Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရမခအောင်ပွဲအဖြစ် နမခ ပစ်ခတ်တိုက်ခိုက်ခဲ့ဟု ကျောက်လုံးကြီးတပ်ဖွဲ့ ထုတ်ပြန်

အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ)အောင်ပွဲအထိမ်းအမှတ်အဖြစ် မုံရွာမြို့အနောက်မြောက် တိုင်းစစ်ဌာနချုပ်(နမခ)အတွင်း ရှော့တိုက်ရော့ကတ်များ၊ကာမီကာဇေဒရုန်းများဖြင့် ဇူလိုင် ၂၅ရက် ညနေ (၄)နာရီခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KLG PDF – ကျောက်လုံးကြီးတပ်ဖွဲ့က ထုတ်ပြန်သည်။

မုံရွာ နမခအတွင်းသို့ ပစ်ခတ်တိုက်ခိုက်ရန် ပြင်ဆင်နေစဥ်။ ဓာတ်ပုံ - ကိုပတ္တမြား

ဇေအောင်/People’s Spring

အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ)အောင်ပွဲအထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု KLG PDF – ကျောက်လုံးကြီးတပ်ဖွဲ့က ယနေ့ အသိပေးထုတ်ပြန်သည်။

အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ)အောင်ပွဲအထိမ်းအမှတ်အဖြစ် မုံရွာမြို့အနောက်မြောက် တိုင်းစစ်ဌာနချုပ်(နမခ)အတွင်း ရှော့တိုက်ရော့ကတ်များ၊ကာမီကာဇေဒရုန်းများဖြင့် ဇူလိုင် ၂၅ရက် ညနေ (၄)နာရီခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KLG PDF – ကျောက်လုံးကြီးတပ်ဖွဲ့က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

“နမခထဲက လေယာဥ်ကွင်း၊ အားကစားကွင်းထောက်ပို့တပ်နေရာတွေကို မောင်းသူမဲ့လေယာဥ်တွေနဲ့ ဗုံးသီးချတယ်။ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်”ဟု ဒေသကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

တိုက်ခိုက်မှုကြောင့် တိုင်းစစ်ဌာနချုပ်အတွင်းရှိ ၆ခန်းတွဲလိုင်းခန်း ရှော့တိုက်ရော့ကတ် ထိမှန်ခဲ့ပြီး ထိခိုက်မှုရှိကြောင်း၊ ထပရ (၉၂၉)ရိက္ခာသိုလှောင်ရုံနှင့် ပညရ(၁၁)အရာရှိရိပ်သာလည်း ထိမှန်ခဲ့ကြောင်း KLG PDF – ကျောက်လုံးကြီးတပ်ဖွဲ့က ဆိုသည်။

ထို့အပြင် တပ်နယ်အတွင်းရှိ လျှပ်စစ်ခွဲရုံ ထိမှန်ပျက်စီးခဲ့ပြီး နမခတပ်နယ်တခုလုံးမီးပျက်သွားခဲ့ကြောင်း၊ အလားတူ မုံရွာယာယီလေတပ်ဆွယ် ဝန်းအတွင်း ကာမီကာဇေဒရုန်း ကျရောက် ပေါက်ကွဲခဲ့ကြောင်း Chindwin Rocket Brothers -(C.R.B)အဖွဲ့က ဆိုသည်။

ထိုကြောင့် နမခသို့ ရောက်ရှိနေသော စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေ၏ နေပြည်တော်အပြန် လေယာဉ်ခရီးစဥ် ဖျက်သိမ်းခဲ့ရပြီး နောက်တနေ့ ဇူလိုင် ၂၆ရက် နံနက် ၉နာရီ ၃၇မိနစ်ခန့်က မုံရွာလေဆိပ်မှ Beech-1900D Military Transport Aircraft လေယာဥ်ဖြင့်ပြန်သွားကြောင်း NAS ထံမှ သိရသည်ဟု KLG PDF – ကျောက်လုံးကြီးတပ်ဖွဲ့က ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို ယင်းမာပင်ခရိုင် ဗျူဟာ-၄၅ KLG PDF – ကျောက်လုံးကြီးတပ်ဖွဲ့နှင့်အတူ Chindwin Rocket Brothers -(C.R.B)၊ Chindwin Brothers၊ ချိုမိုင်မိုင် ကနီ၊Spring Guerrilla Platoon အဖွဲများနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရမခ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်တင်ထွန်းအောင်သည် မည့်သည့်နေ့က ဒဏ်ရာရသည်ကို ပသေးစိတ်အတည်မပြုနိုင်သော်လည်း ဇူလိုင် ၂၇ရက်တွင် ပြင်ဦးလွင်ဆေးရုံ၌ သေဆုံးခြင်းဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

Fact-Check

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် စစ်ကောင်စီတပ်၏ အရှေ့မြောက်တိုင်းဌာနချုပ် ကျဆုံးမှု လုံးဝမရှိဟုဆိုသော သတင်းအမှားများ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ၂၀၂၄ ဇူလိုင် ၂၅ ရက် မှ စတင်ကာ ပျံ့နှံ့လျက်ရှိသည်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)က လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ) ဌာနချုပ် အပါအဝင် လားရှိုးမြို့ကိုသိမ်းပိုက်ပြီးဖြစ်ကြောင်း ဇူလိုင် ၂၅ရက်တွင် ကြေညာပြီးနောက် မြို့ပေါ်၌ တိုက်ပွဲဖြစ်ပွားမှုများလည်း ဆက်ရှိနေခြင်းဖြစ်သည်။

သတင်း

လားရှိုးက စစ်ဆင်ရေးတွေရပ်ဖို့ MNDAAကို Asia World ကုမ္ပဏီက စာရေးသားတောင်းဆိုပြီး နှစ်ရက်အကြာမှာပဲ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ် ဌာနချုပ် (ရမခ)ကို သိမ်းပိုက်ပြီး လားရှိုးမြို့ လုံးဝလွတ်မြောက်ပြီလို့ MNDAA ကကြေညာလိုက်ပါတယ်။