Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

PDFများက တကောင်းမြို့မှစစ်တပ်စခန်းများကိုထိုးစစ်ဆင်တိုက်ခိုက်

စစ်​ကောင်စီတပ်​လေ​ကြောင်းပစ်ကူ​ပေးခုခံ​

မိထက်/People’s Spring

မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအစပ်ရှိ တကောင်းမြို့မှ စစ်ကောင်စီတပ်စခန်းများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ရာ စခန်းတခုသာ ကျန်ရှိတော့ကြောင်းနှင့် စစ်ကောင်စီက လေကြောင်းမှပစ်ကူ​ပေးခုခံတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

တကောင်းမြို့မှ စစ်ကောင်စီစခန်းများကို ယနေ့(ဩဂုတ်လ ၁၁ရက်) နံနက် ၅နာရီခန့်မှ စတင်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်​နေခြင်းဖြစ်သည်။

“တကောင်းမှာက ရဲစခန်းရယ်၊ ဆေးရုံရယ်၊ လေးမျက်နှာဘုရားဝင်းထဲရယ် စစ်တပ်ကတပ်စွဲထားတာ။ ရဲစခန်းနဲ့ဆေးရုံကရပြီ။ လေးမျက်နှာကျန်နေတာ။ စစ်တပ်ကလေကြောင်းပစ်ကူနဲ့ တိုက်နေတယ်”ဟု မြို့ခံတဦးကပြောသည်။

Public Service Announcement

Public Service Announcement

တစ်ကောင်မြို့မရဲစခန်းနှင့် တိုက်နယ်ဆေးရုံတွင်တပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်နက်ချခြင်းဖြစ်ရာ သုံ့ပန်းအဖြစ်ဖမ်းမိထားသည်ဟုစုံစမ်းသိရသည်။ အသေးစိတ်အခြေအနေကို ‌စစ်ဒေသ(၁)က မကြာမီထုတ်ပြန်မည်ဟု သတင်းရရှိသည်။

တကောင်းမြို့အား မြို့သိမ်းတိုက်ပွဲအဖြစ် တိုက်ခိုက်နေခြင်းဖြစ်ပြီး မနက်ပိုင်းက တိုက်ပွဲတွင် စစ်ကောင်စီကလက်နက်ကြီးဖြင့်ပစ်၍ အရပ်သားတစ်ဦးသေဆုံးကာတဦးဒဏ်ရာရခဲ့သည်။ မြို့ခံအများအပြားသည် လွန်ခဲ့သည့်ရန်အနည်းငယ်မှစ၍ ဘေးလုပ်ရာသို့တိမ်းရှောင်နေခြင်းဖြစ်ပြီး စစ်ကောင်စီက ကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့်ပစ်ခတ်သောကြောင့် အရပ်သားထိခိုက်ခြင်းဖြစ်​ကြောင်း မြို့ခံအချို့ကပြောသည်။

တကောင်းမြို့ပေါ်တွင် ဖုန်းလိုင်းများဖြတ်တောက်ထားပြီး MPTဖိုင်းလိုင်းတမျိုးသာ ရံဖန်ရံခါ လိုင်းမိသည်ဟု သိရသည်။

သြဂုတ် ၁၁ ရက်ညနေအထိတိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီက Y12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

တ​ကောင်းမြို့သည်ဧရာဝတီမြစ်ကမ်း​ဘေးမြို့ဖြစ်ပြီး​ ​မြောက်ဘက်တွင် ထီးချိုင့် ၊တောင်ဘက်တွင် သပိတ်ကျင်း ၊အ​နောက်​မြောက်ဘက်တွင် ​ကောလင်းမြို့ ၊အ​နောက်​​တောင်ဘက်တွင် ကျွန်းလှမြို့ ၊အရှေ့ဘက်တွင် မဘိမ်းမြို့တို့တည်ရှိသည်။ ၂၀၁၄ သန်း​ခေါင်စာရင်းအရ မြို့​ပေါ်တွင် လူဦး​ရေ ၈၁၀၀ ​​ကျော် ၊ ​ကျေားလက်တွင် လူဦး​ရေ ၂၇,၇၀၀​ကျော်​နေထိုင်သည်။

တကောင်းမြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၀ရက်ကလည်းအင်းနက်ကျေရွာရှိ စစ်‌ကောင်စီ၏ ဆက်သွယ်ရေး တာဝါတိုင်ကုန်း စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းယူခဲ့သည်။

တကောင်းမြို့သည် စစ်ကိုင်းတိုင်း၊ ထီးချိူင့်မြို့နှင့် မန္တလေးတိုင်းသပိတ်ကျင်းမြို့ကြား၌တည်ရှိသည်။ အင်းနက်ကျေးရွာသည် ထီးချိူင့်မြို့နှင့် ပိုနီးပြီး တရုတ်စီမံကိန်းတခုဖြစ်သည့် တကောင်းနီကယ်စက်ရုံအနီး၌ တည်ရှိသည်။

ထီးချိူင့်မြို့နယ်ရှိ တကောင်းနီကယ်စက်ရုံကိုလည်း KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။ ထို့အပြင် သပိတ်ကျင်းမြို့ရှိစစ်ကောင်စီစခန်းများအပြားကိုလည်း မန္တ​လေး-PDFအပါအဝင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်စင်တိုက်ခိုက်နေပြီး စခန်းအများအပြား သိမ်းယူထားသည်။

(သပိတ်ကျင်းမြို့နယ်ရှိတွင်းငယ်ရဲစခန်းကို PDFများတိုက်ခိုက်သိမ်းပိုက်ခဲ့စဥ်။ဓါတ်ပုံ-TBK)

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ဇရပ်ကွင်းရဲကင်းစခန်းသိမ်းပိုက်နိုင်ခဲ့ပြီး စုစုပေါင်း စစ်ကောင်စီ​၏ တပ်စခန်း၉ခုအထိ သိမ်းပိုက်ရရှိထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့ (ဩဂုတ် ၁၂ရက်) နံနက်ပိုင်းတွင် သတင်းထုတ်ပြန်သည်။

သတင်း

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ရေဆားလယ်ရွာရှိ ပျူစောထီးစခန်းကို PDFများ ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ သေနတ် ၂လက်အပါအဝင် ခဲယမ်းများနှင့် ကားတစ်စီး သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

လက်နက် ၂၇လက်နှင့် စစ်သုံ့ပန်းဦး သုံးဖမ်းဆီးရမိ

သတင်း

သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီ​၏ ခလရ (၁၄၈)တပ်စခန်းအပါအဝင် တပ်စခန်းသုံးခု ထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့(သြဂုတ်၁၀ရက်)ညနေပိုင်းတွင် ထုတ်ပြန်သည်။