close
Connect with us

Hi, what are you looking for?

သတင်း

မြန်မာနဲ့လာအိုမှာကလေးသူငယ်မဖွယ်မရာဓါတ်ပုံတွေ မှတ်တမ်းယူခဲ့သူ ဂျပန်နှစ်ဦး အဖမ်းခံရ

မြန်မာနဲ့ လာအို နိုင်ငံတွေမှာကလေးတွေရဲ့ မဖွယ်မရာ ပုံရိပ်တွေကို မှတ်တမ်းယူခဲ့တဲ့ ဂျပန်အမျိုးသား နှစ်ဦးကို ဂျပန်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ကိုးကား- Japan Today

သြဂုတ်-၃၀၊၂၀၂၅။People’s Spring

မြန်မာနဲ့ လာအို နိုင်ငံတွေမှာကလေးတွေရဲ့ မဖွယ်မရာ ပုံရိပ်တွေကို မှတ်တမ်းယူခဲ့တဲ့ ဂျပန်အမျိုးသား နှစ်ဦးကို ဂျပန်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

အိုဆာကာမှာ နေထိုင်တဲ့ အသက် ၆၀ အရွယ် သွားဆရာဝန် ယိုရှီဟီရို ရှီရိုင် နဲ့ အသက် ၆၅ နှစ်အရွယ် နာဂိုယာ ဒေသခံ ကာဇူဟီကို ယူဂျီတို့ဟာ သီးခြား ဖြစ်စဉ်နှစ်ခုအတွက် ဖမ်းဆီးခံခဲ့ကြရတာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက လာအိုမှာ ကလေးသူငယ် ပြည့်တန်ဆာမှုနဲ့ ဆက်စပ်တဲ့ အမှုအခင်း ကျူးလွန်သူ ဂျပန်နိုင်ငံသားတွေကို ဂျပန်ဥပဒေအတိုင်းအရေးယူမယ်လို့သတိပေးပြီးမကြာခင်မှာအခုလိုဖမ်းဆီးမှုတွေ ဖြစ်လာတာပါ။

ဇွန်လတုန်းကဂျပန်နိုင်ငံသားတွေဟာလာအိုမှာ ကလေးသူငယ်ပြည့်တန်ဆာမှုနဲ့ ဆက်စပ်တဲ့ အထောက်အထား ပို့စ်တွေကို လူမှုကွန်ရက်တွေမှာ စတင် တွေ့မြင်လာရတယ်လို့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဂျပန်ရဲတပ်ဖွဲ့ရဲ့အဆိုအရရှီရိုင်ဟာမနှစ်က အောက်တိုဘာလတုန်းက မြန်မာနိုင်ငံမှာ အသက် ၁၈ နှစ်အောက်မိန်းကလေးငယ်တစ်ဦးရဲ့မဖွယ်မရာ ဓာတ်ပုံကို ရိုက်ယူလာခဲ့တယ်လို့ သိရပါတယ်။ရှီရိုင်ကတော့ အဲဒီစွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။

ယူဂျီကတော့ မတ်လတုန်းက ဟိုတယ်တစ်ခုမှာ မိန်းကလေးငယ်တစ်ဦးရဲ့ မမြင်အပ်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဗီဒီယို ချောင်းရိုက်ခဲ့တယ်လို့ စွပ်စွဲ ခံထားရပါတယ်။ သူကတော့ စုံစမ်းမေးမြန်းမှုတွေနဲ့ ပတ်သက်လို့ ဘာတုံ့ပြန် မှတ်ချက်မှမပေးဘဲ နှုတ်ဆိတ်နေပါတယ်။

ရဲတွေက ရှီရိုင်ဆီမှာ မဖွယ်မရာဓာတ်ပုံနဲ့ ဗီဒီယို ၁၀,၀၀၀ ကျော်၊ ယူဂျီဆီမှာ ၁၀၀၀ ကျော် ရှာဖွေ သိမ်းဆည်းရမိခဲ့တယ်လို့လည်း သိရပါတယ်။

ယူဂျီနဲ့ ရှီရိုင်တို့ရဲ့ အမှုတွေကသီးခြားစီဖြစ်နေပေမယ့်ပြည်ပမှာကလေးသူငယ်ပြည့်တန်ဆာမှုနဲ့ဆက်နွှယ်တဲ့ သတင်းအချက်အလက်တွေကို အပြန်အလှန် ဝေမျှတာတွေ ရှိခဲ့ကြောင်းလည်း မိုဘိုင်းဖုန်း မှတ်တမ်း အချက်အလက်တွေအရရဲတွေက စိစစ် အတည်ပြုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ လာအို နိုင်ငံတွေမှာ ကလေးတွေရဲ့ မဖွယ်မရာ ပုံရိပ်တွေကို မှတ်တမ်းယူခဲ့တဲ့ ဂျပန်အမျိုးသား နှစ်ဦးကို ဂျပန်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

သတင်း

မြန်မာနိုင်ငံဖက်ခြမ်းက လွန်လွန်ကဲကဲ သတ္တုတူးဖော် ထုတ်လုပ်မှုတွေကြောင့် မဲခေါင်မြစ်ရေ ညစ်နွမ်းပြီး ငါးသယံဇာတ အရမ်းလျော့သွားကြောင်း လာအိုနိုင်ငံရဲ့ ရေလုပ်သားတွေက ပြောပါတယ်။

သတင်း

နယ်စပ်နားမှာ လာအို လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုက တိုက်ခိုက်ခဲ့ပြီး ကျည်ဆန်တစ်တောင့်က ထိုင်းပိုင်နက်ထဲထိ ကျရောက်ခဲ့တယ်လို့ သိရပါတယ်။

အတွေးအမြင်

မြန်မာက ကမ္ဘာမှာဗိုလ်စွဲပါပြီ။ ဘိတ်ချီးနေရာကိုထာဝရ ကန်ထရိုက်စွဲထားခဲ့တဲ့နိုင်ငံ၊ ဘယ်သွားသွား မျက်နှာအောက်ချရတဲ့နိုင်ငံ၊ တစ်ဦးချင်းဝင်ငွေကြည့်လည်းအောက်ဆုံးကနိုင်ငံ၊ ကျန်းမာရေး အခြေအနေကြည့်လည်း အောက်ဆုံးကနိုင်ငံ အခုတော့နံပါတ်တစ် နေရာကိုပိုင်ပိုင်နိုင်နိုင်ကြီးရသွား ပါပြီ။