close
Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုက စစ်ကိုင်းတံတားမှာ ပေါ်တာဆွဲလို့ ခရီးသည်တင်ယာဉ်လိုင်းတချို့စတင်ရပ်နား

စစ်ကိုင်းတံတား (ရတနာပုံတံတား)ပေါ်မှာ စစ်အုပ်စုကပေါ်တာဆွဲတာတွေဆက်တိုက်လုပ်လာတာကြောင့် ဒီတံတားကိုဖြတ်သန်းပြီး မန္တလေးကိုသွားမယ့် ကျေးရွာတွေက ခရီးသည်တင်ကားတချို့ စတင်ရပ်နားလာကြတယ်လို့ ဒေသခံတွေက​ပြောပါတယ်။

ရတနာပုံတံတား ကို​တွေ့ရစဥ်(ပုံ​ဟောင်းဖြစ်ပါတယ်)။ဓါတ်ပုံ-CJ

စက်တင်ဘာ၁၊၂၀၂၅။မေ/People’s Spring

စစ်ကိုင်းတံတား (ရတနာပုံတံတား)ပေါ်မှာ စစ်အုပ်စုကပေါ်တာဆွဲတာတွေဆက်တိုက်လုပ်လာတာကြောင့် ဒီတံတားကိုဖြတ်သန်းပြီး မန္တလေးကိုသွားမယ့် ကျေးရွာတွေက ခရီးသည်တင်ကားတချို့ စတင်ရပ်နားလာကြတယ်လို့ ဒေသခံတွေက​ပြောပါတယ်။

စစ်ကိုင်းတံတားမှာ စစ်တပ်က ရက်ခြားနဲ့ ပေါ်တာဆွဲနေတာမို့ မုံရွာမြို့နယ်၊ယင်းမာပင်၊ဒီပဲယင်း၊ဝက်လက်၊စဉ့်ကူး၊ရွှေဘိုစတဲ့ မြို့နယ်တွေရှိ ကျေးရွာတွေကနေ ပြေးဆွဲ နေတဲ့ ခရီးသည်တင်ကားတချို့ ယာယီရပ်နားတာ တွေစတင်ပြုလုပ်နေပြီလို့ ဒေသခံ တွေကပြောပါတယ်။

ဩဂုတ်လ၂၈ ရက်နေ့ကခရီးသည်တင်ကားတွေ အပြင် အိမ်စီးကား ‌‌၊ကုန်တင်ကားတွေ ပေါ်မှာပါတဲ့ လူတွေကို ကျား၊မ မရွေးအကုန် ပေါ်တာဆွဲခဲ့တာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက်ပိုင်း အခုလို ယာဉ်လိုင်းရပ်နားတာ တွေပြုလုပ်လာတာလို့ သိရပါတယ်။

“၂၈ရက်နေ့ကတည်းကထွက်မယ့်ကားတွေအဲဒီသတင်းကြားပြီးရပ်ထားတယ်။နောက်ပြီးဒီမြို့နယ်က ကားတစီးရဲ့ စပါယ်ယာကောင်လေးလည်း အဆွဲခံလိုက်ရတယ်။ကားသမားကကူပြောပေးတာလည်းမရဘူးလို့ ပြောတယ်။အဲဒီ အန္တရာယ်နဲ့မို့ ကားတချို့က တော့နား နေပြီ”လို့ဒေသခံတဦးကပြောပါတယ်။

စစ်ကိုင်းမြို့မှာ ကျေးရွာတွေကနေ မန္တလေးဘက်ကို အလုပ်သွားလုပ်ဖို့ထွက်လာတဲ့ လူငယ် တွေနဲ့ ခရီးသည်တင် ကား တွေကို စစ်တပ်က အဓိကပစ်မှတ်ထား ပေါ်တာဆွဲရာကနေ ယခုရက်ပိုင်းမှာ စစ်ကိုင်းမြို့မဈေးအတွင်းထိ ဝင်ဆွဲတာမို့ မြို့ခံတွေပါ သတိထားနေထိုင် နေရတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြိုအဝင်ရတနာပုံတံတား(စစ်ကိုင်းတံတား)မှာဒီနေ့မနက်ပိုင်းကဖြတ်သန်းသွားလာသူတွေနဲ့ ခရီးသည်တင်ကားတွေကိုဒီက​နေ့စစ်တပ်က ပေါ်တာဆွဲသွားတယ်လို့ဒေသခံတွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းမြို့ကိုဝင်တဲ့ စစ်ကောင်စီရဲ့စစ်ကိုင်းတံတားဂိတ်က ခရီးသည်တင်ကားတွေကို မှတ်ပုံတင်စစ်ဆေးပြီး ဂိတ်ကြေးအဖြစ် တစ်ဦးလျှင် ၆၀,၀၀၀ကျပ် တောင်းယူခဲ့တယ်လို့ ခရီးသည်တင်ကားတွေဆီက သိရပါတယ်။

သတင်း

စစ်မှုထမ်း အပတ်စဉ် ၁၆အတွက် မန္တလေးမြို့မှာ ပေါ်တာဆွဲတာ‌တွေ၊ မဲပေါက်ထားသူတွေကို နေအိမ်အတွင်း ဝင်ဖမ်းတာတွေ စတင်ပြုလုပ်နေပြီလို့ မြို့ခံတွေဆီက သိရပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ထားဝယ်မြို့မှာစစ်ကောင်စီတပ်က ညအချိန် မြို့အဝင်အထွက်တွေကိုပိတ်ဆို့ပြီး ဧည့်စာရင်းအကြောင်းပြကာ နေအိမ်ပေါ်အထိတက်ပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေအခုရက်ပိုင်းဆက်တိုက်လုပ် ဆောင်နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးသတင်းရင်းမြစ်တွေက People's Spring ကို ပြောပါတယ်။