Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချောက်မြို့နယ် ရေဆားလယ်ရွာပျူစခန်းအား PDFများတိုက်ခိုက်၊ ကားတစ်စီးနှင့် လက်နက်ခဲယမ်းများ သိမ်းရ

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ရေဆားလယ်ရွာရှိ ပျူစောထီးစခန်းကို PDFများ ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ သေနတ် ၂လက်အပါအဝင် ခဲယမ်းများနှင့် ကားတစ်စီး သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

ရေဆားလယ်ပျူစခန်းမှသိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ၊ ကားနှင့်ဆိုင်ကယ်တို့အားတွေ့ရစဥ်။ဓာတ်ပုံ - CGF၊Burma Ranger

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ရေဆားလယ်ရွာရှိ ပျူစောထီးစခန်းကို PDFများ ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ သေနတ် ၂လက်အပါအဝင် ခဲယမ်းများနှင့် ကားတစ်စီး သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့(သြဂုတ်၁၀) နေ့လယ် ၂ နာရီခန့်က ဆားလယ်ကျေးရွာအုပ်စု၊ ဆားလယ်ကျေးရွာရှိ ပျူစောထီးစခန်းအား ဒေသကာကွယ်ရေး ပူးပေါင်းတပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုကြောင့် ပျူစောထီး နှစ်ဦးဒဏ်ရာရ​ပြီး အခြားပျူအဖွဲ့ဝင်များထွက်ပြေးကာ Carbine ၂လက် ၊ Honda Civicကား တစ်စီး၊ဆိုင်ကယ် နှစ်စီးနှင့်ကျည်များ သိမ်းဆည်းရရှိခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

” ရေဆားလယ်ရွာထိပ်မှာ စစ်တပ်က ဘန်ကာချပြီး ဂိတ်လုပ်ထားပေမဲ့ ညဘက်ပဲ စောင့်ပြီး သောက်စားမူးရူးပြီး နေ့ဘက် ဂိတ်စောင့်မရှိလို့ ရွာထဲထိအလွယ်တကူဝင်ပြီး ပျူခေါင်းဆောင်အိမ် သွားပစ်ခဲ့တာပါ။နှစ်ကောင် ကျည်ထိမှန်လဲကျသွားတယ်။”ဟု Chauk Guerrilla force (C.G.F)အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ပျူစောထီးများကလည်း ပြန်လည်ပစ်ခတ်ခဲ့၍ တိုက်ပွဲချိန် ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီးနောက် ပျူစောထီးများမှာ ရေကြောင်းမှတဆင့်ထွက်ပြေးသွားကြောင်း ဒေသကာကွယ်ရေးရဲဘော်များက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို မကွေးခရိုင် (ပ.က.ဖ) အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ ၊ချောက်မြို့နယ် (ပ.က.ဖ) ၊ Chauk Guerrilla force (C.G.F) ၊ အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့ ၊

Chauk Revolution Army ၊ Oak Awe (UG) ၊ Bagan Bo Cho ၊ Burma Ranger Revolution ၊ YRF တပ်ရင်း (၁၂) ၊ မင်းသားကြီး တပ်ဖွဲ့ ၊ Yenathar Youth Force ၊ Kyaukpadaung special Defense Force မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​ကောင်စီတပ်​လေ​ကြောင်းပစ်ကူ​ပေးခုခံ​

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို - ရေဦးလမ်းပိုင်းရှိ စစ်တပ်စစ်​ဆေးရေးဂိတ်ကို PDFများ ဝင်ရောက်ပစ်ခတ်ရာ သုံးဦးသေဆုံးပြီး သေနက် ၂ လက်နှင့်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း တပ်စခန်း ၅ ခု ထပ်မံသိမ်းပိုက်ရရှိထားကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့(သြဂုတ်၉ရက်)ညပိုင်းက သတင်းထုတ်ပြန်သည်။

သတင်း

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကျောက်လှည်းဘီးကျေးရွာအနီးရှိ ခလရ(၁၄၈)တပ်ရင်းကို တအာင်းတပ်မတော်(TNLA)နှင့် မဟာမိတ်ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ကြောင်း မိုးကုတ်ဗျူဟာက ယနေ့ သတင်းထုတ်ပြန်သည်။