Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ပြည်သူတွေ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၁၈) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၁၈) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ ရွာပေါင်းစုံသပိတ်စစ်ကြောင်းက အောင်လံလွှင့်မည်ရွှေရေကြည်သပိတ်စစ်ကြောင်းနဲ့ပူးပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ချီတက်ဆန္ဒပြခဲ့ပြီး “နာခံမှုကိုငြင်းဆန်” လူထုလှုပ်ရှားမှု စာစဥ် (၁)ကိုလည်း ပြည်သူတွေကို မျှဝေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည်ဒေါင်းသွေးနီ လူထုသပိတ်စစ်ကြောင်းက အာဏာသိမ်းစစ်တပ်၊ အကြမ်းဖက်စစ်တပ်ကို အလိုမရှိကြောင်းနဲ့ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

ဝက်လက်မြို့နယ်မှာလည်း လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ​က မြို့နယ်အတွင်းရှိ ပြည်သူ့အခြေပြု စာသင်ကျောင်းတွေနဲ့ ဒေသခံပြည်သူတွေကို အထွေထွေအာဏာဖီဆန်ရေး ဘူးသပိတ်စာစဥ်ဖြန့်ဝေခြင်းနဲ့ ဟောပြောပွဲတွေ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်၊ ဝက်လက်လူထုသပိတ်

ဆက်စပ်သတင်းများ

သတင်း

တိုင်းရင်းသားပြည်သူလူထု တရပ်လုံးအား စိတ်ရောကိုယ်ပါ အမျိုးမျိုး၊ အဖုံဖုံအခါမလပ် ဒုက္ခပေးနေသော အကြမ်းဖက်စစ်ကောင်စီအား အမြစ်ဖြတ်ချေမှုန်းရေးအတွက် မွန်ပြည်သူများအပါအဝင် မွန်အင်အားစုအားလုံး တက်ညီလက်ညီ တိုက်ပွဲဝင်ကြရန် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(MNLA-AD)၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF)တို့က ယနေ့ ပူးတွဲထုတ်ပြန် တိုက်တွန်းလိုက်သည်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဒီကနေ့ (သြဂုတ် ၁၇) အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဒီကနေ့ (သြဂုတ် ၁၆) မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဒီကနေ့ (သြဂုတ် ၁၅) အသီးသီး ဆန္ဒပြခဲ့ပါတယ်။