close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အခွန်တိုးကောက်လို့ အမေရိကန်ဆီက လက်နက်ဝယ်ဖို့ ဆွေးနွေးနေတာကို အိန္ဒိယ ရပ်ဆိုင်း

အမေရိကန်ဖက်က သွင်းကုန်အခွန်တွေ တိုးကောက်တဲ့နောက် အိန္ဒိယကလည်း အမေရိကန်ဆီက လက်နက် ဝယ်ယူဖို့ ဆွေးနွေးနေတာတွေကို ဆိုင်းငံ့ထားလိုက်ပါတယ်။

Reuters

အမေရိကန်ဖက်က သွင်းကုန်အခွန်တွေ တိုးကောက်တဲ့နောက် အိန္ဒိယကလည်း အမေရိကန်ဆီက လက်နက် ဝယ်ယူဖို့ ဆွေးနွေးနေတာတွေကို ဆိုင်းငံ့ထားလိုက်ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အိန္ဒိယဟာ ရုရှားရေနံတွေကို ဆက်လက် ဝယ်ယူနေတာကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ အိန္ဒိယရဲ့ သွင်းကုန်တွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း မြှင့်တင် သတ်မှတ်မယ်လို့ ကြေညာခဲ့ပါတယ်။

အစောပိုင်းတုန်းက အိန္ဒိယဟာ လက်နက်ဝယ်ယူရေးကိစ္စ ညှိနှိုင်းဖို့အတွက် ကာကွယ်ရေး ဝန်ကြီး ရက်ဂျ်နက်သ် ဆင်းကို ဝါရှင်တန် ဒီစီဆီ စေလွှတ်ဖို့ ရည်ရွယ်ထားခဲ့ပါတယ်။ ဒါပေမဲ့လည်း အခုတော့ အဲဒီ ခရီးစဉ်ကို ပယ်ဖျက်ထားလိုက်ပြီလို့ အိန္ဒိယ အစိုးရ သတင်းရင်းမြစ် ၃ ခုက ဆိုပါတယ်။

ဩဂုတ် ၆ ရက်နေ့မှာ ထရမ့်က အိန္ဒိယရဲ့ သွင်းကုန်တွေကို အခွန် ၂၅ ရာခိုင်နှုန်း ထပ်တိုးမယ်လို့ အတည်ပြုခဲ့တာကြောင့် စုစုပေါင်း အခွန်သတ်မှတ်ချက်ဟာ ၅၀ ရာခိုင်နှုန်းထိ ရောက်ရှိသွားပါတယ်။ ဒါဟာ ကုန်သွယ်ဖက် နိုင်ငံတွေအပေါ် အမေရိကန်က စည်းကြပ်တဲ့ အခွန်တွေထဲမှာ ပမာဏ အများဆုံး စာရင်းထဲ ပါဝင်သွားပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်ဟာ ကိုယ်တိုင် သတ်မှတ်ထားတဲ့ အခွန်နှုန်းထားတွေကို ခပ်မြန်မြန်ပဲ ပြန်ပြင်တဲ့ မှတ်တမ်းဟောင်းတွေလည်း ရှိခဲ့ပြီး အိန္ဒိယကတော့ ထရမ့်နဲ့ ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲလို့ ကြေညာထားပါတယ်။

အိန္ဒိယက ထရမ့်ရဲ့ အခွန်သတ်မှတ်ချက်တွေဟာ မျှတမှု ကင်းမဲ့တယ်လို့ ခံစားရကြောင်း ဝေဖန်ထားပြီး အဲဒါကို တုံ့ပြန်တဲ့ အနေနဲ့ General Dynamics ကုမ္ပဏီဆီကနေ Stryker တိုက်ခိုက်ရေးယာဉ်တွေ၊ Raytheonနဲ့ Lockheed Martinတို့ ပူးပေါင်းထုတ်လုပ်တဲ့ Javelin တင့်ကားဖျက် ပခုံးထမ်း ဒုံးကျည်တွေ ဝယ်ယူမယ့်ကိစ္စ ဆွေးနွေးမှုတွေကို ရပ်တန့်ထားလိုက်တာပါ။

