Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ လမ်းကြောင်းပြောင်းလဲရေး အမေရိကန် ဆက်လက်ဖိအားပေးမည်

အာဏာသိမ်းစစ်ကောင်စီ လမ်းကြောင်း ပြောင်းလဲရေး ဆက်လက် ဖိအားပေးရန် အမေရိကန်နှင့် တော်လှန်ရေးအင်အားစုများအကြား သဘောတူညီခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အီယိုရီ/People’s Spring

အာဏာသိမ်းစစ်ကောင်စီ လမ်းကြောင်း ပြောင်းလဲရေး ဆက်လက် ဖိအားပေးရန် အမေရိကန်နှင့် တော်လှန်ရေးအင်အားစုများအကြား သဘောတူညီခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် Tom Sullivan ဦးဆောင်သည့်အဖွဲ့နှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတအပါအဝင် တော်လှန်ရေးအင်အားစုများ သြဂုတ် ၁၆ ရက်တွင် တွေ့ဆုံခဲ့ရာ စစ်ကောင်စီကို ဆက်လက်ဖိအားပေးရေး အရေးကြီးမှုနှင့် အကြမ်းဖက်မှုများ ကျယ်ပြန့်လာချိန်တွင် မည်သည့်အဖွဲ့အစည်းကဖြစ်စေ ကျူးလွန်သော ကြမ်းကြုတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ခံမှုမြှင့်တင်ရေး အမေရိကန်က ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆွေးနွေးခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့တွေ့ဆုံမှုတွင် NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ NUCC ကောင်စီဝင်များ၊ K2C(KNU၊ KNPP၊ CNF)ခေါင်းဆောင်များတက်ရောက်ခဲ့ပြီး အမေရိကန် နိုင်ငံခြားရေးအကြံပေးပုဂ္ဂိုလ်နှင့်အတူ အမေရိကန် အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးမှုအေဂျင်စီ(USAID)လက်ထောက်အုပ်ချုပ်ရေးမှူးတို့လည်း တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံတွင် ပဋိပက္ခ အဆုံးသတ်ကာ ငြိမ်းချမ်းမှုနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိရေးအတွက် အာဆီယံနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့အပါအဝင် နိုင်ငံတကာအသိုင်းအဝန်းနှင့်အတူ အထက်ပါအကြံပေးပုဂ္ဂိုလ်နှင့် ကိုယ်စားလှယ်များက အတူတကွလုပ်ဆောင်ရန် ကတိပြုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြသည်။

အထက်ပါတွေ့ဆုံမှုတွင် အမေရိကန်ပြည်ထောင်စုက မြန်မာပြည်သူလူထုအတွက် လိုအပ်နေသော လိုအပ်ချက်များ၊ အထူးသဖြင့် လူသားချင်းစာနာမှု အထောက်အကူပေးခြင်း၊ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်နိုင်သည့် နေရာများ ပိုမိုများပြားလာချိန်တွင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ပေးအပ်ရန်၊ လိုအပ်ချက်များကို တိုက်ရိုက်ကူညီပေးရန် အချက်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်၍ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ)ဆရာတော်၏ ကျောင်းတိုက် ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ရခိုင်ပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်​နေသောဧရာဝတီတိုင်းရှိ မြို့များမှ ဆေးရုံများ၊ ဘောလုံးကွင်းများ၌ စစ်ကောင်စီက ဝင်ရောက်တပ်စွဲလိုက်ပြီး အရပ်သားများအားဖမ်းဆီးမှုများ ပြုလုပ်လာသည်။

သတင်း

မန္တလေးမြို့ပေါ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်က စစ်မှုထမ်းရန် လူငယ်များအား ဖမ်းဆီးနေပြီး နယ်ဝေးမှအလုပ်လာလုပ်သူများပါ ဖမ်းဆီးခံနေရကြောင်း မြို့ခံများက ပြောသည်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့ရှိ တပ်မကုန်း ကာကွယ်ရန် စစ်ကောင်စီတပ်က မြို့တွင်းစစ်ရေးလှုပ်ရှားမှုနေရာယူ စစ်အင်အားဖြည့်တင်းမှုများပြုလုပ်လျက်ရှိကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။