သြဂုတ်−၁၈၊၂၀၂၅။ သုည/People’s Spring
စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ငလျင်ဘေး အလှူငွေနဲ့ ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၁၈)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ ဒေသခံတွေက ပြည်သူတွေအပေါ် ရက်စက်စွာ လေကြောင်းတိုက်ခိုက်မှုတွေ ကျူးလွန်လျက်ရှိသော စစ်ကောင်စီကို “ငလျင်ဘေးအလှူငွေတွေနဲ့ ပြည်သူကို ဗုံးကြဲနေတာ ရပ် ” စာသားနဲ့ ကန့်ကွက်ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ လူထုသပိတ်ချီတက်ခဲ့ကြပါတယ်။

Public Service Announcement
ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းဟာ စစ်အာဏာရှင်စနစ်နဲ့ စစ်ကောင်စီက ပြုလုပ်မယ့် မတရားတဲ့စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြဖို့ လှုံဆော်ဆန္ဒပြခဲ့ပါတယ်။
စစ်ကိုင်းတိုင်းမှာ တော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုကြားထဲကနေ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေပါတယ်။
