close
Connect with us

Hi, what are you looking for?

သတင်း

မွန်တပ် NMSP-AD/RMA စနိုက်ဘာသင်တန်းဆင်းပွဲ ကျင်းပ

မွန်တော်လှန်ရေးတပ်ဖွဲ့ဖြစ်သော မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး/ရာမညမွန်တပ်တော်၏ စနိုက်ဘာသင်တန်း အပတ်စဉ် (၁)သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ ဩဂုတ် ၂၉ရက်က ကျင်းပခဲ့ကြောင်း NMSP-AD/RMA က သတင်းထုတ်ပြန်သည်။

NMSP-AD/RMA စနိုက်ဘာသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပစဥ်။ ဓာတ်ပုံ - RMA

ဩဂုတ်-၃၀၊ ၂၀၂၅။ ထားမြတ်/People’s Spring

မွန်တော်လှန်ရေးတပ်ဖွဲ့ဖြစ်သော မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး/ရာမညမွန်တပ်တော်၏ စနိုက်ဘာသင်တန်း အပတ်စဉ် (၁)သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ ဩဂုတ် ၂၉ရက်က ကျင်းပခဲ့ကြောင်း NMSP-AD/RMA က သတင်းထုတ်ပြန်သည်။

အဆိုပါ သင်တန်းဆင်းပွဲကို လွတ်‌မြောက်နယ်‌မြေတစ်နေရာ၌ ကျင်းပခဲ့ရာ တော်လှန်ရေးအတွက် မြင့်မြတ်စွာ အသက်ပေးလှူကျဆုံးခဲ့ရသည့် ရဲဘော်များအား အလေးပြုခဲ့ကြောင်း ဖော်ပြသည်။

အခမ်းအနားသို့ NMSP-AD/RMA၏ အတွင်းရေးမှူး နိုင်ဗညားလယ်၊ ဒုဗိုလ်မှူးကြီး နိုင်မာဃ၊ သင်တန်းဆရာများနှင့်တာဝန်ရှိသူများတက်ရောက် မိန့်ခွန်းပြောကြားခဲ့ပြီး သင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ရဲဘော်များအား ဂုဏ်ပြုဆုတံဆိပ်များကို အပ်နှင်းခဲ့ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

သင်တန်းဆင်းပွဲအခြေအနေ၊ RMA တပ်အခြေစိုက်ရာ စစ်ရေးအခြေအနေများနှင့်ပတ်သက်ပြီး အဖွဲ့အတွင်းရေးမှူး နိုင်ဗညားလယ်ထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

NMSP-AD/RMAသည် မွန်တော်လှန်ရေးတပ်ဖွဲ့ နှစ်ခုပူးပေါင်းထားခြင်းဖြစ်သည်။ စစ်တပ်အာဏာသိမ်းပြီးပေါ်ပေါက်လာသည့် မွန်ပြည်လွတ်မြောက်ရေးတပ်မတော်(MLA)နှင့် ယခင် ဝါရင့်တော်လှန်ရေးတပ် မွန်ပြည်သစ်ပါတီ(NMSP)မှ ခွဲထွက်ပြီး စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေသည့် NMSP-AD တို့ ယခုနှစ် ဇူလိုင်တွင် ပူးပေါင်းကာ RMAကို ဖွဲ့စည်းထားခြင်းဖြစ်သည်။

NMSP-AD/RMA အနေဖြင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် အခြား မွန်တော်လှန်ရေးတပ်များအပါအဝင် စစ်ကောင်စီကို တိုက်ခိုက်နေသည့် တော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းပြီး မွန်နှင့် တနင်္သာရီဒေသများ၌ စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