Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင့်အရေးသာမက တတိုင်းပြည်လုံး တော်လှန်ရေးအမြန်ဆုံးအောင်မြင်အောင် KNU ကြိုးပမ်းနေဟု ဝါရင့်ခေါင်းဆောင် ပဒိုစောသမိန်ထွန်း ပြော

ကရင်အမျိုးသားအစည်းအရုံး(KNU)အနေဖြင့် တော်လှန်ရေး အောင်မြင်မှုရရှိအောင် ကြိုးစားနေပြီး ထိုသို့ ကြိုးစားနေမှုကို ပေါ်လွင်အောင် လိုက်လံရှင်းပြနေ၍ မရကြောင်း KNU၏ ဝါရင့်တော်လှန်ရေး ခေါင်းဆောင်တစ်ဦးဖြစ်သည့် ပဒိုစောသမိန်ထွန်းက ပြောသည်။

KNU၏ ဝါရင့်တော်လှန်ရေး ခေါင်းဆောင်တစ်ဦးဖြစ်သည့် ပဒိုစောသမိန်ထွန်း။ ဓာတ်ပုံ - KIC

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)အနေဖြင့် တော်လှန်ရေး အောင်မြင်မှုရရှိအောင် ကြိုးစားနေပြီး ထိုသို့ ကြိုးစားနေမှုကို ပေါ်လွင်အောင် လိုက်လံရှင်းပြနေ၍ မရကြောင်း KNU၏ ဝါရင့်တော်လှန်ရေး ခေါင်းဆောင်တစ်ဦးဖြစ်သည့် ပဒိုစောသမိန်ထွန်းက ပြောသည်။

ယမန်နေ့ (ဩဂုတ် ၁၂ရက်)က ကျရောက်သည့် ကရင်အာဇာနည်နေ့ အခမ်းအနားတွင် KNUဗဟို အမြဲတမ်း ကော်မတီဝင်လည်းဖြစ်သည့် ပဒိုစောသမိန်ထွန်းက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးအောင်မြင်မှုရရှိအောင် အားလုံးနားလည်အောင် ရှင်းပြလိုက်ပါက ရန်သူ မင်းအောင်လှိုင်၏ စစ်ကောင်စီဘက်က သိရှိမည်ဖြစ်၍ လုပ်ဆောင်နေသည့် အရာအားလုံးကို ပြောပြ၍မရဟု ပဒိုစောသမိန်ထွန်းက ပြောသည်။

” ကျနော်တို့ အစီအစဉ် ကျနော်တို့ လုပ်မယ်။ အဲဒါကို ခင်ဗျားက ဖထီးက အိပ်ငိုက်နေတုန်းလို့၊ ကွမ်းကြီးဝါးနေတုန်းလို့ ၊ ဖားရှာထွက်နေတုန်းလို့ ဒါမျိုးတွေတော့ မပြောနဲ့ ဒါကလေးစကားတွေ။ကျနော်တို့ရဲ့ တော်လှန်ရေးကြီးကို တပြည်လုံးရဲ့ တော်လှန်ရေးကို အမြန်ဆုံးအောင်မြင်အောင် ကျနော်တို့ လုပ်ဖို့နော်”ဟု ပဒိုစောသမိန်ထွန်းက ပြောသည်။

ထိုသို့ အော်လှန်ရေးအောင်မြင်အောင် ကြိုးပမ်းရာတွင် KNU အပါအဝင် လူပုဂ္ဂိုလ်အဖွဲ့အစည်းအားလုံး၌ တာဝန်ရှိကြောင်း ၎င်းက ပြောသည်။

