ဩဂုတ်-၁၄၊၂၀၂၅။တေဇ/People’s Spring
ပဲခူးတိုင်း သဲကုန်းမြို့နယ်အနီးပတ်ဝန်းကျင်မှ ကျေးရွာများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုများဆက်တိုက်ပြုလုပ်ကာ ပြည်သူများပိုင်ဆိုင်သည့် ပစ္စည်းများကို ခိုးယူနေကြောင်း ဒေသခံများကပြောသည်။
“တိုက်ပွဲဖြစ်တာလည်းမရှိပါဘူး။ရုံးပင်တတ်၊ ကြက်တိုက် ၊ဘိုကုန်းမှာ အိမ်တွေကို မီးရှို့သွားတယ်။ တချို့အိမ်တွေဆို လူမရှိရင် မီးရှို့မယ်ဆိုလို့ ကြောက်ကြောက်နဲ့ အိမ်စောင့်နေကြရတာ။” ဟု ဒေသခံတစ်ဦးကပြောသည်။
စစ်တပ်စစ်ကြောင်းများသည် ကျေးရွာများသို့ဝင်ရောက်ရာတွင် အဖွဲ့များခွဲ၍ မီးရှို့သည့် အဖွဲ့က မီးရှို့ကာ အခြားတစ်ဖွဲ့က ပြည်သူများ၏ ပစ္စည်းများကို ခိုးယူမှုများပြုလုပ်သည်ဟု ဒေသခံများကဆိုသည်။

Public Service Announcement
“ဆိုင်ကယ်တွေဆို ကလစ်ဘီးတွေ ၊ ဖောကားတွေနဲ့ကို တင်ပြီးယူသွားတာ။ ဖောကားနှစ်စီးစာမကဘူး” ဟု မျက်မြင်တွေ့ရသည့် ဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့်ရက်ကလည်း အထက်ပါကျေးရွာများအပါအဝင် ယင်းနေရာအနီးအနားမှ ကျေးရွာများကိုလက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သေးသည်ဟု ဒေသခံများကပြောသည်။
