ဩဂုတ်-၂၂၊၂၀၂၅။သတိုး/People’s Spring
ရွှေဘို နှင့် ဝက်လက် မြို့နယ်များရှိ ရှေ့တန်းစစ်မြေပြင်တွင်တိုက်ပွဲဝင်နေသော ရဲဘော်များအတွက် ပြည်သူများ၏ကူညီလှူဒါန်းမှုဖြင့် ရိက္ခာများ ပို့ပေးခဲ့ကြောင်း ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့ မှ တာဝန်ရှိသူကပြောသည်။
ရှေ့တန်းရဲဘော်များအတွက်ပုဇွန်ခြောက်ကြော် ၊ ချဉ်ပေါင်မျှစ်ပုဇွန်ကြော် နှင့် အသားတုမြေပဲဆံကြော်များပို့ပေးခဲ့ခြင်းဖြစ်ပြီး ရိက္ခာဘူးများတွင် ခွန်အားမျှဝေပေးသည့်စာများရေးသား၍ပေးပို့ခဲ့ခြင်းဖြစ်သည်။
“နေမကောင်းမဖြစ်နဲ့ ၊ အားရှိအောင်စားပါ။တော်လှန်ပန်းတိုင်ကိုအတူသွားကြမယ်။” ၊ “ရန်ကုန်ဟာရဲဘော်တို့နဲ့အတူ အမြဲတမ်းရပ်တည်ဆဲပါ- We Fight Together” ၊ “ရန်ကုန်နဲ့အညာအမြဲအတူရှိမှာပါ” စသည့်စာသားများကို ရိက္ခာဘူးများ၌ ရေးသား၍ ပေးပို့ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့အနေဖြင့် ယခင်ကလည်း အခြားတော်လှန်ရေးတပ်ရင်းတပ်ဖွဲ့များထံ ရိက္ခာပို့ဆောင်ခဲ့ဖူးသည်ဟုဆိုသည်။
ရန်ကုန် တော်လှန်ညီနောင်လေးဖွဲ့တွင် Linn Yaung Ni Youth Organization-LYNYO၊Owl Community ၊Kyimyindaing Networks- KMD18 နှင့်Mayangone Democratic Front-MDF တို့ပါဝင်ပြီး ရန်ကုန်မြို့၌ မြေပြင် သပိတ်လှုပ်ရှားမှုများပြုလုပ်နေသည်။
ဓါတ်ပုံ- ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့
