေများအရ စစ်ကောင်စီက အရပ်သားပစ်မှတ်ထား တိုက်ခိုက်မှုတိုးမြှင့်လုပ်လာနိုင်ဟု သတိပေး

သတင်း

စစ်အာဏာရှင် အပြီးတိုင်ချေမှုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် ကြိုးပမ်းနေစဉ် ကြီးမားသည့် ဆုံးရှုံးမှုဟု ဖော်ပြ

သတင်း

၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) ၃၁ ရက်မြောက်ဖြစ်သည့် ဇူလိုင် ၂၅ စစ်ရေးအခြေအနေကို TNLAက အသိပေးထုတ်ပြန်ခြင်းဖြစ်သည်။