Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုမြို့နှင့် ခင်ဦးမြို့နယ်ကြားရှိ စစ်ကောင်စီ၏ မဒေါင်းလှစခန်းကို PDF သိမ်းပိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နှင့် ခင်ဦးမြို့နယ်ကြားရှိ စစ်ကောင်စီ၏အဓိက စခန်းဖြစ်သော မဒေါင်းလှရွာစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ (ဩဂုတ် ၁၈ရက်) နံနက်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်သည်။

ရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်းမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MOD

သားကြီး/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နှင့် ခင်ဦးမြို့နယ်ကြားရှိ စစ်ကောင်စီ၏အဓိက စခန်းဖြစ်သော မဒေါင်းလှရွာစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ (ဩဂုတ် ၁၈ရက်) နံနက်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်သည်။

စစ်ကောင်စီနှင့် ပျူစောထီးများ အခိုင်အမာတပ်စွဲထားသော အဆိုပါစခန်းကို ယနေ့ နံနက် အစောပိုင်းတွင် စတင်တိုက်ခိုက်ပြီး နံနက် ၁၁ နာရီခန့်တွင် သိမ်းယူနိုင်ခြင်းဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မဒေါင်းလှစခန်းသည် ရွှေဘို-မြစ်ကြီးနားကားလမ်းဘေး၌ တည်ရှိပြီး ခင်ဦးမြို့နယ်အတွင်းပါဝင်သည်။

အင်အား ၅၀ခန့်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီ၏ အခိုင်အမာစခန်းဖြစ်သည်။ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်မှုကို မသိရသေးပေ။

ခင်ဦးမြို့သည် ရွှေဘိုခရိုင်၌ပါဝင်ပြီး ရွှေဘိုခရိုင်နှင့် ဆက်စပ်နေသော ရေဦးခရိုင်မှ ဒီပဲယင်းမြို့ကိုလည်း ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့များက ယနေ့နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ညနေပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့များက ဒီပဲယင်းမြို့ရှိ စစ်​ကောင်စီတပ်စခန်းများကို အပြင်းအထန်ထိုးစစ်ဆင်ပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဲ​နေရာ အပြီးသတ်သိမ်းပိုက်နိုင်ပြီဖြစ်ပြီး တမြို့လုံးအား သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အဝင်တွင် တိုက်ပွဲနှစ် ကြိမ် ဖြစ်ပွားရာ စစ်ကောင်စီတပ် ထိခိုက်မှုရှိခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲနှင့်ဂွမြို့ကြားရှိ ကျိန္တလီမြို့မှ စစ်ကောင်စီစခန်းများအားလုံးကို အာရက္ခတပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တမြို့လုံးအား AAက ထိန်းချုပ်လိုက်ပြီဟု မြေပြင်စစ်ရေးသတင်းရင်းမြင့်များနှင့် ဒေသခံအချို့ကပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာနှင့် ခင်ဦးမြို့နယ်တို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပြည်သူ သုံးဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။