Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNU ဒုဥက္ကဋ္ဌဟောင်းကွယ်လွန်မှု ကရင်နီ KNPP နှင့် ပအိုဝ်း PNFC ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

နော်စီဖိုးရာစိန်သည် ကရင့်တော်လှန်ရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဘ၀တစ်သက်တာလုံး အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့သူဖြစ်သည်ဟု PNFC၏ သဝဏ်လွှာ၌ ဖော်ပြသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒုဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန်​၏ နာရေးအခမ်းအနားပြုလုပ်နေစဉ်။ ဓာတ်ပုံ - Naw K Nyaw Paw/FB

ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒုဥက္ကဋ္ဌဟောင်း ပဒိုနော်စီဖိုးရာစိန် ကွယ်လွန်မှုအပေါ် ဝမ်းနည်းကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နှင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)က သဝဏ်လွှာပေးပို့သည်။

နော်စီဖိုးရာစိန်သည် ဇူလိုင် ၂၄ရက်တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

နော်စီဖိုးရာစိန်သည် ကရင့်တော်လှန်ရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဘ၀တစ်သက်တာလုံး အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့သူဖြစ်သည်ဟု PNFC၏ သဝဏ်လွှာ၌ ဖော်ပြသည်။

မျိုးဆက်သစ်ခေါင်းဆောင်များ စံထားအပ်သည့် ပဒိုနော်စီဖိုးရာစိန်၏ မေတ္တာ ၊ သစ္စာ၊ စေတနာ နှင့် အနစ်နာခံပေးဆပ်စွန့်လွှတ် ကြိုးပမ်းအားထုတ်ခဲ့မှုများကို အစဉ်အမြဲ အောက်မေ့ သတိရလျက် သဝဏ်လွှာကို ဝမ်းနည်းစွာ ပေးပို့လိုက်ကြောင်း ရေးသားထားသည်။

KNU ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့် ပဒိုနော်စီဖိုးရာစိန်၏ ဖခင်ဖြစ်သူ ဗိုလ်ချုပ်ကြီး စောတာမလာဘောသည်လည်း ကရင့်အရေး နှင့် ပြည်ထောင်စုအရေး နှစ်ရပ်စလုံးတွင် ဦးထိပ်ထား၍ ဦးဆောင်ဦးရွက်ပြုခဲ့သူဖြစ်သည် ဟုလည်း PNFCက ဖော်ပြသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ကလည်း KNU ဒုဥက္ကဋ္ဌဟောင်း ကွယ်လွန်မှုအပေါ် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ရာ ကရင်အမျိုးသားနှင့် မြန်မာတစ်နိုင်ငံလုံးအတွက် စစ်မှန်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွင် ပဒိုနော်စီဖိုးရာစိန်၏ တည်ကြည်သော ဦးဆောင်မှုနှင့် ခိုင်မာသော ရပ်တည်ချက် ကို အမြဲတမ်း အမှတ်ရနေမည်ဟု ဖော်ပြသည်။

ပဒိုနော်စီဖိုးရာစိန်အား ဆုံးရှုံးရသည့်အတွက် အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရေးတို့တွင် KNPPနှင့် လက်တွဲဆောင်ရွက်နေသည့် KNUနှင့်အတူ နှမြောတသ ဝမ်းနည်းကြောင်း သဝဏ်လွှာ၌ ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင် အပြီးတိုင်ချေမှုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် ကြိုးပမ်းနေစဉ် ကြီးမားသည့် ဆုံးရှုံးမှုဟု ဖော်ပြ

Fact-Check

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ထဲ ဇူလိုင်လ ၁၉ ရက် မနက်ပိုင်းက တိုက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်မှုအတွင်း KNU တပ်မဟာ (၆) ကွပ်ကဲမှုအောက်က Lion Battalion- ကွန်မန်ဒိုစစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ဗိုလ်အယ်လ်စေးဝါး သေဆုံးသွားတယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ဖော်ပြပါတယ်။

သတင်း

စစ်အုပ်စုအာဏာသိမ်းမှုကြောင့် NCA ပျက်ပြယ်ကြောင်း ဦးစွာထုတ်ဖော်ပြောဆိုခဲ့သည့် အမျိုးသမီးခေါင်းဆောင်ဟု NUG ဝမ်းနည်းကြောင်းသဝဏ်လွှာ၌ဖော်ပြ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒုတိယဥက္ကဋ္ဌဟောင်း ပဒိုနော်စီဖိုးရာစိန် ယနေ့ (ဇူလိုင် ၂၄ရက်)တွင် ကွယ်လွန်သွားသည့်အပေါ် အထူးဝမ်းနည်း နှမြောတသဖြစ်ရကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။