close
Connect with us

Hi, what are you looking for?

သတင်း

CDF ငါးဖွဲ့ စုဖွဲ့ထား​သော ZZLMS ညီ​နောင်အဖွဲ့စု​​ပေါင်းစစ်​ရေး​လေ့ကျင့်

ချင်းပြည်နယ်အတွင်း ပဋိပက္ခများချုပ်ငြိမ်းကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည် အထိ ပြည်သူများကိုမျက်နှာမူ၍ ပြည်သူ့ဘက်တော် သား တော်လှန်ရေးအင်အားစုများနှင့်အတူ ဆက်လက် တိုက်ပွဲ၀င်နိုင်ရေး ကိုယ်စွမ်းရှိသမျှ ဉာဏ်စွမ်းရှိသမျှ၊ မဆုတ်မနစ်သော ဇွဲ၊ လုံလတိုဖြင့် ဆက်လက်အားထုတ် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ချင်းဒေသကာကွယ်ရေးတပ် ၅ဖွဲ့ စုပေါင်းထားသည့် ZZLMS ညီနောင်အဖွဲ့က ထုတ်ပြန်သည်။

ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ ၅ဖွဲ့ စုဖွဲ့ထားသည့် ZZLMS ညီနောင်အဖွဲ့မှ ရဲဘော်များအား စု​ပေါင်းစစ်​ရေး​လေ့ကျင့်မှုတွင်တွေ့ရစဉ်။ ဓာတ်ပုံ-ZZLMS

ဩဂုတ်-၂၃၊၂၀၂၅။ထားမြတ်/People’s Spring

ချင်းပြည်နယ်အတွင်း ပဋိပက္ခများချုပ်ငြိမ်းကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည် အထိ ပြည်သူများကိုမျက်နှာမူ၍ ပြည်သူ့ဘက်တော် သား တော်လှန်ရေးအင်အားစုများနှင့်အတူ ဆက်လက် တိုက်ပွဲ၀င်နိုင်ရေး ကိုယ်စွမ်းရှိသမျှ ဉာဏ်စွမ်းရှိသမျှ၊ မဆုတ်မနစ်သော ဇွဲ၊ လုံလတိုဖြင့် ဆက်လက်အားထုတ် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ချင်းဒေသကာကွယ်ရေးတပ် ၅ဖွဲ့ စုပေါင်းထားသည့် ZZLMS ညီနောင်အဖွဲ့က ထုတ်ပြန်သည်။

CDF ဇိုတုန်၊ CDF ဇိုဖေ၊ CDF Lautu၊ CDF မရာ နှင့် Senthang Revolution Force စသည့် ချင်းပြည်ကောင်စီအဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ ၅ဖွဲ့ စုဖွဲ့ထားသည့် ZZLMS ညီနောင်အဖွဲ့၏ ပထမအကြိမ် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို ZZLMS နယ်‌မြေ တနေရာ၌ ကျင်းပနိုင်ခဲ့မှုကို အသိပေးရာတွင် အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

ZZLMS မဟာမိတ်ညီနောင် အချင်းချင်းကြား ပိုမိုသွေးစည်းညီညွတ်ရေး၊ ဘုံရန်သူကို အတူတကွ တွန်းလှန်ချေမှုန်းရေး၊ ZZLMS နယ်မြေတည်ငြိမ် အေးချမ်းရေး ၊ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များ ကာကွယ်စောင့်ရှောက်ရေး တို့ကိုလည်း ကြိုးပမ်းမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ယခု ကျင်းပခဲ့သည့် ZZLMS၏ ပူးပေါင်းစစ်ရေးလေ့ကျင့်နိုင်ရေး ကူညီပေးသူများနှင့် လေ့ကျင့်မှုပြီးဆုံးသည်အထိ ပေါင်းစပ်ကာ လေ့ကျင့်ခြင်းဖြင့် မဟာမိတ်ညီ‌နောင်များ အကြားသွေးစည်းညီညွတ်မှုကို ဖော်ပြခဲ့ကြသော ZZLMS တပ်ဖွဲဝင်များ၊ မဟာမိတ်ညီနောင်များအကြား စည်းလုံးညီညွတ်ရေးကို ‌ရှေးရှုကာ ပူးပေါင်းစစ်ရေး လေ့ကျင့်မှုအား တာဝန်ယူဆောင်ရွက်ပေးကြသော တာဝန်ရှိပုဂ္ဂိုလ်များကိုကျေးဇူးတင်ကြောင်းလည်း ဖော်ပြသည်။

