close
Connect with us

Hi, what are you looking for?

သတင်း

ထော်သာရွာစခန်းသိမ်းတိုက်ပွဲ ပျူခေါင်းဆောင်အပါအဝင် ၁၉၀ဦးဖမ်းမိ၊ လက်နက် ၂၀ကျော်သိမ်းရဟု အမှတ်(၁)စစ်ဒေသ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်က ပျူစောထီးခေါင်းဆောင် အဲပန်ဦးစီးတဲ့ ထော်သာကျေးရွာပျူစခန်းသိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီး အမှတ်(၁)စစ်ဒေသက ဒီကနေ့ ဩဂုတ် ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။

သိမ်းရသော လက်နက်များနှင့် ဖမ်းမိသော သုံ့ပန်းများ။ ဓာတ်ပုံ − အမှတ်(၁)စစ်ဒေသ

သြဂုတ်-၂၀၊၂၀၂၅/People’s Spring

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်က ပျူစောထီးခေါင်းဆောင် အဲပန်ဦးစီးတဲ့ ထော်သာကျေးရွာပျူစခန်းသိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီး အမှတ်(၁)စစ်ဒေသက ဒီကနေ့ ဩဂုတ် ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။

ပျူစောထီးခေါင်းဆာင် အဲပန်အပါအဝင် ပျူစောထီးတွေနဲ့ မိသားစုဝင်တွေ စုစုပေါင်း ၁၉၀ဦး ဖမ်းဆီးရမိခဲ့တယ်လို့ အသိပေးထုတ်ပြန်ပါတယ်။ ပျူစောထီးအဖွဲ့ဝင် ၂၀ခန့်လည်း ထွက်ပြေးသွားတယ်လို့ အမှတ်(၁)စစ်ဒေသက ဖော်ပြပါတယ်။

သိမ်းရသော လက်နက်များနှင့် ဖမ်းမိသော သုံ့ပန်းများ။ ဓာတ်ပုံ − အမှတ်(၁)စစ်ဒေသ

ဒါ့အပြင် ပျူစခန်းသိမ်းတိုက်ပွဲကနေ ၆၀ မမပြောင်းနဲ့ RPG အပါအဝင် လက်နက် ၂၃ လက်၊ ခဲယမ်းအချို့နဲ့ ကျပ်သိန်း (၁၅၀) ကျော်ကိုလည်း သိမ်းဆည်းရတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ထော်သာရွာစခန်း သိမ်းပိုက်နေစဉ်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ ဖလက်ခွံယာဥ်တွေပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၃၀ခန့်နဲ့ တောင်းအင်ရွာက အင်အား ၅၀ခန့်ဟာ စစ်ကူပေးဖို့ အင်းတပေါင်းရွာဘက်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့‌ပေမယ့် ထော်သာရွာစခန်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

တိုက်ပွဲအတွင်းမှာ တံတားဦးလေတပ်က တက်လာတဲ့ Yak-130 (၁)စီးက ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ပြီး စစ်ရေယာဉ်တွေပေါ်ကလည်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ထော်သာရွာစခန်းကို မော်လိုက်ခရိုင် တပ်ရင်း (၂၊ ၄)နဲ့ ဖောင်းပြင်မြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တွေက ဩဂုတ် ၁၅ရက်မှာ သိမ်းပိုက်ခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ၊ ​မော်လိုက်မြို့နယ် မှာ စစ်တပ် နဲ့ပျူ​စောထီး​တွေပူး​ပေါင်းတပ်ထိုင်ထားတဲ့ စခန်းကို ​တော်လှန်​ရေးတပ်​တွေက သြဂုတ် ၁၅ ရက်​နေ့မှာ သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်း​တွေရရှိတယ်လို့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်အချို့က​ပြောပါတယ်။

မန္တ​လေးမြို့မှာ ၊စစ်တပ်လက်​အောက်ခံပျူ​စောထီး​ခေါင်း​ဆောင်ဘုန်းကြီးပေါက်ကိုယ်တော်နဲ့ တပည့်တွေ ကြီးစိုးတဲ့ပြည်ကြီးတံခွန်မြို့နယ်ထဲမှာပြည်သူ​တွေကို ဖုန်း​တွေထဲ VPNသုံး၊မသုံးစစ်ဆေးပြီးဖမ်းဆီးငွေညှစ်နေတယ်လို့ ဒေသခံတွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မိုးညင်းမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရှမ်းနီတပ်(SNA)နှင့် ပြည်သူ့စစ်(ပျူ​စောထီး)ပူးပေါင်းအဖွဲ့ကို ဟိုပင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး စစ်ရေးဆက်လက် တင်းမာနေသည်။