အဲဒီစစ်လက်နက်တွေကို အိန္ဒိယက ဝယ်ယူဖို့ ဆွေးနွေးနေတယ် ဆိုတာကို ထရမ့်နဲ့ အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီတို့က ဖေဖော်ဝါရီလမှာ ပူးပေါင်း ထုတ်ပြန်ခဲ့ပါတယ်။ ဆင်းရဲ့ ခရီးစဉ် အတောအတွင်း အိန္ဒိယဟာ Boeing ကုမ္ပဏီထုတ် P8I အမျိုးအစား ထောက်လှမ်းရေး လေယာဉ်ငယ် ၆ စီးနဲ့ ရေတပ်အတွက် သယ်ယူပို့ဆောင်ရေး စနစ်တွေ ဝယ်ယူနိုင်ရေး ဖြည့်တင်း ဆွေးနွေးဖို့ပါ စီစဉ်ထားခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ P8Iတွေကို ဒေါ်လာ ၃.၆ ဘီလီယံနဲ့ ဝယ်ယူမယ့် ဆွေးနွေးမှုဟာ အတော်လေး အဆင်ချောတဲ့ အခြေအနေမှာတောင် ရှိနေခဲ့ပေမယ့် အခုတော့ ဆင်းရဲ့ခရီးစဉ် ဖျက်သိမ်းခြင်းနဲ့အတူ မရေရာတော့ပါဘူး။

အိန္ဒိယဟာ အစဉ်အလာအရ ရုရှားစစ်လက်နက်တွေကို အဓိက မှီခိုနေခဲ့ရပေမယ့် လောလောဆယ်တော့ ရုရှားဆီကနေ လက်နက်ဝယ်ယူမှုတွေ မလိုအပ်သေးကြောင်း ထိပ်ပိုင်း ကာကွယ်ရေး အရာရှိ နှစ်ဦးက မှတ်ချက် ပေးထားပါတယ်။ အိန္ဒိယဟာ ကာကွယ်ရေး ကဏ္ဍအတွက် ရုရှားအပေါ် လွန်လွန်ကျွံကျွံ မှီခိုနေရတာကို လျှော့ချဖို့ အမေရိကန် အပါအဝင် မိတ်ဖက်သစ် နိုင်ငံတွေနဲ့ ချိတ်ဆက်နေပေမယ့် ရုရှား-အိန္ဒိယ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကတော့ လုံးလုံးလျားလျား ပပျောက်သွားမှာ မဟုတ်ကြောင်း လေ့လာသူတွေက သုံးသပ်ထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရိုကို ဖမ်းဆီးနိုင်ဖို့ အထောက်အကူဖြစ်မယ့် သတင်းအချက်အလက်မျိုး ပေးနိုင်ရင် ဆုငွေ ဒေါ်လာ သန်း ၅၀ ထိ တိုးမြှင့် ချီးမြှင့်မယ်လို့ အမေရိကန်က ကြေညာခဲ့ပါတယ်။

သတင်း

အမေရိကန် နှင့် ပြင်သစ်နိုင်ငံရောက်မြန်မာများက မကြာခင်ရောက်လာတော့မည့် (၃၇)နှစ်မြောက် ရှစ်လေးလုံး အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ရှစ်လေးလုံးထီးသပိတ်ကိုအထင်ကရ​နေရာ​တွေမှာပြုလုပ်ခဲ့​ကြောင်းယ​နေ့ထုတ်ပြန်သည်။

သတင်း

သြဂုတ်-၇၊ ၂၀၂၅။ People’s Spring ဝါရှင်တန်အခြေစိုက် DCI Group ဟာ အာဏာသိမ်းစစ်ကောင်စီအတွက် အမေရိကန်အစိုးရကို လော််ဘီလုပ်ပေးဖို့အတွက်တစ်နှစ်လျှင်ဒေါ်လာ ၃ သန်းတန်စာချုပ်ကိုချုပ်ဆိုလိုက်ပြီလို့သိရပါတယ်။ အမေရိကန် ထရမ့်အစိုးရက စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်သူ စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ၄ဦးကို ပိတ်ဆို့ဒဏ်ခတ်မှုစာရင်းကနေ ဖယ်ရှားလိုက်ပြီး သီတင်းပတ်အနည်းငယ်အကြာမှာပဲ အာဏာသိမ်းစစ်ကောင်စီက...

နိုင်ငံတကာ

၇ နှစ်တာ ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် တရုတ်နိုင်ငံကို အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီ သွားရောက်မယ်လို့ သိရပါတယ်။