” အဲဒီလိုသာ ဟိုဝေဖန်တာ ဒီဝေဖန်တာတွေများပြီးမှ ရှေ့မကြည့် နောက်မကြည့်နဲ့ ကိုယ့်ခြေထောက်နဲ့ကိုယ် ခလုတ်တိုက်တာတွေဖြစ်နေရင်တော့ ဒီကြားထဲမှာ စားသွားမှာပဲ မင်းအောင်လှိုင်။အဲဒါကို အထူးသတိပြုရမယ်။ သူလည်း သူ့ဘက်က သူကြိုးစားနေတယ်။ ဘာမှ မရတော့ လေယာဉ်ပျံသုံးတယ်။ အဲဒီ လေယာဉ်ပျံမရတော့ ကိုယ့်အတွင်းမှာ လှိုက်လှဲဖြိုခွဲအောင် သပ်ရှိုတွေလုပ်တာ။ အဲဒါကို ကျနော်တို့က လေ့လာမှု မရှိရင် သူ့ဘက်ကို ပါသွားရော့။ ဒါကြောင့် ဒါသိပ်အရေးကြီးပါတယ်။ ဒီကနေ့ကာလက”ဟု ပဒိုစောသမိန်ထွန်းက ပြောသည်။

တိုင်းရင်းသားပြည်သူ၊ နိုင်ငံရေးပါတီ၊ လက်နက် ကိုင်အဖွဲ့အစည်းအားလုံးက တက်ညီလက်ညီ စုစည်းညီညွတ်စွာ လုပ်ဆောင်ကြရမည်ဟုလည်း ၎င်းက ဆိုသည်။

” ဒီစစ်အာဏာရှင်စနစ်ကို အပြုတ်တိုက်မှ ကျနော်တို့ ရချင်တဲ့ဖက်ဒရယ် ဒီမိုကရေစီ ရမှာ။စစ်အာဏာရှင်စနစ်ရှိနေသမျှ အုပ်စုရှိနေသမျှ ဘယ်တော့မှ ဖက်ဒရယ်ဒီမိုကရေစီဆိုတာ ရမှာ မဟုတ်ဘူး”ဟုလည်း ပဒိုစောသမိန်ထွန်းက ပြောသည်။

KNUသည် စစ်တပ်အာဏာသိမ်းစကတည်းက စစ်ကောင်စီကို ခုခံတော်လှန်တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖြစ်ပြီး သုံးနှစ်ခွဲကျော် ကာလအတွင်း တိုက်ပွဲကြီးငယ် သောင်းချီပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည်။

ထို့ပြင် စစ်အာဏာရှင်ဆန့်ကျင်တိုက်ပွဲဝင်မည့်သူများကို စစ်ပညာ သင်ကြားပေးမှု အပါအဝင် ကူညီပံ့ပိုးမှုများ လုပ်ဆောင်ပေးခဲ့ပြီး လက်ရှိ KNU ခရိုင်တပ်မဟာအသီးသီးတွင် PDFများနှင့်အတူ လက်တွဲကာ တိုက်ပွဲဝင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

တစ်နိုင်လုံးရဲ့ ဆန့်ကျင်တော်လှန်မှုအရှိန်အဟုန်ကြောင့် အာဏာသိမ်းစစ်ကောင်စီရဲ့ အခြေအနေဟာ ပြိုလဲ ကျဆုံးချိန်ရောက်နေပြီလို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြား လိုက်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ကို အပြီး သတ်သိမ်းနိုင်ဖို့အတွက် ကျန်ရှိနေတဲ့ စစ်ကောင်စီတပ် ဗျုဟာနဲ့ တပ်ရင်း ၂ ရင်း ကို KNU တပ်မဟာ (၅) ပူးပေါင်းတပ်တွေက ဝန်းရံပိတ်ဆို့ထားဆဲဖြစ်တယ်လို့ တပ်မဟာ (၅) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်နဲ့တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ထားတဲ့ ကရင်အမျိုးသားအစည်းအရုံး ( KNU) ရဲ့ တပ်မဟာ (၆) ဒူပလာယာ ခရိုင် ရဲ့ နယ်မြေခေါင်းဆောင်ပိုင်း အပြောင်းအလဲကို ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ် လိုက်တယ်လို့ တပ်မဟာ ၆ ရဲ့ သတင်းရင်းမြစ်ထံကသိရပါတယ်။