အင်ကြင်း/People’s Spring
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆီမီးခုံမြို့အဝင်ရှိ စစ်ကောင်စီဂိတ်ကို PDFများက ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိပြီး သေနတ်တစ်လက်သိမ်းဆည်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ဩဂုတ် ၇ရက် နံနက်က ဆီမီးခုံမြို့အဝင် စစ်ဆေးရေးဂိတ်ကို ပစ်ခတ်ခဲ့ရာ ဂိတ်ရှိစစ်သား ၃ ဦး၊ ရဲ တစ်ဦးရှိသည့်အနက် သုံးဦးသေဆုံးကြောင်း ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြင်းခြံ)၏ တာဝန်ရှိသူက ပြောသည်။
“ဖောကားနဲ့ ပုန်းလိုက်လာပြီး အနားရောက်မှ ထပစ်ခဲ့တာ။”ဟု ရဲဘော်တစ်ဦးက ပြောသည်။
ထို့အပြင် အနီးရှိ စာသင်ကျောင်းအတွင်းမှ စစ်သားက ပြန်လည်ပစ်ခတ်နေသည့်ကြားက သေနတ်တစ်လက်ကောက်ယူကာ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း စစ်ဆင်ရေးရဲဘော်များက ပြောသည်။
တိုက်ခိုက်မှုအား ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြင်းခြံ) နှင့် Aung San’s Blood Civillian Defense Force (ABCDF) မဟာမိတ်ညီနောင်နှစ်ဖွဲ့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။