close
Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဖြူတိုက်ပွဲ AA စစ်ရှိန်ပြန်မြှင့်စစ်တပ်အထိနာ

ကျောက်ဖြူမြို့နယ်တွင်အာရက္ခတပ်တော်(AA)က AAသိမ်းယူထားသည့်စခန်းများကို ထိုးစစ်ဆင်လာသည့်စစ်ကောင်စီတပ်ကို AA ကတိုက်ခိုက်ရာ စစ်တပ်စစ်ကြောင်းလိုက်ပြုတ်သည်အထိ တိုက်ခိုက်ခံရပြီး တိုက်ပွဲဆက်ပြင်းထန်နေကြောင်း စစ်ရေးသတင်းရေးမြစ်များကပြောသည်။

အာရက္ခတပ်​တော်(AA)တပ်ဖွဲဲ့ဝင်များ။ ဓါတ်ပုံ-AA Infodesk

သြဂုတ်-၂၁၊၂၀၂၅။လူအေး/People’s Spring

​ကျောက်ဖြူမြို့နယ်တွင်အာရက္ခတပ်တော်(AA)က AAသိမ်းယူထားသည့်စခန်းများကို ထိုးစစ်ဆင်လာသည့်စစ်ကောင်စီတပ်ကို AA ကတိုက်ခိုက်ရာ စစ်တပ်စစ်ကြောင်းလိုက်ပြုတ်သည်အထိ တိုက်ခိုက်ခံရပြီး တိုက်ပွဲဆက်ပြင်းထန်နေကြောင်း စစ်ရေးသတင်းရေးမြစ်များကပြောသည်။

ဇွန်လမတိုင်မီက တိုက်ပွဲများတွင် AA သိမ်းယူခဲ့သည့် လိပ်ခမော်၊ နှမ်းဖဲတောင်၊ မင်းတပ်တောင်၊သပြုတောင်၊ ပြင်ရှည်ရွာ နှင့် စည်မော်ရွာဘက်၌ တိုက်ပွဲများပြင်းထန်နေခြင်းဖြစ်ပြီး ယင်းတိုက်ပွဲများ၌ စစ်တပ်အထိနာပြီ ဖရိုဖရဲဖြစ်ကာတပ်ပျက်နေကြောင်း AA နှင့် နီးစပ်သောသတင်းရင်းမြစ်ကပြောသည်။

“တိုက်ပွဲတွေက သြဂုတ်လဆန်းမှာ ပိုပြီးပြင်းထန်လာတာပါ။AAရှိတဲ့နေရာတွေကို စစ်တပ်က ထိုးစစ်လုပ်လာတာ။သူတို့တပ်လန်ကျနေတယ်။ သေဆုံးတာတွေများတယ်။ သြဂုတ်လ ၁၀ ရက်နောက်ပိုင်းတိုက်ပွဲတွေမှာ စစ်တပ်ဘက်ကသေတာ ၁၀၀ ကျော်ပြီလို့ သတင်းရတယ်”ဟု အထက်ပါသတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

AAသည် ရခိုင်ပြည်နယ်မှမြို့နယ်အများအပြားကိုသိမ်းယူပြီးနောက် ကျောက်ဖြူမြို့သိမ်းတိုက်ပွဲကို ပြီးခဲ့သည့်ဇန်နဝါရီလမှစတင်၍ အရှိန်မြှင့်ခဲ့သည်။ ဓညဝတီရေတပ်စခန်းဌာနချုပ်အနီး ကာကင်းများကို သိမ်းယူနိုင်သည်အထိ စစ်ရေးအသာစီးရခဲ့ပြီးနောက် မတ်လ ၂၈ရက်က ငလျင်ကြောင့် အပစ်ရပ်ထားစဉ် စစ်ရေးအရှိန်လည်း လျော့ကျသွားခဲ့သည်။

