Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောက်မဲနှင့် မိုးမိတ်မြို့တို့၌ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဟု TNLA ထုတ်ပြန်

မိုးကုတ်မြို့နယ်မြေရှင်းလင်းစဥ် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးကို သုံ့ပန်းအဖြစ် ဖမ်းမိ

People’s Spring

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲနှင့် မိုးမိတ်မြို့တို့၌ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး မိုးကုတ်မြို့နယ်မြေရှင်းလင်းစဥ် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးကို သုံ့ပန်းအဖြစ် ဖမ်းမိခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)၊ ယနေ့ (၃၄)ရက်မြောက်နေ့တွင် ကျောက်မဲမြို့နှင့် မိုးမိတ်မြို့၌ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး မိုးကုတ်မြို့နယ်တွင် နယ်မြေဆက်လက်ရှင်းလင်းရာ စစ်ကောင်စီတပ်၏ လက်နက်အချို့ သိမ်းဆည်းရပြီး စစ်သုံ့ပန်း (၂)ဦး ဖမ်းဆီးရမိကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

မိုးမိတ်မြို့ ဗျူဟာကုန်း၌ TNLA နှင့် စစ်ကောင်စီတပ် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၂၁) လက်အောက်ခံ ခလရ (၃၄၈)တို့ ယနေ့ နံနက်ပိုင်းတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီထံ လက်နက် (၄) လက် သိမ်းဆည်းရမိခဲ့ပြီး ညနေပိုင်းတွင်လည်း မိုးမိတ်မြို့ စကခ (၂၁)လက်အောက်ခံ ခလရ (၂၇၆)တပ်ရင်းတို့နှင့်လည်းကောင်း၊ ညောင်ပင်ဆောက်စခန်းရှိ စကခ(၂၁)လက်အောက်ခံ ခလရ(၂၂၃)တို့နှင့်လည်းကောင်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အလားတူ ကျောက်မဲမြို့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၁) လက်အောက်ခံ ခမရ (၅၀၁၊ ၅၀၂)တပ်ရင်းတို့နှင့် လွယ်ခွန်တောင်နှင့် တာဝါတိုင်စခန်း စသည့် နေရာများ၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA က အသိပေးသည်။

ထို့အပြင် မိုးကုတ်မြို့နယ်တွင် TNLA မှ နယ်မြေရှင်းလင်းရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့နှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်၏ သေနတ် (၄) လက်၊ လက်ပစ်ဗုံး၊ RPG နှင့် ငါးကျင်းမြှီးစသည့် လက်နက်ခဲယမ်းများသိမ်းဆည်းရမိသည့်အပြင် စစ်သုံးပန်း (၂) ဦးကိုလည်း ဖမ်းဆီးရမိထားကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

မိုးကုတ်မြို့တွင်း ထွက်ပြေးသည့် စစ်ကောင်စီ တပ်သားအချို့အား လိုက်လံရှင်းလင်းရာ လက်နက် ၄လက်ရဟု TNLAအသိပေး

သတင်း

ကျောက်မဲမြို့ပေါ်တွင် ဇူလိုင် ၂၃ရက်မှစ၍ မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်ဆန်များနှင့် လက်ပစ်ဗုံးအချို့သည် လူ‌နေရပ်ကွက်များအတွင်း ကျန်ရှိနေသေးသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

သတင်း

ဇူလိုင် ၂၄ ရက် ညနေ ၃နာရီ မိနစ် ၄၀ခန့်က မိုးကုတ်ဗျူဟာကုန်းစခန်းအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြင်တွေ့ရသည့်အခြေအနေ မှတ်တမ်းဓာတ်ပုံများအား မိုးကုတ်ဗျူဟာက ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

သတင်း

အဆိုပါ မြို့များရှိ စစ်ကောင်စီတပ်စခန်းများကို ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) စတင်သည့် ဇွန်လ ၂၅ရက်ကစ၍ TNLA မဟာမိတ်တပ်များက တိုက်ခိုက်နေခြင်းဖြစ်ပြီး စခန်းအများစုကို သိမ်းပိုက်ထားနိုင်ပြီးဖြစ်သည်။