Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လားရှိုးမြို့ ပြန်လည်အသက်ဝင်လာပြီး လုံခြုံရေးသိသာစွာတိုးတက်လာဟု MNDAA အသိပေး

နေရပ်ပြန်လာသူများ အကူအညီပေးရေး စခန်းများဖွင့်ထားပြီး အခက်အခဲကြုံပါက ဆက်သွယ်နိုင်ဟုဆို

လားရှိုးမြို့အတွင်း ဒေသခံပြည်သူများသွားလာနေမှုနှင့် မြို့သန့်ရှင်းရေးပြုလုပ်နေစဥ်။ ဓာတ်ပုံ - CJ

ဟန်နွေ/People’s Spring

လားရှိုးမြို့ လွတ်မြောက်ရေး လှုပ်ရှားမှုပြီးဆုံးသွားပြီဖြစ်၍ လားရှိုးမြို့ခံများ နေရပ်ပြန်လာကြရာ မြို့သည် တဖြည်းဖြည်းအသက်ပြန်ဝင်လာပြီဖြစ်ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က ယနေ့ (ဩဂုတ် ၁၁ရက်) ထုတ်ပြန်သည်။

ဇူလိုင် ၃ရက်မှ ဩဂုတ် ၃ရက်ထိ တစ်လကြာမြင့်ခဲ့သည့် လားရှိုးမြို့သိမ်းတိုက်ပွဲအပြီး ပြန်လည်ထူထောင်ရေးများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် မြို့သည် ပြန်လည်စည်ကားလာပြီဟု ဆိုသည်။

ဟင်းသီးဟင်းရွက်များ၊ အသားများနှင့် နေ့စဉ်သုံးပစ္စည်းများကို ရောင်းချရန်အတွက် စျေးသည်အများအပြားသည် လမ်းများပေါ်တွင် စုရုံးရောက်ရှိကြပြီး အချို့ဆိုင်များသည်လည်း ပုံမှန်အတိုင်း ပွင့်ထားနေပြီဖြစ်ကြောင်း၊ စစ်ပွဲကာလအတွင်း ပစ္စည်းခိုးယူသူများ ရှိသော်လည်း လက်ရှိတွင် အထူးဒေသ(၁)ရဲစခန်းမှ လုံခြုံရေးအဖွဲ့သည် လားရှိုးမြို့သို့ ဝင်ရောက်ကာ လုံခြုံရေး ကင်းလှည့် ဆောင်ရွက်ခဲ့ရာ လားရှိုးမြို့၏ လုံခြုံရေး အခြေအနေ သိသိသာသာ တိုးတက်လာခဲ့ကြောင်း MNDAAက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

တံခါးကိုဖောက်ပြီး ခိုးယူခိုးယူရန် ကြံရွယ်သူသူခိုးများကို လုံခြုံရေးအဖွဲ့သို့မဟုတ် နီးစပ်ရာ မဟာမိတ်တပ်မှ အရာရှိများနှင့် စစ်သားများထံ ချက်ခြင်းသတင်းပို့နိုင်ကြောင်း လားရှိုးမြို့ခံ ပြည်သူများအား သတိပေးထားသည်ဟု ဆိုသည်။

လုံခြုံရေးအဖွဲ့နှင့် မဟာမိတ်အရာရှိများနှင့် စစ်သည်များပြည်သူတို့ ဆုံးရှုံးနစ်နာမှုမဖြစ်အောင် ပြည်သူများ၏ စည်းစိမ်ကို ချက်ချင်းကာကွယ် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

ထို့ပြင် လားရှိုးမြို့ရှိ နေရပ်ပြန်လာသူများအား ဆန်နှင့်အခြားထောက်ပံ့ရေးပစ္စည်းများ ဆက်လက်ဖြန့်ဝေမှု ပြုလုပ်လျက်ရှိသည်ဟု ဆိုသည်။

လားရှိုးမြို့ လွတ်မြောက်ရေးလှုပ်ရှားမှု ပြီးဆုံးသွားသဖြင့် စစ်ပြီးခေတ် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိရာ လားရှိုးမြို့သို့ ပြန်လည်ရောက်ရှိလာသည့် ပြည်သူများ ထုတ်လုပ်မှုနှင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ အမြန်ဆုံး ပြန်လည်စတင်နိုင်စေရန်နှင့် ပြည်တွင်းမှ ပြန်လည်ရောက်ရှိလာသူများနှင့် စစ်အတွင်းကျန်ရစ်သူများ၏ အခြေခံ အသက်အိုးအိမ်စည်းစိမ်ကို ထိထိရောက်ရောက် ကာကွယ်နိုင်စေရန် MNTJPဗဟိုကော်မတီက ညွှန်ကြားထားသည်ဟု ဆိုသည်။

