သတိုး/People’s Spring
PDF အလံပေါ်တွင် “ပြည်တော်ဝင်မယ်” စာသားရေးသား၍ ယနေ့နံနက်တွင် ရန်ကုန်မြို့တစ်နေရာ၌ ချိတ်ဆွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း ရေဘဝဲ (ပြည်သူ့အကျိူးပြု လူငယ်အဖွဲ့အစည်း)က အသိပေးထားသည်။
“ရန်ကုန်လူထုနှင့်အတူ ၁၀၂၇ စစ်ဆင်ရေးဆင်နွှဲလျက်ရှိကြသော ညီနောင်မဟာမိတ် (၃) ဖွဲ့အပါအဝင် ဟန်ချက်ညီညီလှုပ်ရှားနေကြသည့် တနိုင်ငံလုံးရှိ တော်လှန်ရေးအဖွဲ့အစည်းများနှင့် တသားတည်းရှိနေကြောင်း နှင့် နယ်မြေဒေသအသီးသီးမှ တိုင်းရင်းသားလူမျိုးစု တော်လှန်ရေးရဲဘော်များ၊ စစ်ဘေးရှောင်များ၊ နိုင်ငံရေးအကျဥ်းသားများအားလုံး အခါတော်ချိန်ရောက်ပြီဖြစ်၍ ပြည်တော်ဝင်ကြရန် တိုက်တွန်းနှိုးဆော်ပါကြောင်းရည်ရွယ်ကာ အဆိုပါလှုပ်ရှားမှုအားပြုလုပ်ခြင်းဖြစ်သည်”ဟု ရေဘဝဲက ထုတ်ပြန်ထားသည်။