close
Connect with us

Hi, what are you looking for?

သတင်း

အင်းတော်ကြီးဒေသတိုက်ပွဲ စစ်ကောင်စီပူးပေါင်းတပ်၏ ဂျန်မာယာဉ် KIA သိမ်းရ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ရွာတိုက်ပွဲအတွင်း စစ်ကောင်စီနှင့် SNA ပူးပေါင်းတပ် အသုံးပြုနေသည့် ဂျန်မာ(Jammer)တင်ယာဉ်ကို ကချင်လွတ်လပ်ရေတပ်မတော်(KIA)ပူးပေါင်းတပ်က သိမ်းပိုက်ရရှိခဲ့ဟု စစ်ရေးသတင်းရင်းမြစ်တဦးက ပြောသည်။

ဩဂုတ်−၁၈၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ရွာတိုက်ပွဲအတွင်း စစ်ကောင်စီနှင့် SNA ပူးပေါင်းတပ် အသုံးပြုနေသည့် ဂျန်မာ(Jammer) တင်ယာဉ်ကို ကချင်လွတ်လပ်ရေတပ်မတော် (KIA)ပူးပေါင်းတပ်က သိမ်းပိုက်ရရှိခဲ့ဟု စစ်ရေးသတင်းရင်းမြစ်တဦးက ပြောသည်။

ဇူလိုင်တွင် KIA က လက်လွှတ်ခဲ့ရသည့် အင်းတော်ကြီးဒေသ မိုင်းနောင်နှင့် မမုံကိုင်ကျေးရွာကို KIAက ယခုရက်ပိုင်းတွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ဩဂုတ် ၁၈ရက်က မိုင်းနောင်ရွာတိုက်ပွဲတွင် SNA၏ ဂျန်မာတင်ယာဉ်ကို သိမ်းရပြီး မီးရှိုးဖျက်ဆီးခဲ့ကြောင်း KIA စစ်ရေးသတင်းများ အဓိကဖော်ပြသည့် 7Stars Newsက ယနေ့တွင် ဓာတ်ပုံမှတ်တမ်းနှင့်အတူ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယင်းနှင့်ပတ်သက်၍ ကချင်စစ်ရေးသတင်းရင်းမြစ်က “မနေ့က သိမ်းရတာဟုတ်တယ်။ ဖျက်ဆီးလိုက်တာလည်း ဟုတ်တယ်။ လက်ရှိ အခြေအနေက စခတွေ အဲဒီမိုင်းနောင်ရွာမှာ မရှိတော့ဘူး ဆုတ်သွားပြီ။ အခုက ဟိုး လုံးတုံဘက် အဲဒီဘက်မှာ စုနေကြတာ”ဟု ပြောသည်။

မိုင်းနောင်နှင့် မမုံကိုင်ကျေးရွာကို ယခင်က KIAတပ်စွဲထားရာ ဇူလိုင် ၁၄ရက်တွင် စစ်ကောင်စီနှင့် ရှမ်းနီ SNA ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ တလအကြာတွင် KIAက ပြန်လည်သိမ်းပိုက်ထားသည်။

(စစ်ကောင်စီနှင့် SNA ပူးပေါင်းတပ် အသုံးပြုနေသည့် ဂျန်မာ(Jammer)တင်ယာဉ်ကို KIAပူးပေါင်းတပ်က သိမ်းပိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ − Screen Grab)

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ စစ်ကောင်စီတပ်နှင့် SNAပြည်သူ့စစ်တို့တပ်စွဲထားသော မိုင်းနောင်နှင့် မမုံကိုင်ကျေးရွာအား ပြန်လည်သိမ်းပိုက်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဩဂုတ် ၁၆ရက်ညပိုင်း၌ သတင်းဖော်ပြ သည်။

သတင်း

အာဏာသိမ်း စစ်ကောင်စီတပ်က တပ်စခန်းဟောင်းနေရာဖြစ်သည့် ကချင်ပြည်နယ် မံစီမြို့နယ် မန့်ဝိန်းကြီးဒေသ ကောင်းခန့်တပ်စခန်းကို ဩဂုတ် ၁၄ရက်ညသန်းခေါင်ယံတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ မံစီမြို့နယ် မန့်ဝိန်းကြီးဒေသကို စစ်ကောင်စီက တိုက်ပွဲမရှိဘဲ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ဟု ကချင်သတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲရက်ဆက်ဖြစ်ပွားနေသည့် ဗန်းမော်မြို့ကို စစ်ကောင်စီက ယနေ့(ဩဂုတ်၁၄ရက်) မနက်အစောတွင် လေကြောင်းထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Facebook