ထိုးစစ်အရှိန်လျော့ထားစဉ်ကာလ၌စစ်တပ်က လေကြောင်းမှ အင်အားဖြည့်ခဲ့သည်။ ထို့အပြင် AAရှိသည့်နေရာများကို လေကြောင်းနှင့် လက်နက်ကြီးသုံး ၊ဒရုန်းများသုံး၍ တိုက်ခိုက်ခဲ့ပြီးမြေပြင်မှလည်း စစ်ကြောင်းထိုးခဲ့သည်။ထို့အပြင် စစ်တပ်ကစာသင်ကျောင်းများနှင့်ဘာသာရေးအဆောက်အအုံများကိုပစ်မှတ်ထား၍ဗုံးကြဲခဲ့သည်။

ဇူလိုင်လ ၂၃ ရက်၊ ဇူလိုင်လ ၃၀ရက်နှင့်ဩဂုတ်လ ၈ ရက်နေ့က ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ရွာဘုန်းကြီး ကျောင်းနှင့် မင်းရပ်တိုက်နယ်၊သဒွတ္ထိန်ရွာ ဘုန်းကြီးကျောင်း၊မင်းပြင်ရွာမှ အထက်တန်းကျောင်းနှင့် ဘုန်းကြီးကျောင်းများဗုံးကြဲခံရပြီးအရပ်သားထိခိုက်မှုများရှိခဲ့သည်။

“စစ်တပ်က ဒရုန်းရယ်၊လေကြောင်းရယ်၊ နေဗီ(ရေတပ်)ကနေရယ် ပစ်ကူပေးပြီး မြေပြင်ထိုးစစ်အရှိန်မြင့်လာတာမှာ AAက စစ်ရှိန်ပြန်မြှင့်တာ။ စစ်ရေးအခြေအနေ ပြောဖို့စောပေမယ့် ရှေ့ကာလမှာတိုက်ပွဲပိုပြင်းထန်လာဖို့ရှိတယ်”ဟု AAနှင့် နီးစပ်သောသတင်းရင်းမြစ်ကပြောသည်။

ပြီးခဲ့သည့်မေလနှင့် ဇွန်လကတိုက်ပွဲများတွင်လည်း စစ်ကောင်စီဘက်တွင်ထိခိုက်သေဆုံးမှုများခဲ့ပြီးတပ်မ(၁၁)နည်းဗျူဟာမှူးဗိုလ်မှူးချုပ်ကျော်မျိုးအောင်နှင့် ခြေမြန်တပ်ရင်း ခမရ(၂၁၁) ဒုတပ်ရင်းမှူးဗိုလ်မှူးဝင်းသန့်တို့ AA၏ စနိုက်ဘာထိမှန် သေဆုံးခဲ့သည်။

ကျောက်ဖြူမြို့တွင်လည်း အခြားဒေသများနည်းတူ စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်းဆင်းအများအပြားဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး စစ်မြေပြင်တွင် AA ထံ အလင်းဝင်လာသူများ ရှိနေသည်။ဇူလိုင် ၃၁ရက်တွင် AAထံ အလင်းဝင်လာခဲ့သည့် စစ်သားသစ်တပ်သား မောင်မောင်ဝင်းက စစ်ကောင်စီသည် စစ်မှုထမ်းသင်တန်းဆင်းများအား တိုက်ပွဲအတွင်းရှေ့တန်းမှတက်ခိုင်းသလို သေဆုံးသည့်စစ်မှုထမ်းတပ်သားသစ်များကိုလည်းပြီးစလွယ်မြေမြှုပ်ခဲ့သည်ဟုပြောထားသည်။

AAသည် ရခိုင်ပြည်နယ်၌ ကျောက်ဖြူ၊ စစ်တွေနှင့် မာန်အောင်မှလွဲ၍ ကျန်မြို့များကို သိမ်းယူထားသည်။စစ်​ကောင်စီက ​ရွေး​ကောက်ပွဲအပိုင်း (၁)ကို လတ်တ​လော သိမ်းပိုက်မခံရ​သေးသည့်ကျောက်ဖြူ ၊စစ်​တွေ ၊မာန်​အောင် မြို့နယ်တို့တွင်ကျင်းပမည်ဟုဆိုသည်။