လားရှိုးမြို့ဝင်ပေါက် အများအပြားတွင် ဆန်များဝေငှနိုင်စေရန်နှင့် နေရပ်ပြန်သူများကို အချိန်မီအကူအညီပေးနိုင်ရန် တာဝန်ကျစခန်းများ တည်ထောင်ထားကြောင်း၊ မြို့ပြဧရိယာအတွင်း ပစ္စည်းများ ဖြန့်ဖြူးပေးသည့်နေရာ အများအပြားလည်း ရှိပြီး မြို့နေပြည်သူများသည် ဆန်နှင့် အခြားပစ္စည်းများ လက်ခံရရှိရန် အဆိုပါ ဖြန့်ဖြူးရေးနေရာများသို့ သွားရောက်နိုင်ကြောင်း အသိပေးသည်။

လက်ရှိတွင် သက်ဆိုင်ရာ တာဝန်ကျစခန်းများနှင့် ဖြန့်ဖြူးရေး စခန်းများက နေရပ်ပြန်သူများထံ ဆန်များ ဆက်လက်ဝေငှလျက်ရှိပြီး အချို့သော ဝန်ထမ်းများက ဆက်စပ်ပစ္စည်းများ ဖြန့်ဝေရန်အတွက် ရပ်ရွာနှင့် ကျေးရွာများသို့ သွားရောက်လျက်ရှိသည်ဟု ဖော်ပြသည်။

ထို့အပြင် အထူးဒေသ(၁)ရဲစခန်း၏ လုံခြုံရေးအဖွဲ့သည် မြို့တွင်း၌ နေ့စဉ်ကင်းလှည့်မှုများ ပြုလုပ်ပေးမည်ဖြစ်ပြီး ဒေသခံများ အခက်အခဲများ ကြုံတွေ့ပါက လုံခြုံရေးအဖွဲ့သို့ တိုက်ရိုက် ဆက်သွယ်နိုင်ကြောင်း အသိပေးကာ ဆက်သွယ်ရန် ဖုန်းနံပတ်များကို ဖော်ပြသည်။

အကူအညီတောင်းခံလိုပါက ၊ 09882954565 ၊ 09406698979၊ ရဲစခန်းဖုန်းနံပတ်၊ 09441846327 09680397129 ၊ 09695110110တို့ကို ဆက်သွယ်နိုင်ကြောင်း၊ WeChat ID: jining666888999 သို့လည်း ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ တွင် စစ်​ကောင်စီက အ​ရှေ့​မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ကို ထိုးစစ်ဆင်သိမ်းပိုက်ခဲ့​သော MNDAA အ​ကြောင်း မ​ကောင်း​ရေးသား၍ ကိုးကန့်တိုင်းရင်းသားများက ကန့်ကွက်သည်ဆို​သောစာများအား မြို့အနှံ့ လိုက်လံကပ်နေကြောင်း ဒေသခံများက ပြောသည်။

သတင်း

လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုက်ပွဲတွင် လက်နက်ချခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကိုးကန့်တပ်မတော်(MNDAA)၏ နောက်တန်း၌ ယာယီနေရချထားပေးခဲ့ရာ လူဦးရေများပြား၍ ကယ်ဆယ်ရေးစခန်းများသို့ အသုတ်လိုက် စေလွှတ်နေရာချခဲ့ကြောင်း MNDAAက သတင်းထုတ်ပြန်သည်။

သတင်း

တစ်လကြာတိုက်ပွဲဖြစ်ခဲ့သည့် မြို့သန့်ရှင်းရေးနှင့်မိုင်းအန္တရာယ် ရှင်းလင်းမှုပြုလုပ်

သတင်း

လားရှိုးမြို့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) အတွင်း စစ်ကောင်စီတပ်က စွန့်ပစ်ထားခဲ့သည့် ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ဦးကို ရှာဖွေတွေ့ရှိ ကယ်ထုတ်ကာ ကျန်းမာရေး စောင့်ရှောက်မှုပြုလုပ်ပေးခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က ထုတ်ပြန်သည်။