သြဂုတ်-၈၊၂၀၂၅။ သုည/People’s Spring
အကြမ်းဖက် စစ်ကောင်စီ တပ်စွဲထားသည့် ဗောဓိတစ်ထောင် အပါအဝင် မုံရွာ – မန္တလေး လမ်းမကြီးပေါ်နှင့် မုံရွာ မုဒ်ဦးရှေ့ စသည့် နေရာတို့တွင် မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနှင့် တက်ကြွလူငယ်များ ပူးပေါင်း၍ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ လှုပ်ရှားမှုများ ဖော်ဆောင်ခဲ့သည်။
ယနေ့ နံနက်ပိုင်းတွင် ရှစ်အက္ခရာပါသည့် ဘောလုံးအကျီများ ဝတ်ဆင်ထားသည့် လူငယ်များသည် စစ်ကောင်စီ စိုးမိုးဧရိယာနှင့် တော်လှန်ရေးဧရိယာများတွင် ရှစ်လေးလုံး ( Global Movement ) ထီးသပိတ် လှုပ်ရှားမှုအား ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
(၁၉၈၈) ခုနှစ်မှသည် ယနေ့အချိန် စစ်အာဏာရှင်တို့၏ ရက်စက်ယုတ်မာမှုအပေါင်းအား မမေ့လျော့ကြပါရန်နှင့် နိုင်ငံရေး ထောင်ချောက် တစ်ခုဖြစ်သည့် တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို ပြည်သူလူထုတရပ်လုံး စည်းလုံးညီညွတ်မှုဖြင့် ပြင်းထန်စွာ တွန်းလှန်သပိတ်မှောက်ကြရန် မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ ရှစ်လေးလုံးလူထုလှုပ်ရှားမှုနှင့်အတူ နှိုးဆော်ခဲ့သည်။

Public Service Announcement
ဓာတ်ပုံ – မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ
