Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရမခမှ စစ်သုံ့ပမ်း ၃,၀၀၀ကျော်ကို ကယ်ဆယ်ရေးစခန်းတွင် MNDAA နေရာချပေး

လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုက်ပွဲတွင် လက်နက်ချခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကိုးကန့်တပ်မတော်(MNDAA)၏ နောက်တန်း၌ ယာယီနေရချထားပေးခဲ့ရာ လူဦးရေများပြား၍ ကယ်ဆယ်ရေးစခန်းများသို့ အသုတ်လိုက် စေလွှတ်နေရာချခဲ့ကြောင်း MNDAAက သတင်းထုတ်ပြန်သည်။

လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)တိုက်ပွဲအတွင်း လက်နက်ချခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား နေရာချထားပေးနေစဉ်။ ဓာတ်ပုံ - File

ဟန်နွေ/People’s Spring

လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုက်ပွဲတွင် လက်နက်ချခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကိုးကန့်တပ်မတော်(MNDAA)၏ နောက်တန်း၌ ယာယီနေရချထားပေးခဲ့ရာ လူဦးရေများပြား၍ ကယ်ဆယ်ရေးစခန်းများသို့ အသုတ်လိုက် စေလွှတ်နေရာချခဲ့ကြောင်း MNDAAက သတင်းထုတ်ပြန်သည်။

စစ်သုံ့ပန်းများ၏ မိသားစုဝင် အများအပြားကိုလည်း ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း အသိပေးထားပြီး လက်နက်ချ စစ်ကေငာ်စီတပ်သားများနှင့် ၎င်းတို့ မိသားစုများ ပိုမိုအဆင်ပြေစေရန် ကယ်ဆယ်ရေးစခန်းများ ထူထောင်နေရာချပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ နေရာချထားရာတွင် စစ်သုံ့ပန်းနှင့် ၎င်းတို့၏ မိသားစုများများပြားမှုကြောင့် မဟာမိတ် တပ်များက ၎င်းတို့အား ကယ်ဆယ်ရေးစခန်းများသို့ အသုတ်လိုက် စေလွှတ်ခဲ့ကြောင်း၊ ပထမအသုတ်တွင် အာဏာသိမ်းတပ်၏ စစ်သုံ့ပန်း ၃၀၀၀ ကျော်နှင့် ၎င်းတို့၏ မိသားစုဝင်များ ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိလာကြောင်း ဖော်ပြသည်။

ယင်းအနက် ဒဏ်ရာရသူများကို ကုသပေးရန် မဟာမိတ် ရှေ့တန်းမှ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများလည်း ကယ်ဆယ်ရေးစခန်းသို့ လိုက်ပါသွားကြောင်း ထုတ်ပြန်သည်။

ထို့အပြင် စစ်သုံ့ပန်းများ၏ မိသားစုဝင်အများစုမှာ အသက်ကြီး၊ အားနည်းသူများ၊ အမျိုးသမီးများနှင့် ကလေးငယ်များ ဖြစ်ကြသောကြောင့် ကုန်တင်ကားကြီးများ အတက်အဆင်း ခက်ခဲသောကြောင့် ကယ်ဆယ်ရေးစခန်းသို့ ကားဆင်းလွယ်အောင်ကူညီရန် မဟာမိတ်တပ်မှ အထူးတပ်ဖွဲ့ဝင်များ စေလွှတ်ကူညီပေးခဲ့သည်ဟုဆိုသည်။

စစ်သုံ့ပန်းများကို ဦးစားပေးကောင်းမွန်စွာဆက်ဆံခြင်းသည် မဟာမိတ်တပ်၏ တသမတ်တည်းသော မူဝါဒဖြစ်ပြီး ဖြစ်ကြောင်း ဖော်ပြသည်။

MNDAA အနေဖြင့် ၂၀၁၅က ဆင်နွှဲခဲ့သည့် လွတ်မြောက်ရေးစစ်ပွဲ၊ ယခု ၂၀၂၃တွင် ဖော်ဆောင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ကာလများအတွင်း လက်နက်ချခဲ့သည့် စစ်သုံ့ပန်းများနှင့် တပ်မိသားစုဝင်များကို ဘေးကင်းရာဒေသသို့ ပို့ဆောင်ပေးခဲ့ပြီး လမ်းစရိတ်များ၊ ကားများ စီစဉ်ပေးခဲ့ကြောင်း ထုတ်ပြန်သည်။

ယင်းအနက် ယခုနှစ် ဩဂုတ် ၆ရက်က လားရှိုးမြို့ရှိ စစ်ကောင် စီသုံ့ပန်းများ၏ မိသားစုဝင်များကို ပြန်လွှတ်ပေးခဲ့ရာ စစ်သုံ့ပန်း မိသားစုဝင် ၃၈၀ ကျော်ရှိပြီး မိသားစု တစ်ခုလျင် ခရီးစရိတ် ကျပ် ၅သောင်းစီပေးကာ ဘေးကင်းရာ ပို့ဆောင်ခဲ့သည်ဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

လားရှိုးမြို့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) အတွင်း စစ်ကောင်စီတပ်က စွန့်ပစ်ထားခဲ့သည့် ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ဦးကို ရှာဖွေတွေ့ရှိ ကယ်ထုတ်ကာ ကျန်းမာရေး စောင့်ရှောက်မှုပြုလုပ်ပေးခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က ထုတ်ပြန်သည်။

သတင်း

လားရှိုးမြို့၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)သိမ်းပိုက်ခဲ့သည့်တိုက်ပွဲ၌ MNDAAက ဖမ်းဆီးp ရရှိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲတွင် ၂၀၁၇ခုနှစ်က ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ခဲ့သူများပါဝင်နေသည်။

သတင်း

လွတ်မြောက်မှု အစစ်အမှန် အပြည့်အ၀ ရရှိရေး လက်တွဲတိုက်ပွဲဝင်မည်ဟု အသိပေး

သတင်း

TNLA ဦး​ဆောင်တဲ့ ​တော်လှန်​ရေးတပ်​တွေက ​ကျောက်မဲမြို့မှာ​နောက်ဆုံးကျန်တဲ့ စစ်ဆင်​ရေးကွပ်ကွဲမှုဌာနချုပ် (စကခ) ၁ ၊ အမှတ် ၅၀၁၊ ၅၀၂ ​ခြေမြန်တပ်ရင်း​တွေကို သြဂုတ်လ ၅ ရက်ည ၁၀ နာရီ​ကျော်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။