ZZLMSသည် ဇူလိုင် ၂၀ရက်ကလည်း ကြေညာချက် တရပ်ထုတ်ပြန်ပြီး ချင်းလက်နက်ကိုင်အချင်းချင်းအကြား အမြင်မတူ သဘောထား ကွဲလွဲမှု၊ ပဋိပက္ခတို့ကို အပြန်အလှန် တိုက်ခိုက်ခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့် အချင်းချင်း ညှိနှိုင်းဆွေးနွေးရန် တိုက်တွန်းခဲ့သည်။

ZZLMS အဖွဲ့ဝင်များသည် ချင်းအမျိုးသားတပ်မတော်(CNA)အပါအဝင် အခြား ဒေသကာကွယ်ရေးတပ်များနှင့် အတူပူးပေါင်းပြီး စစ်ကောင်စီစခန်းနှင့် မြို့သိမ်းစစ်ဆင်ရေးများ ဖော်ဆောင်ခဲ့သည့် တပ်ဖွဲ့များဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ် ပါဝင်သည့် ချင်းညီနောင်မဟာမိတ်များက တိုက်ခိုက် သိမ်းပိုက်စဉ် ဆုတ်ခွာထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများ ဝှက်ထားသော လက်နက်များတွေ့ရှိသည့် ပြည်သူများက လာရောက်အပ်နှံ၍ ဆုငွေပေးအပ်ခဲ့ဟု CDF - မင်းတပ်က ယနေ့ (ဩဂုတ် ၂၂ရက်)တွင် သတင်းထုတ်ပြန်သည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီကချင်းပြည်နယ်အတွင်းဆုံးရှုံးထားသည့် နယ်မြေများအား ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်အင်အားများ စုဖွဲ့ပြင်ဆင်နေသည်ကို ချင်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်း၌ပါ တွေ့ရှိနေရကြောင်း ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ရှင်းပြပြီး စစ်ကောင်စီကို တန်ပြန်ရန် တော်လှန်ရေးအင်အားစုများအားလုံး ညီညွတ်ရေးလိုအပ်ကြောင်း ပြောကြားသည်။

သတင်း

ချင်းလက်နက်ကိုင်အချင်းချင်းအကြားလက်နက်ကိုင်လမ်းစဉ်ဖြင့်အပြန် အလှန် တိုက်ခိုက်ခြင်းသည်ဘုံရန်သူဖြစ်သည့် စစ်ကောင်စီဖြစ်စေချင်သည့်အတိုင်း လုပ်ဆောင်ပေးခြင်း၊ တော်လှန်ရေးကိုနှောင့်နှေးစေခြင်း၊ ပြည်သူများကိုစိတ်ဝမ်းကွဲမှုကိုဖြစ်ပေါ်စေခြင်းစသည်တို့ကို ဦးတည်စေသည့်လုပ်ရပ်ဖြစ်ကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ ၅ဖွဲ့က ဇူလိုင် ၂၀ရက်တွင် ပူးတွဲထုတ်ပြန်သည်။

သတင်း

ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) အနေဖြင့် ချင်းပြည်အတွင်း တော်လှန်ရေးအင်အားစုများထိန်းချုပ်ထားပြီး မြို့နယ်များကို တိုက်ခိုက်ရန်မရှိကြောင်း ယနေ့ (ဇူလိုင် ၁၁ရက်)တွင် CNF အတွင်းရေးမှူး အဖွဲ့ရုံးက ထုတ်ပြန်အသိပေးသည်။