Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေး PDF သပိတ်ကျင်းမြို့နယ်ရှိ စစ်စခန်း ၅ ခု ထပ်မံသိမ်းပိုက်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း တပ်စခန်း ၅ ခု ထပ်မံသိမ်းပိုက်ရရှိထားကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့(သြဂုတ်၉ရက်)ညပိုင်းက သတင်းထုတ်ပြန်သည်။

သိမ်းဆည်းနိုင်ခဲ့သောစခန်းတခုအား တွေ့ရစဥ်။ ဓာတ်ပုံ-MDY PDF

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း တပ်စခန်း ၅ ခု ထပ်မံသိမ်းပိုက်ရရှိထားကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့(သြဂုတ်၉ရက်)ညပိုင်းက သတင်းထုတ်ပြန်သည်။

သပိတ်ကျင်းမြို့နယ်အတွင်း၌ ကွင်း၃၀ရွာ တပ်စခန်း ၊ လက်ပံပြန့်ရွာ တပ်စခန်း ၊ ဖိုကုန်း တပ်စခန်း ၊ ဝက်သေရွာ တပ်စခန်း နှင့် ဖက်ရှည်ရွာ တပ်စခန်းတို့ကို အပြီးသတ်သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း မန္တလေး PDFက ထုတ်ပြန်ချက်တွင် အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက လေကြောင်းပစ်ကူများ အသုံးပြုခဲ့သော်လည်း စခန်းများလက်လွှတ်ဆုံးရှုံးသွားကြောင်း ဒေသခံများကဆိုသည်။

အလားတူ ယနေ့ ညနေပိုင်းတွင် TNLA နှင့် မိုးကုတ်ဗျူဟာ အပါအဝင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များက သပိတ်ကျင်းမြို့နယ်၊ ၁၄၈ ခြေလျင်တပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများသိမ်းဆည်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

သပိတ်ကျင်းမြို့နယ်ရှိ အင်းနက်ရွာ စစ်ဆေးရေးဂိတ်နှင့် စခန်းကုန်း၊ တွင်းငယ်ရဲစခန်းနှင့် တကောင်းတောင်ပေါ် ရဲစခန်း၊ ချောင်းကြီးစခန်းများကိုလည်း PDFများက ဇူလိုင်လကုန်ပိုင်းက သိမ်းပိုက်ရရှိထားသည်။ ထိုစခန်းသိမ်းတိုက်ပွဲများတွင်လည်းစစ်သုံ့ပန်းနှင့်ခဲယမ်းများပါ ရရှိထားသည်။

သပိတ်ကျင်းမြို့နယ်သည် အရှေ့ဘက်တွင် မိုးကုတ်၊ မဘိမ်း၊ မိုးမိတ်မြို့နယ်၊ မြောက်ဘက်တွင် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ တောင်ဘက်တွင် စဥ့်ကူးမြို့နယ်၊ အနောက်ဘက်တွင် ဧရာဝတီမြစ်ခြား၍ စစ်ကိုင်းတိုင်း၊ ကန့်ဘလူနှင့်ခင်ဦးမြို့နယ်တို့နှင့် ထိဆက်နေပြီး စစ်ရေးအရအရေးပါသောဒေသတခုဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ကလည်း သပိတ်ကျင်းမြို့နယ်အတွင်းရှိ သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို - ရေဦးလမ်းပိုင်းရှိ စစ်တပ်စစ်​ဆေးရေးဂိတ်ကို PDFများ ဝင်ရောက်ပစ်ခတ်ရာ သုံးဦးသေဆုံးပြီး သေနက် ၂ လက်နှင့်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကျောက်လှည်းဘီးကျေးရွာအနီးရှိ ခလရ(၁၄၈)တပ်ရင်းကို တအာင်းတပ်မတော်(TNLA)နှင့် မဟာမိတ်ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ကြောင်း မိုးကုတ်ဗျူဟာက ယနေ့ သတင်းထုတ်ပြန်သည်။

ဆောင်းပါး

လျှပ်စစ်မီးပြတ်တောက်နေသော မန္တလေးမြို့၏ ညဦးပိုင်းတွင် ထမင်းစားပြီး၍ အိမ်ရှေ့ထွက်လာသော အသက် ၄၀ အရွယ် ကိုအောင်အောင်တစ်ယောက် သူ့ခေါင်းပေါ် ကောင်းကင်ထက်မှ ဝေါခဲနဲဖြတ်မောင်းသွားသော လေယာဥ်ပျံသံကို ကြားလိုက်ရသည်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံ​ခရိုင်၊ ဆီမီးခုံမြို့အဝင်ရှိ စစ်ကောင်စီဂိတ်ကို PDFများက ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိပြီး သေနတ်တစ်လက်သိမ်းဆည်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။