Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်သာတွင် ရဲတပ်သားတစ်ဦး ပကဖထံ အလင်းဝင်လာ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် ရဲတပ်သားတစ်ဦး တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ထံ လက်နက်ခဲယမ်းများယူလာပြီး အလင်းဝင်လာသည်။

အလင်းဝင်လာသော ရဲတပ်သားက လက်နက်အပ်နှံနေစဥ်။ ဓာတ်ပုံ-တောင်သာပကဖ

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် ရဲတပ်သားတစ်ဦး တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ထံ လက်နက်ခဲယမ်းများယူလာပြီး အလင်းဝင်လာသည်။

သြဂုတ် ၁၇ရက်က မှော်ဘီမြို့ရှိ ရဲတပ်ရင်း(၅)မှ ရဲတပ်သား မျိုးချစ်သူသည် တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ G-3အမျိုးအစား တစ်လက်၊ ကျည် ၁၅၀ တောင့်၊ လက်ပစ်ဗုံး တစ်လုံးနှင့်အတူ ပြည်သူ့ရင်ခွင် ခိုလှုံလာကြောင်း တောင်သာပကဖ၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“သူက သပိတ်ကျင်းဇာတိ။ လွန်ခဲ့တဲ့ တစ်နှစ်ခွဲကျော်လောက်က သပိတ်ကျင်းကနေ မြဝတီဘက်ကိုအသွားမှာ ဖုန်းစစ်တဲ့အချိန်မှာ PDF တွေနဲ့ဆက်သွယ်ထားတာ PDF ထဲဝင်ဖို့။ တွေ့တော့ အဖမ်းခံရပြီးတော့ သူ့ကို ထောင်ကျခံမလား ရဲထဲလုပ်မလား ရဲထဲဝင်လုပ်တာ။ မှော်ဘီရဲတပ်ရင်း(၅)မှာ။”ဟု တောင်သာပကဖ၏ တာဝန်ရှိသူက ပြောသည်။

၎င်းအား ကျပ်သိန်း၅ဝ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း တောင်သာပကဖက အသိပေးသည်။

သြဂုတ် ၁ဝရက်က စတင်ခဲ့သည့် မြင်းခြံခရိုင် အထူးစစ်ဆင်ရေး Myingyan District Special Operation (MDSO)အဖြစ် နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံမြို့များတွင် စစ်ဆင်ရေးများပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မြို့အားထိန်းချုပ်ထားပြီး တိုက်ပွဲအတွင်း PDF ရဲဘော်နှစ်ဦး ကျဆုံး၊ စစ်သားနှင့်ပျူများ ထွက်ပြေး

သတင်း

မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် တောင်သာမြို့နယ်၊ ရုံးစည်ကြီးရဲစခန်းအား ဆက်လက် တိုက်ခိုက်နေပြီး စစ်ကောင်စီတပ် အထိအခိုက်များကြောင်း သတင်းရရှိသည်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်နေ၍ ပြည်သူများအနေဖြင့် ဗုံးခိုကျင်းများတူးထားကြရန် တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က သတိပေးသည်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံ - တောင်သာလမ်းပိုင်းရှိ နန်းမြင့်တောင်တိုးဂိတ်စခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်ပြေးသွားပြီး စခန်းအားမီးရှို့ဖျက်ဆီးခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။