သြဂုတ်-၂၉၊ ၂၀၂၅။ ကျော်ဇော/People’s Spring
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ် ကျောက်ကြီးတောင်ဂိတ်စခန်းမှ ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားတွေကို စနိုက်ဘာနဲ့ ကနဦးတိုက်ခိုက်ခဲ့တဲ့အပြင် တပ်ပြန်ဆုတ်ချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ PDF ဗျူဟာ(၂၁)ကွပ်ကဲမှုအောင်မှာရှိတဲ့ ပြည်ခရိုင် တပ်ရင်း (၃၆၀၁)မှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သြဂုတ် ၂၅ ရက် မနက် ၉ နာရီခွဲလောက်က အင်အား(၈၀)ခန့်နဲ့ ရိုးမပေါ်သို့စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်တပ်သားတွေကို တပ်ရင်း (၃၆၀၁)ရဲ့ စနိုက်ဘာအဖွဲ့က နှစ်ချက်ပစ်ခတ် တိုက်ခိုက်ရာ (၁)ဦးသေဆုံးပြီး(၁)ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
အဲဒီနောက် သေဆုံးဒဏ်ရာရတပ်သားတွေကို ထမ်းစဥ်နဲ့သယ်ဆောင်ပြီး ကျောက်ကြီးတောင် စခန်းဘက်ပြန်ဆုတ်လာချိန် ပြန်ချီတက်နဲ့ ညောင်နီပင်ရွာကြားအရောက် သြဂုတ် ၂၅ ရက် ညနေ ၃ နာရီ ၄၀မိနစ်ခန့်မှာ တပ်ရင်း ၃၆၀၁၊ တပ်ခွဲ (၅)ကပဒေသာမိုင်းလေးလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement
အဲဒီမိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၅)ဦးအပြင်းအထန်ဒဏ်ရာရသွားပြီး (၄)ဦး မစိုးရိမ်ရဒဏ်ရာရရှိသွားတယ်လို့ တပ် ရင်း (၃၆၀၁) က အသိပေးပါတယ်။
“ဒီကောင်တွေ ပြန်ဆုတ်ရင်းနဲ့ သစ်ပုတ်ရွာနားက တဲနှစ်လုံးကို မီးရှို့သွားသေးတယ်”လို့ ပြည်ခရိုင် တပ်ရင်း (၃၆၀၁)မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက လူထုနွေဦးကို ပြောပါတယ်။
ဒါ့အပြင် တိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာ စစ်ကောင်စီဘက်က သစ်ပုတ်ရွာ တာဝါတိုင်စခန်းကုန်းဘက်ကို အင်အားထပ်ဖြည့်ထားပြီး စစ်ရေးပြင်ဆင်တာတွေ လုပ်နေတယ်လို့ ရဲဘော်ရှဲဒိုးက ဆက်ပြောပါတယ်။
တိုက်ခိုက်ခံရပြီး ဒဏ်ရာရသွားတဲ့ စစ်ကောင်စီတပ်သားတွေကိုတော့ ထမ်းစဥ် ၉ ခုနဲ့ ကျောက် ကြီးတောင်ဂိတ်စခန်းဘက် ပြန်သယ်သွားပြီး အဲဒီကတဆင့် ဖောကားနဲ့ မှတ္တိုင်ရွာ၊ ယင်းကတဆင့် ရွှေတောင်မြို့မှာရှိတဲ့ စစ်ဆေးရုံ ကုတင် (၁၀၀)သို့ ပို့ဆောင်လိုက်တယ်လို့ စုံစမ်းသိရပါတယ်။
စစ်ကောင်စီတပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့နေရာအား တော်လှန် ရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးလုပ်ရာမှာ ကျည် (၂၀၀) တောင့်၊ အီနာဂါ(၁)လုံးနှင့်အခြားစစ်အသုံးဆောင်ပစ္စည်းအမျိုးမျိုးတို့ကိုသိမ်း ဆည်းရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။
