close
Connect with us

Hi, what are you looking for?

သတင်း

ကောလင်းကို စစ်ကောင်စီ လေကြောင်းမှ ထပ်မံဗုံးကြဲ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်း အရပ်သားနေထိုင်ရာကျေးရွာကို စစ်ကောင်စီက ယနေ့ နံနက်ပိုင်းတွင် ထပ်မံ ဗုံးကြဲတိုက်ခိုက်သွားသည်။

စစ်ကောင်စီတပ်၏ တိုက်လေယာဥ်နှစ်စီး ၂၀၁၉ ခုနှစ်က လေ့ကျင့်ပျံသန်းနေစဥ်

သြဂုတ်-၂၃၊ ၂၀၂၅။ လူအေး/People’s Spring

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်း အရပ်သားနေထိုင်ရာကျေးရွာကို စစ်ကောင်စီက ယနေ့ နံနက်ပိုင်းတွင် ထပ်မံ ဗုံးကြဲတိုက်ခိုက်သွားသည်။

ကောလင်းမြို့နယ် အရှေ့တောင်ခြမ်းရှိ ကုက္ကိုကုန်းရွာကို နံနက် ၁၀နာရီ ၅၀မိနစ်၌ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခြင်းဖြစ်ပြီး နောက်ထပ်ဂျက်ဖိုက်တာတစ်စီး ထပ်ဝဲနေသည်။

လေကြောင်းမှ ‌ဗုံးကြဲတိုက်ခိုက်မှုတွင် အရပ်သားထိခိုက်မှုမရှိကြောင်း ကနဦးသတင်းရရှိသော်လည်း အသေးစိတ်အတည်ပြုနိုင်ခြင်းမရှိသေးပေ။

Public Service Announcement

Public Service Announcement

မြေပြင်အနေအထားအရ စစ်ကြောင်းထိုးတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မိတ္ထီလာ​လေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲသွားခြင်းဖြစ်ကြောင်း Kawlin Revolution-KR က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ကောလင်းမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု မကြာခဏပြုလုပ်လာသည်။ ဩဂုတ် ၂ဝရက် နံနက်ပိုင်းက ကောလင်းမြို့နယ် အရှေ့ခြမ်းရှိရှမ်းကုန်းရွာ၊ ခံသာရွာ၊ စွယ်ရရွာနှင့် ဘန့်ဘွေးကုန်းရွာတို့ကို Y12လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံသုံးဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင် ၁၄ရက် ညနေကလည်း ကောလင်းမြို့နယ်အတွင်း စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့်ဗုံးကြဲရာ ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားသုံးဦးဒဏ်ရာရခဲ့ပြီး ဆီဘောင်ဆာကားနှစ်စီးထမင်းဆိုင်တစ်ဆိုင်လည်း ပျက်စီးခဲ့သည်။

ဒေသခံပြည်သူများအနေဖြင့် စစ်ကောင်စီလေကြောင်းအန္တရာယ်နှင့် လက်နက်ကြီးအန္တရာယ်ကို သတိပြုကြရန် ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထားသည်။

စစ်ကောင်စီသည် ဇူလိုင်လအတွင်း မြန်မာနိုင်ငံဒေသအနှံ့တွင် လေကြောင်းတိုက်ခိုက်မှု ၁၈၇ကြိမ် ကျူးလွန်ခဲ့ပြီး အရပ်သား ၁၆၃ဦး သေဆုံးကာ ၂၉၃ဦးဒဏ်ရာရခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

လက်ရှိ ဩဂုတ်လတွင်လည်း အရပ်သားပြည်သူများအားပစ်မှတ်ထား၍ တရားလက်လွတ်သတ်ဖြတ်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများဆက်လက်ပြုလုပ်နေပြီး ဆိုးရွားသော စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နေသည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်မဲမြို့နယ်၊နောင်ပိန်ရွာကို စစ်ကောင်စီက လေကြောင်းမှ ထပ်မံ ဗုံးကြဲနေပြီး အရပ်သားများကိုပစ်မှတ်ထား၍ဗုံးကြဲ​နေ​သောကြောင့် ကူညီကယ်ဆယ်ရေးအခက်အခဲကြုံတွေ့နေကာ ကျေးရွာပေါင်း၂၁ ရွာမှ ဒေသခံ ၁၀၀၀၀ ကျော် ထွက်‌ပြေးတိမ်းရှောင်​နေရ​ကြောင်း​ဒေသခံအချို့က​ပြောသည်။

သတင်း

မကွေးတိုင်း၊ပေါက်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲခဲ့ရာ ကလေးငယ်တဦးအပါအဝင် အရပ်သား ငါးဦး သေဆုံးခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများရှိသည့် ရွာများကို စစ်ကောင်စီက ယနေ့ နံနက်ပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံသုံးဦး သေဆုံးပြီး ထိခိုက်မှုများပြားကြောင်း သတင်းရရှိသည်။

သတင်း

ဖားကန့်မြို့နယ်၊အမှိုက်ပုံ‌ကျေးရွာကိုယနေ့ ဩဂုတ် ၁၉ရက် ညနေတွင် စစ်ကောင်စီကဂျက်ဖိုက်တာဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးကချင် လွတ်လပ် ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်ကာ တိုက်ပွဲပြင်းထန် နေကြောင်း သတင်းရရှိသည်။