close
Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမှာ တိုက်ပွဲဖြစ်၊ ကျေးရွာ၂၀လောက် စစ်ရှောင်နေရ

မန္တလေးတိုင်း၊မြင်းခြံမြို့ကထွက်လာတဲ့စစ်တပ်စစ်ကြောင်းနဲ့ တော်လှန် ရေးပူးပေါင်းတပ်တွေ ဒီနေ့ဩဂုတ် ၂၀ရက်မနက်ပိုင်းက ထိတွေ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွက ပြောပါတယ်။

၂၀၂၅ ဩဂုတ် ၉ရက်က မြင်းခြံမြို့နယ် တလုပ်မြို့ရွာစခန်းသိမ်းတိုက်ပွဲတွင် တွေ့ရသော တော်လှန်ရေးတပ်ဖွဲ့ ဝင်များ။ ဓာတ်ပုံ – Hein Min Tun

ဩဂုတ်−၂၀၊၂၀၂၅၊မေ/People’s Spring

မန္တလေးတိုင်း၊မြင်းခြံမြို့ကထွက်လာတဲ့စစ်တပ်စစ်ကြောင်းနဲ့ တော်လှန် ရေးပူးပေါင်းတပ်တွေ ဒီနေ့ဩဂုတ် ၂၀ရက်မနက်ပိုင်းက ထိတွေ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွက ပြောပါတယ်။

ဇူလိုင်နောက်ဆုံးပတ်ကစပြီး မြင်းခြံမြို့နယ်မှာ အင်အား ၁,၀၀၀ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းဟာ မြင်းခြံမြို့နယ်အရှေ့ခြမ်းနဲ့ နွားထိုးကြီးမြို့နယ်အနောက်‌တောင်ခြမ်း ထိစပ်နယ်မြေကို ရောက်နေပါတယ်။ အဲဒီဒေသ လက်သမားကန်ရွာကို အခြေပြုတပ်စွဲပြီး စစ်ကြောင်းတွေထွက် နေတာလို့ သိရပါတယ်။

“ဒီမနက်က ၉နာရီလောက်မှာ ဒီနားပတ်လည်မှာပဲ တိုက်ပွဲဖြစ်တယ်။စကစဘက်က အထိခိုက်တော့ မသိရသေးဘူး။ကျွန်တော်တို့ဘက်က တော့မရှိပါဘူး။အခုကို ခေါင်းပေါ်လေယာဉ်ဝဲနေတယ်”လို့ တော်လှန်ရေးတပ်ဖွဲ့ ဝင်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ စစ်ကြောင်းကြောင့် ကန်ဆင့်တောင်ရွာ၊ကန်ဆင့်မြောက်ရွာ၊တစိုး၊ လယ်သမားကန်ရွာအပါဝင် ဒီမြို့နယ်နှစ်ခုထိစပ်နေရာက ကျေးရွာပေါင်း ၂၀ လောက်ဟာ စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

ဒါ့အပြင်လယ်သမားကန်ရွာနားကကျေးရွာ၃ရွာလောက်ကိုလည်း စစ်တပ်က တပ်စွဲထားသေးတယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာရက်၂၀အတွင်းတစိုတစိုးရွာအနီးတောတိုက်နေ မိသားစု ၅လုံးစလုံးကို ဖမ်းဆီးသတ်ဖြတ်ထားပြီး နောက်ထပ် အသတ်ခံရတဲ့ ဒေသခံတွေလည်းရှိနိုင်သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​ကျောက်မဲမြို့နယ် ၊နောင်ပိန်ရွာအနီးမှာ တိုက်ပွဲ​တွေဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်းမှာ လေကြောင်းက​နေ ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ် ။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၌ ယနေ့(ဩဂုတ် ၂၀ရက်)တိုက်ပွဲအတွင်း စစ်ကောင်စီ၏ တင့်ကား ၁စီးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

ကချင်ပြည်နယ်ဗန်းမော်မြို့သို့စစ်သင်္ဘောများနှင့်ပို့ဆောင်ထားသည့်လက်နက်ခဲယမ်းများကိုဗန်းမော်ရှိလက်ကျန်စစ်ကောင်စီတပ်ဖွဲ့များထံ ဖြန့်ဝေရန် ကြိုးပမ်းနေ၍ တိုက်ပွဲများနေ့စဉ် ဖြစ်ပွား​နေကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများရှိသည့် ရွာများကို စစ်ကောင်စီက ယနေ့ နံနက်ပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံသုံးဦး သေဆုံးပြီး ထိခိုက်မှုများပြားကြောင်း သတင်းရရှိသည်။