Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဇရပ်ကြီးမြို့အနီး တိုက်ပွဲဆက်ဖြစ်၊ စစ်ရှောင်များအတွက် အကူအညီလိုအပ်နေ

ပဲခူးတိုင်းအရှေ့ပိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့အနီးတွင် တိုက်ပွဲဆက်ဖြစ်ပွားနေသောကြောင့် တိမ်းရှောင်လာသော ဒေသခံ ၆၀၀ခန့်မှာ တောင်ငူနှင့်ထန်းတပင်မြို့ပေါ်ရှိ ယာယီစစ်ဘေးရှောင်စခန်း၌ ရောက်ရှိနေသည်။

ဇရပ်ကြီးမြို့၌ တိမ်းရှောင်နေသော စစ်ရှောင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

မိထက်/People’s Spring

ပဲခူးတိုင်းအရှေ့ပိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့အနီးတွင် တိုက်ပွဲဆက်ဖြစ်ပွားနေသောကြောင့် တိမ်းရှောင်လာသော ဒေသခံ ၆၀၀ခန့်မှာ တောင်ငူနှင့်ထန်းတပင်မြို့ပေါ်ရှိ ယာယီစစ်ဘေးရှောင်စခန်း၌ ရောက်ရှိနေသည်။

ဇရပ်ကြီးမြို့နယ်၊ ကင်မွန်းခြုံနှင့် ရှမ်းစုကျေးရွာတို့တွင် ဩဂုတ် ၉ရက်ကစ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့(ဩဂုတ် ၁၁ရက်)တွင်လည်း စစ်ရေးတင်းမာနေကြောင်း ထန်းတပင်မြို့ခံများကပြောသည်။

Public Service Announcement

Public Service Announcement

” မနေ့က နည်းနည်း ငြိမ်တယ်။ ဒီ‌နေ့ ပြန်ချကြတယ်။ စစ်တပ်ကလက်နက်ကြီးပစ်တယ်။ အရပ်သား ထိခိုက်သေဆုံးမှုလည်းရှိပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားရာဒေသမှ ထွက်ပြေးလာသောစစ်ဘေးရှောင်များသည် တောင်ငူနှင့်ထန်းတပင်မြို့မှ ယာယီစစ်ဘေးရှောင်စခန်းများ၌ ခိုလှုံနေကြရသည်။ စုစုပေါင်း စစ်ဘေးရှောင်ဦးရေ နှစ်ထောင်ခန့်ရှိနေပြီဟု သတင်းရရှိသည်။

” ဘာမှမသယ်နိုင်ဘဲ ပြေးလွှားလာကြရတော့ လိုအပ်ချက်တွေ အများကြီးရှိနေပါတယ်။ ဒီတခါတိုက်ပွဲကကြာနိုင်တယ်လို့ ထင်တယ်။ အကူအညီတွေပေးဖို့ မေတ္တာရပ်ခံပါတယ်”ဟု စစ်ဘေးရှောင်များအားကူညီနေသူတစ်ဦးက ပြောသည်။

ဇရပ်ကြီးမြို့တွင် ခြေလျင်တပ်ရင်း (ခလရ-၂၇) နှင့် စစ်ကောင်စီတပ်စွဲထားသည့် စခန်းများရှိနေသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ဖူးသည်။

ထိုစဉ်က တိုက်ပွဲအလွန်ပြင်းထန်ခဲ့သဖြင့် ရွာပေါင်း ၃၀ကျော်မှ ထောင်နှင့်ချီသော ဒေသခံ‌များ ဘေးလွတ်ရာသို့ တစ်လခန့်ကြာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုကြောင့် အမျိုးသမီးသုံးဦးအပါအဝင် အရပ်သား ၉ ဦး သေဆုံးကာ ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

KNUအနေဖြင့် တပ်မဟာ(၁)၊ တပ်မဟာ(၃)နှင့် တပ်မဟာ(၅) ပူးပေါင်းပြီး စစ်တောင်းမြစ်ဝှမ်းဒေသ၌တိုက်ပွဲဖော်ဆောင်မည်ဟု သတင်းရကြောင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဩဂုတ် ပထမပတ်တွင်ပြောကြားထားရာ တပ်မဟာသုံးခုသာကွက်ပြီး စစ်ရေးဖော်ဆောင်မည် မဟုတ်ဘဲ KNU၌ ရှိနေသည့် တပ်မဟာ ခုနစ်ခုစလုံးက စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးတိုက်ဖျက်သွားမည်ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက အသိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာကမ်းမြှောင် ဒေသမှာ အစ္စရေးက စစ်ရှောင် ဒုက္ခသည်တွေ အများအပြား စုဝေးနေထိုင်ရာ ကျောင်းတစ်ကျောင်းကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် လူ ၇၀ ကျော် သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းတွေဖက်က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ဒေသခံပြည်သူများ ​ဘေးလွတ်မည်ထင်ရာသို့ စစ်​ဘေးတိမ်း​ရှောင်

ဆောင်းပါး

စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်မြို့တွင် တိုက်ပွဲဖြစ်တော့မည်ဟု သတင်းများကြောင့် စစ်တပ်မိသာစုဝင်များ အပါအဝင် မြို့ခံများမှာ နေရပ်စွန့်ခွာ စစ်ရှောင်ရန် ထွက်ခွာနေခြင်း ဖြစ်သည်။

သတင်း

ဇွန်လ ၂၅ရက်မှစတင်သည့် တိုက်ပွဲကာလ၌ ကျောက်မဲမြို့တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး အရပ်သားသေဆုံးမှုများလည်းရှိခဲ့သည်။