close
Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်၌စစ်ကောင်စီလက်နက်ကြီးကြောင့် အရပ်သား​သေဆုံးထိခိုက်သေဆုံးမှု ၄ ရက်ဆက်ကြုံ

ဖားကန့်တွင် ယ‌မန်နေ့ည၉နာရီကျော်ကစစ်ကောင်စီဗျူဟာကုန်းမှပစ်လိုက်သည့် လက်နက်ကြီးသည် လူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲပြီး အမျိုးသမီး၁ဦးထပ်မံသေဆုံးတာ ပြည်သူ ၅ ဦးဒဏ်ရာရရှိခဲ့သည်။

ဒဏ်ရာရသူများကို လူနာတင်ယာဥ်​ပေါ်သို့တင်​ဆောင်စဥ်။ဓါတ်ပုံ-CJ

သြဂုတ်-၈၊၂၀၂၅။ဇော်ရမ်း/People’s Spring

ဖားကန့်တွင် ယ‌မန်နေ့ည၉နာရီကျော်ကစစ်ကောင်စီဗျူဟာကုန်းမှပစ်လိုက်သည့် လက်နက်ကြီးသည် လူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲပြီး အမျိုးသမီး၁ဦးထပ်မံသေဆုံးတာ ပြည်သူ ၅ ဦးဒဏ်ရာရရှိခဲ့သည်။

သြဂုတ် ၇ ရက်ည ၉နာရီ၂၀မိနစ်တွင်စစ်တပ်ဗျူဟာကုန်းကလက်နက်ကြီးပစ်ခတ်ခဲ့ခြင်းဖြစ်​ကြောင်း​ဒေသခံများက​ပြောသည်။ ဆိုင်းတောင်ကျေးရွာ၊ ဆုတောင်းတောင်မှ လူနေအိမ် ပေါ်ကျရောက်ပေါက်ကွဲခြင်းဖြစ်​ကြောင်း​ဒေသခံအချို့က​ပြောသည်။

“လက်ရှိကြားရသလောက်အသက်ကြီးအမျိုးသမီးတစ်ဦးသေဆုံးတယ်။ ဒဏ်ရာရသူတွေလည်းရှိထားတယ်။ လက်နက်ကြီးရန်ကြောင့် ဒေသခံတွေ အပြင်မထွက်ရဲကြဘူး”ဟု ဆိုင်းတောင်တွင်နေထိုင်သူ တစ်ဦးကပြောသည်

Public Service Announcement

Public Service Announcement

ထိုဖြစ်စဉ်သည် ဖားကန့်၌ စစ်ကောင်စီလက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် လေးရက်ဆက်အရပ်သားထိခိုက်သေဆုံးမှုဖြစ်သည်။

ဩဂုတ်လ ၄ရက်ကပစ်ခတ်မှုတွင်အသက် ၃ နှစ်အရွယ်ကလေးငယ်အပါအဝင်၃ဦးသေဆုံးပြီး ၁၃ဦးဒဏ်ရာရခဲ့သည်။ဩဂုတ်လ ၅ရက်က ပစ်ခတ်မှုတွင်ရှရော်ခရွာ၊စည်ပင်ကွက်သစ်အတွင်းလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ဆယ်တန်းကျောင်းသူအပါအဝင် သုံးဦးသေဆုံးကာ ၉ဦး ဒဏ်ရာရခဲ့သည်။

ဩဂုတ်လ ၆ ရက်ကလည်း လက်နက်ကြီးဖြင့်ပစ်ခတ်၍ အရပ်သားထိခိုက်မှုရှိခဲ့ပြီး သြဂုတ် ၇ ရက်တွင်လည်း လက်နက်ကြီးဖြင့်ထပ်မံပစ်ခတ်ခြင်းဖြစ်သည်။ ထို့အပြင်ဩဂုတ်လ ၇ရက် ညနေပိုင်းတွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့်ဖားကန့်ကိုဗုံးကြဲခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ဗန်းမော်မြို့တွင်ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီ တပ်အကြားတိုက်ပွဲများရက်ဆက်ဖြစ်ပွားနေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

ထားဝယ်ခရိုင်၊လောင်းလုံးမြို့ပေါ်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေလို့နေအိမ်အချို့ထိခိုက်ပျက်စီးပြီး မြို့နေပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင် တပ်မဟာ(၃) နယ်မြေ ကျောက်ကြီး(လယ်ဒို)မြို့နယ်သို့ အာဏာသိမ်းစစ်ကောင်စီက ဒရုန်း၊လက်နက်ကြီးများဖြင့်ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့၍ထိခိုက်ပျက်စီးမှုအချို့ရှိသည်ဟု KNU ဗဟိုက သတင်းထုတ်ပြန်သည်။

သတင်း

စစ်တပ်အာဏာသိမ်းမှုတွင် အဓိကပါဝင်ခဲ့သည့် စစ်ဗိုလ်ချုပ်ဟောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေ ယနေ့ (ဩဂုတ် ၇ရက်)တွင် သေဆုံးခဲ့မှုအပေါ် ဝမ်းနည်းကြောင်း ၀လက်နက်ကိုင်တပ် UWSAက သဝဏ်လွှာပေးပို့ခဲ့သည်။