close
Connect with us

Hi, what are you looking for?

သတင်း

ဖယောင်းတောင် နဲ့ အယ်လ်ဖာဘိလပ်မြေစက်ရုံကိုစစ်တပ်ကပြန်ထိန်းချုပ်နိုင်ပြီလို့ထုတ်ပြန်

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အရှေ့ခြမ်းက ဖယောင်းတောင်ရွှေလုပ်ကွက် နဲ့ အယ်လ်ဖာဘီးလပ် မြေစက်ရုံတို့ကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့စစ်ကောင်စီတပ်ကထုတ်ပြန်ပါတယ်။

အယ်လ်ဖာဘိလပ်​မြေစက်ရုံကို​တွေ့ရစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ

■မတ္တရာမြို့နယ်မှာတိုက်ပွဲ​တွေဆက်လက်ပြင်းထန်​နေ

ဩဂုတ်၂၉၊၂၀၂၅။မေ/People’s Spring

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အရှေ့ခြမ်းက ဖယောင်းတောင်ရွှေလုပ်ကွက် နဲ့ အယ်လ်ဖာဘီးလပ် မြေစက်ရုံတို့ကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့စစ်ကောင်စီတပ်ကထုတ်ပြန်ပါတယ်။

စစ်တပ်က ထုတ်ပြန်ချက်မှာ ဇူလိုင်လ၂၁ ရက်နေ့ မှာ ပြန်လည် ထိုးစစ်ဆင်ခဲ့ပြီး သိမ်းယူခဲ့တာလို့ဆိုပါတယ်။ ​ဖ​ယောင်း​တောင်​ရွှေလုပ်ကွက် နဲ့ တရုတ်နိုင်ငံသားပိုင် အယ်လ်ဖာဘိလပ်​​မြေ စက်ရုံ​တွေကို ပြည်သူ့ကာကွယ်ရေတပ်မတော်-မန္တလေး(MDY-PDF)နဲ့မဟာမိတ်တပ်ဖွဲ့​တွေက ၁၀၂၇ စစ်ဆင်​ရေး ဒုတိယလှိုင်း(ရှမ်းမန်းစစ်ဆင်​ရေး)
အတွင်း ၂၀၂၄ခုနှစ်၊ ဇူလိုင်လမှာသိမ်းယူခဲ့တာပါ။

Public Service Announcement

Public Service Announcement

ယခင်မန္တလေးတိုင်းဝန်ကြီးချုပ် ဟောင်း ဦးမောင်ကို ပိုင်ဆိုင်တဲ့ ဖယောင်း တောင် ရွှေလုပ်ကွက်ကို စစ်တပ်က ပြန်လည်ရရှိဖို့ အကြိမ်ကြိမ် ထိုးစစ်ဆင်ခဲ့ပေမယ့် မသိမ်းယူနိုင်ခဲ့ပဲ ဒီအကြိမ်မှသိမ်းနိုင်ခဲ့တာပါ ။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ မတ္တရာမြို့နယ်အရှေ့ခြမ်းက ဖယောင်းတောင်သတ္တုတွင်း၊အယ်ဖာဘိလပ်မြေစက်ရုံ၊‌လေကြောင်းရန်ကာကွယ် ရေးတပ် ၊ ဆယ်​တော်ကြီးစခန်းအပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်း​ပေါင်း ၄၀ ခန့်ကို မန္တ​​လေး
PDF နဲ့ တော်လှန်ရေး တပ်တွေ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။အဲဒီအထဲကမှ အရေး
ကြီးနေရာ နှစ်ခုကို စစ်တပ်က ပြန်လည်သိမ်းပိုက်ခဲ့တယ်လို့ထုတ်ပြန်လာတာဖြစ်ပါတယ် ။

တိုက်ပွဲ​တွေဆက်လက်ပြင်းထန်​နေပြီးကျန်စခန်း​တွေအ​ခြေအ​နေကို​တော့မသိရ​သေးပါဘူး ။ ဖယောင်းတောင်သတ္တုတွင်း၊အယ်ဖာဘိလပ်မြေစက်ရုံ အပါအဝင် မတ္တရာမြို့အ​ရှေ့ခြမ်းတိုက်ပွဲ​တွေနဲ့ ပါတ်သက်ပြီး မန္တ​လေးPDF ကသတင်းထုတ်ပြန်ခြင်းမရှိ​သေးပါဘူး။

ဒေသခံ တွေရဲ့ ပြောကြားချက်အရ ဩဂုတ်လ၁၈ ရက်နေ့က စတင်ပြီး နှမ်းကြဲ‌‌ရွာရဲ့အ ရှေ့ဘက်က ရှမ်းရိုးမ တောင်တန်းဘက်ကနေပါစစ်တပ် စစ်ကြောင်းလှုပ်ရှားတာ တွေရှိနေတယ်လို့ သိရပါတယ်။

