Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

‘မြန်မာ့နွေဦးတော်လှန်ရေး၏ အောင်မြင်မှုများအပေါ် ရှုမြင်ချက်များ’ ခေါင်းစဥ်ဖြင့် ဆွေးနွေးဟောပြောပွဲပြုလုပ်မည်

တော်လှန်ရေးအင်အားစုများက နိုင်ငံတဝန်း စခန်းသိမ်းနှင့် မြို့သိမ်းတိုက်ပွဲများ အရှိန်အဟုန်ကောင်းလာချိန်တွင် ပြည်တွင်း၊ ပြည်ပ နိုင်ငံရေးခေါင်းဆောင်များ၊ ပညာရှင်များ ပါဝင်ဟောပြောမည့် အစီအစဥ်တရပ်ကို သြဂုတ် ၂၁ ရက်တွင် ကျင်းပမည်ဖြစ်သည်။

လီလီယန်/People’s Spring

တော်လှန်ရေးအင်အားစုများက နိုင်ငံတဝန်း စခန်းသိမ်းနှင့် မြို့သိမ်းတိုက်ပွဲများ အရှိန်အဟုန်ကောင်းလာချိန်တွင် ပြည်တွင်း၊ ပြည်ပ နိုင်ငံရေးခေါင်းဆောင်များ၊ ပညာရှင်များ ပါဝင်ဟောပြောမည့် အစီအစဥ်တရပ်ကို သြဂုတ် ၂၁ ရက်တွင် ကျင်းပမည်ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG က စီစဥ်သည့် အထက်ပါ ဟောပြောဆွေးနွေးပွဲကို “မြန်မာ့နွေဦးတော်လှန်ရေး၏ အောင်မြင်မှုများအပေါ် ရှုမြင်ချက်များ – Insights on the achievements of Myanmar’s Spring Revolution” ဟု အမည်ပေးထားပြီး ယာယီသမ္မတ ဒူဝါလရှီးလ၊ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း၊ တီမောလက်စတေး သမ္မတ ဟိုဆေးရာမို့စ်ဟောတာ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ဥက္ကဋ္ဌ ခူရီးရယ်တို့ ပါဝင်ကြမည်ဖြစ်သည်။

Public Service Announcement

Public Service Announcement

အထက်ပါပုဂ္ဂိုလ်များနှင့်အတူ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာကာဆစ်ပီရိုမြ၊ သြစတြေးလျလွှတ်တော်အမတ် ဂျနဲလ်ဆက်ဖ်ဖင်း၊ သြစတြေးလျစီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနဲလ်နှင့် ပရက်လူမှုအခြေပြုစင်တာ အကြီးတန်းအကြံပေး အစ်ဂေါဘလာဇီဗစ်တို့ ပါဝင်ဆွေးနွေးကြမည်ဖြစ်သည်။

တီမောလက်စတေး(အရှေ့တီမော)သမ္မတ ရာမို့စ်ဟောတာသည် မြန်မာ့ဒီမိုကရေစီအရေးကို ဆယ်စုနှစ်နှင့်ချီ ထောက်ခံအားပေးခဲ့ပြီး လက်ရှိတွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို နိုင်ငံတကာမျက်နှာစာတွင် တရားဝင်အသိအမှတ်ပြုဆက်ဆံနေသည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာကာဆစ်ပီရိုမြသည် အာဆီယံပါလီမန် လူ့အခွင့်အရေးဆိုင်ရာ ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီနှင့် ဆက်ဆံနေသော ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ မူဝါဒမှားယွင်းမှုများကို ဝေဖန်ထောက်ပြလေ့ရှိသူ ဖြစ်သည်။

သြစတြေးလျလွှတ်တော်အမတ်ဂျနဲလ်ဆက်ဖ်ဖင်းသည် လူထုခေါင်းဆောင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ရင်းနှီးသည့်မိတ်ဆွေတစ်ဦးဖြစ်ပြီး မြန်မာ့ဒီမိုကရေစီအရေးကို အားပေးထောာက်ခံသူဖြစ်သည်။ မြန်မာပြည်သူများနှင့် ရင်းနှီးပြီးဖြစ်သော ပါမောက္ခရှောင်တာနဲလ်သည် NUG ကြားကာလဗဟိုဘဏ် အထူးအကြံပေးအဖြစ် တာဝန်ထမ်းဆောင်နေသည်။

ချက်နိုင်ငံသား မစ္စတာအစ်ဂေါဘလာဇီဗစ်သည် လွန်ခဲ့သည့်ဆယ်စုနှစ်ကျော်ကတည်းက မြန်မာနိုင်ငံတွင် ပြည်သူ့နီတိနှင့် ဒီမိုကရေစီအရေးသင်တန်းများစွာ ပို့ချပေးခဲ့ပြီး ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင်လည်း တော်လှန်ရေးအင်အားစုများကို အားပေးကူညီကာ တော်လှန်ရေးဆိုင်ရာဆောင်းပါးများကို စဥ်ဆက်မပြတ်ရေးသားနေသူဖြစ်သည်။

အထက်ပါဆွေးနွေးဟောပြောမှုအစီအစဥ်ကို NUG ၊ CRPH ၊ PVTV ၊ Radio NUG ၊ DVB Mizzima ၊ ခေတ်သစ် ၊ D Day Channel ၊ ဒီလမ်း ၊ နွေဦးအသံ ၊ People’s Spring ၊ သံလွင်တိုင်းမ်၊ Delta News Agency၊ မမများနဲ့ပွဲကမယ် နှင့် Red Peacock ပေ့ချ်များ အပြင် အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးဌာနအသီးသီးရဲ့ လူမှုကွန်ယက်စာမျက်နှာများမှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီ လမ်းကြောင်း ပြောင်းလဲရေး ဆက်လက် ဖိအားပေးရန် အမေရိကန်နှင့် တော်လှန်ရေးအင်အားစုများအကြား သဘောတူညီခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဆောင်းပါး

ပြီးခဲ့တဲ့ရက်တွေမှာ ရှစ်လေးလုံးအထိမ်းအမှတ် စကားပြောရတာတွေ ရှိခဲ့တော့ ညီညွတ်ဖို့ထက် စည်းလုံးဖို့ အရေးကြီးတာကို ပြောဖြစ်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတအပါအဝင် တော်လှန်ရေးအင်အားစုခေါင်းဆောင်များနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် Tom Sullivan တို့ဦးဆောင်သည့်အဖွဲ့တို့ ယမန်နေ့(သြဂုတ် ၁၅ရက်)တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ လုံးဝကျဆင်းနေပြီး စစ်တိုက်ရာ၌လည်း အောက်ဆုံးအဆင့် ရောက်ရှိနေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF ဒုတိယစစ်ဦးစီးချုပ် ကိုမာဝီက ပြောသည်။