close
Connect with us

Hi, what are you looking for?

သတင်း

ဘုတ်ပြင်းမြို့နယ်တွင် စစ်တပ်ယာဉ်တန်းတိုက်ခိုက်မှု ၂၀ထက်မနည်းသေဟု KNU တပ်မဟာ(၄) ထုတ်ပြန်

တနင်္သာရီတိုင်း၊ဘုတ်ပြင်းမြို့မှလေညာမြို့ဘက်တက်လာသော အာဏာ သိမ်းစစ်ကောင်စီတပ်၏ ယာဥ်တန်းအား စောင့်ကြိုတိုက်ခိုက်မိုင်းဆွဲခဲ့ရာ စစ်ဦးစီးမှူး G2 အဆင့်အရာရှိအပါအဝင် စစ်ကောင်စီတပ်သား ၂၀ထပ်မနည်းသေဆုံးခဲ့ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။

ရှေ့တန်းစစ်မြေပြင်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ရဲဘော်များ။ဓာတ်ပုံ − KNLA

ဩဂုတ်−၂၅၊ ၂၀၂၅။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ဘုတ်ပြင်းမြို့မှလေညာမြို့ဘက်တက်လာသော အာဏာ သိမ်းစစ်ကောင်စီတပ်၏ ယာဥ်တန်းအား စောင့်ကြိုတိုက်ခိုက်မိုင်းဆွဲခဲ့ရာ စစ်ဦးစီးမှူး G2 အဆင့်အရာရှိအပါအဝင် စစ်ကောင်စီတပ်သား ၂၀ထပ်မနည်းသေဆုံးခဲ့ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။

ယနေ့(ဩဂုတ် ၂၅ရက်) နေ့လည်ပိုင်းတွင် စစ်ကောင်စီတပ်၏ ယာဉ်တန်း ကား(၃)စီးအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊တပ်ရင်း(၂၀၃)၊ တပ်ခွဲ(၂)က ဘုတ်ပြင်းမြို့နယ် ထောင်ယွန်းကျေးရွာအနီးတွင် စောင့်ကြိုတိုက်ခိုက်မိုင်းဆွဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်ထိခိုက်သေဆုံးမှုများခဲ့ရာ စစ်ကောင်စီယာဉ်များ ဘုတ်ပြင်းမြို့ဘက် ပြန်လည်ဆုတ်ခွာသွားကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း KNLA တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း အသိပေးထားသည်။

စစ်ကောင်စီတပ်သည် KNU တပ်မဟာ(၄)နယ်မြေအတွင်း စစ်ကြောင်းထိုးခြင်း၊ စစ်အင်အားဖြည့်တင်းခြင်းများ လုပ်ဆောင်နေ၍ KNLA ပူးပေါင်းတပ်နှင့် တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့သည်။

ဩဂုတ်တတိယပတ်အတွင်းကလည်း ထားဝယ်မြို့မှ မေတ္တာမြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို KNLA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကား ၈စီးပျက်စီးကာ စစ်ကောင်စီတပ် အထိနာခဲ့ကြောင်း၊ လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က အသိပေးထားသည်။

အလားတူ ဩဂုတ် ဒုတိယပတ်ကလည်း တနင်္သာရီမြို့နယ် သိန်ခွန်းရွာနှင့် ချောင်းနှစ်ပေါက်ရွာအကြားတွင် စစ်ကောင်စီတပ် ထောက်ပို့ယာဉ်တန်းကို KNLAက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ထိခိုက်သေဆုံးရှိခဲ့ပြီး ကား ၂စီး ပျက်စီးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး-နဘူးလမ်းပိုင်းမှာ စစ်ကောင်စီတပ်က ထပ်မံ ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက်ဩဂုတ်လ၂၁ ရက်က KNU တပ်မဟာ ၇ ပူးပေါင်းတပ်နဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ကျေးရွာတွေထဲ စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်တချို့ ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က ထားဝယ်မြို့မှ မေတ္တာမြို့သို့ အင်အားဖြည့်တင်းရန် ဆက်လက်ကြိုးပမ်းနေ၍ တိုက်ပွဲဆက်ရှိနေကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောသည်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ၍ ဩဂုတ် ၂၀ရက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF) ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က ပြောသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် ထားဝယ်မြို့မှ မေတ္တာမြို့သို့ ဦးတည်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းအား ဩဂုတ် ၁၈ရက်ကစတင်တိုက်ခိုက်ခဲ့ရာ စစ်သား သုံးဦးဖမ်းမိပြီး ၂၀ကျော်သေဆုံးကြောင်း KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။