ဩဂုတ်လ၂‌‌၄ ရက်နေ့မှာ စစ်တပ်ကဖယောင်း တောင်ကိုပြန်လည်ရရှိသွားပြီး ဩဂုတ်၂၇ ရက်နေ့မှာ တော်လှန်ရေး တပ်တွေ အယ်ဖာဘိလပ်မြေ စက်ရုံကနေ ဆုတ်ခွာပေးခဲ့ရတယ်လို့သိရပါတယ်။

“စစ်ကြောင်း ၄ ကြောင်းချီပြီး အင်အားအလုံးအရင်းနဲ့ကိုချီလာတာပါ။နယ်မြေတွေဆုတ်ပေးလိုက်ရတာမှန်ပါတယ်။အခုထိလည်း တိုက်ပွဲ တွေကရှိ နေတုန်းပဲ”လို့တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

စစ် ကောင်စီတပ်ကမြေပြင်စစ်အင်အားတင်မဟုတ်ဘဲ လက်နက်ကြီးပစ်ကူ၊လေယာဉ်ပစ်ကူ တွေနဲ့အတူ ထိုးစစ်ဆင်လာတာလို့သိရပါတယ်။

ဒါ​ပေမယ့် မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ တိုက်ပွဲတွေက ဆက်လက်ပြင်းထန် နေဆဲဖြစ်တယ်လို့စုံစမ်းသိရပါတယ်။

စစ်​ကောင်စီက မတ္တရာမြို့နယ် အ​ရှေ့ခြမ်းက သိမ်းပိုက်ခံထားရတဲ့ စခန်း​တွေနဲ့ မန္တ​လေး-မတ္တရာလမ်းကိုထိန်းချုပ်နိုင်ဖို့အတွက် လ​ပေါင်းများစွာအပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။ ဇူလိုင် ၂၀ ရက်​နေ့မှာ​တော့ စစ်တပ် ​နောက်တန်းအထိုင်စခန်း​တွေဖြစ်တဲ့ မတ္တရာမြို့နယ် က ထန်းပင်ကုန်ရွာ ၊ပုသိမ်ကြီးမြို့နယ်က သရက်ကိုင်းရွာနဲ့ မြကန်သာရွာ​တွေက စစ်တပ်စခန်း​တွေကို မန္တ​လေးPDF နဲ့ပူး​ပေါင်းတပ်​တွေက တန်ပြန်ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ်။တရုတ်နိုင်ငံထုတ်လက်နက်ခဲယမ်း​တွေအပါအဝင် လက်နက်ခဲယမ်းအများအပြားနဲ့ စစ်သုံ့ပန်း​တွေကိုပါ​တော်လှန်​ရေးတပ်​တွေက ဖမ်းဆီးရရှိခဲ့ပါတယ် ။

​နောက်တန်းအထိုင်စခန်း​တွေအသိမ်းခံရပြီး​​တော့ စစ်တပ်က အင်အားအများအပြားဖြည့်ပြီး ​လေ​ကြောင်း ၊လက်နက်ကြီး ၊ဒရုန်း ​တွေကို အများအပြားသုံးပြီး အပြင်းအထန်တန်ပြန်ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။ ပြည်သူ့စစ်သင်တန်းဆင်းစစ်
သားသစ်​တွေ ၊ ပျူ​စောထီး​တွေကိုပါအများအပြားသုံးခဲ့တယ်လို့သိရပါတယ် ။ ​​တော်လှန်​ရေးတပ်​တွေက စခန်းသိမ်းရင် စစ်သားရုပ်အ​လောင်း​တွေ ၊စစ်သုံ့ပန်း​တွေ အများအပြားတွေ့ရ​ပေမယ့် စစ်တပ်က ဖ​ယောင်း​တောင်​ရွှေလုပ်ကွက် နဲ့ အယ်လ်ဖာလိလပ်​မြေစက်ရုံ​တွေပြန်သိမ်းနိုင်တယ်ဆိုတဲ့ သတင်းဓါတ်ပုံ​တွေထုတ်ပြန်တာမှာ ​တော်လှန်​ရေးတပ်​ဖွဲ့ဝင်တွေရဲ့ရုပ်အ​လောင်း မတွေ့ရပါဘူး ။

စစ်​ကောင်စီရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်လို့​မေးမြန်းဖို့ မန္တ​လေးPDF ကို People’s Spring ကဆက်သွယ်ဖို့ ကြိုးစား​ပေမယ့် ဆက်သွယ်လို့မရ​သေးပါဘူး ။

ဆက်စပ်သတင်းများ