ကျောက်ဖြူတိုက်ပွဲနှင့်ပတ်သက်၍ AAက သီးခြားသီတင်းထုတ်ပြန်ခြင်းမရှိသော်လည်းမျှော်မှန်းထားသောစစ်ရေးရည်မှန်းချက်များအလုံးစုံအောင်မြင်စေရန်အတွက် စစ်ကောင်စီနှင့် ရင်ဆိုင်ထားသောနေရာများ၌ တိုက်ပွဲများဆက်ဖြစ်နေသလိုအပြီးသတ်မြို့သိမ်းတိုက်ပွဲများအဖြစ် ကျန်ရှိနေသေးသော နေရာများတွင်လည်း တိုက်ပွဲများဆက်ဖြစ်နေကြောင်း ဩဂုတ်လ ၁၆ရက်၌ ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

သြဂုတ်-၁၉၊၂၀၂၅။လူအေး/People’s Spring နတ်ရေကန်ဗျူဟာအနီးတိုက်ပွဲများဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်က စစ်မှုထမ်းအပတ်စဉ် ၁၃၊၁၄ နှင့် ၁၅ သင်တန်းဆင်းများကို နတ်ရေကန်ဗျူဟာနှင့် အမ်း-ပဒါန်းလမ်းစစ်မြေပြင်သို့ဆက်တိုက်ပို့ဆောင်နေသည်။ အာရက္ခတပ်‌တော်(AA)နှင့် ပူးပေါင်းတပ်များကအမ်း-ပဒါန်းလမ်း နှင့် နတ်ရေကန်ဗျူဟာကို ထိန်းချုပ်ရေး တိုက်ခိုက်နေပြီး စစ်တပ်ကလည်း စစ်မှုထမ်းသင်တန်းဆင်းများရာချီပို့၍ အင်အားဖြည့်တင်းလာခြင်းဖြစ်သည်။ “ပြီးခဲ့တဲ့ရက်တွေကအင်အား၆၀၀ -၅၀၀လောက် ရောက်တယ်။အခုရက်လည်း ရာဂဏန်း‌ထပ်ရောက်လာတယ်။စစ်မှုထမ်းတွေကိုဆက်တိုက်ပို့...

သတင်း

ရခိုင်နှင့်မကွေး၊ပဲခူး၊ဧရာဝတီတိုင်းနယ်စပ်ဒေသမှ ဗျူဟာမြောက်တိုက်ပွဲများဆက်ဖြစ်နေပြီးငဖဲမြို့နယ်အတွင် ဩဂုတ်လ ၁၄ရက်နေ့က ဖြစ်ပွားသော တိုက်ပွဲတွင် တပ်မ(၉၉) လက်အောက်ခံတပ်ရင်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ဦးခန့် သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းယူနိုင်ခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်သည်။

သတင်း

မကွေးတိုင်းဒေသကြီး၊ ငဖဲမြိုနယ်၊ စွန်တက် ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် နာရီဝက်ကြာ တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း ၂၀ ခန့်နှင့် စစ်အသုံးအဆောင်များ လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့ကြောင်း အာရက္ခတပ်တော်(AA)က ဩဂုတ် ၁၅ရက် ယမန်နေ့ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

သတင်း

အာရက္ခတပ်တော်(AA)သိမ်းပိုက်ထားသည့်ချင်းပြည်နယ်၊ပလက်၀ မြို့ နယ်ကိုရက္ခိုင်ပြည်၏ခရိုင်အဖြစ်ဖွဲ့စည်းထားကြောင်း AA ပြောရေး ဆိုခွင့်ရှိသူ ဦးခိုင်သုခက ဩဂုတ် ၁၁ရက် သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ချင်းအရပ်ဘက်အဖွဲ့အစည်းများက ယင်းလုပ်ရပ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။