close
Connect with us

Hi, what are you looking for?

သတင်း

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု မည်သည့် အခြေအနေတွင်မျှ မကျူးလွန်ရန် KNU တားမြစ်

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားမြစ်ပိတ်ပင်ခြင်းနှင့်ကျား/မ ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာကတိကဝတ်ပြုလွှာအားထပ်လောင်းအတည်ပြုခြင်းနှင့် အကောင်အထည်ဖော်ခြင်းအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများအားလုံးသို့ ညွှန်ကြားချက်ကို ကရင်အမျိုးသားအစည်း အရုံး(KNU) ဗဟိုက ယနေ့ စက်တင်ဘာ ၁ရက်တွင် ထုတ်ပြန်သည်။

KNU/KNLAမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - EPA

စက်တင်ဘာ-၁၊ ၂၀၂၅။ ထားမြတ်/People’s Spring

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားမြစ်ပိတ်ပင်ခြင်းနှင့်ကျား/မ ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာကတိကဝတ်ပြုလွှာအားထပ်လောင်းအတည်ပြုခြင်းနှင့် အကောင်အထည်ဖော်ခြင်းအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများအားလုံးသို့ ညွှန်ကြားချက်ကို ကရင်အမျိုးသားအစည်း အရုံး(KNU) ဗဟိုက ယနေ့ စက်တင်ဘာ ၁ရက်တွင် ထုတ်ပြန်သည်။

၂၀၁၃ဇူလိုင်၂၁ရက်တွင် KNUသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားမြစ်ပိတ်ပင်ရေး၊ ကျား/မ ခွဲခြားဆက်ဆံမှုပပျောက်ရေးနှင့် ပတ်သက်သည့် ကတိကဝတ်ပြု လွှာကိုဂျီနီဗာခေါလ် အဖွဲ့အစည်းနှင့် လက်မှတ်ရေးထိုးခဲ့ပြီး အဖွဲ့၏ဖွဲ့စည်း ပုံများနှင့် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ကဏ္ဍအားလုံးတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအား တင်း ကြပ်စွာပိတ် ပင်တားမြစ်ရန်နှင့် ကျား/မ ခွဲခြားဆက်ဆံမှုကို ပပျောက်စေရေးတက်ကြွစွာ လုပ်ဆောင် မည်ဟု ကတိကဝတ်ထားရှိခဲ့သည်။

ယင်းအပေါ် ထပ်လောင်းအတည်ပြုပြီး ကတိကဝတ်ပြုလွှာတွင် ဖော်ပြထားသောပြဋ္ဌာန်းချက်များအတိုင်းအပြည့်အဝ အကောင်အထည် ဖော် ဆောင်ရွက်ရန်နှင့် လိုက်နာစောင့်ထိန်းရန် KNUက ဌာနဆိုင်ရာအားလုံးသို့ယခုကဲ့သို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

” လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစံနှုန်းများနှင့်တရားမျှတမှု အပေါ်ကျွန်ုပ်တို့ထားရှိသောတရားဝင်ကတိကဝတ်နှင့်စပ်လျဉ်း၍ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ဦးဆောင်သူ များထံမှထုတ်ပြန်သောအရေးကြီးသည့်သတိပေးချက်နှင့်ညွှန်ကြားချက်ဖြစ်ပါသည်” ဟု ဖော်ပြခဲ့သည်။

ယခု ညွှန်ကြားချက်သည် ယခုထုတ်ပြန်သည့်အချိန်မှစ၍ စတင်အကျိုးသက်ရောက်မှုရှိမည်ဖြစ်ပြီး၊ ညွှန် ကြားချက်နှင့်အတူ အမိန့်များကိုပါ KNUက ထုတ်ပြန်ခဲ့သည်။

အရပ်သားများ၊အကျဉ်းသားများ သို့မဟုတ် စစ်ပွဲတိုက်ခိုက်မှုတွင်တိုက်ရိုက်ပါဝင်ခြင်းမရှိသူ အား လုံးအပေါ်တွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအား မည်သည့်အခြေအနေတွင်မျှ ကျူးလွန် ခြင်းမရှိစေ ရန် ကန့်သတ်တားမြစ်ထားသည့်အတိုင်း တင်းကြပ်စွာလိုက်နာရန် ဖော်ပြသည်။

ထို့ပြင် အကျဉ်းကျခံနေရသူများနှင့် အရပ်သားပြည်သူများအား လိင်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေမှု၊ မတရား ပြုကျင့်မှု သို့မဟုတ် နှောင့်ယှက်မှုပုံစံအားလုံးမှ ကာကွယ်ရန်၊ အကြမ်းဖက်မှုမှ အသက်ရှင်ကျန်ရစ်သူများအား ဆေးဝါးကုသမှု၊ နှစ်သိမ့်ဆွေးနွေးမှု၊ ဥပဒေ ရေးရာ အကူအညီနှင့် ရပ်ရွာလူမှုပတ်ဝန်းကျင်အတွင်း ပြန်လည်ဝင်ဆံ့ရေး အပါအဝင်၊ အချိန်နှင့် တစ်ပြေးညီ ထောက်ပံ့ခြင်းများနှင့် စာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ခြင်းများကို ပေးအပ် ရန် အမိန့်ထုတ်ပြန်သည်။

ဝန်ထမ်းခန့်အပ်ခြင်း၊အုပ်ချုပ်မှုဖွဲ့စည်းပုံများနှင့်မူဝါဒအကောင် အထည်ဖော်ခြင်း အပါအဝင် ဌာနဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုအားလုံးတွင် ကျား/မရေးရာအပေါ်အခြေခံသည့် ခွဲခြားဆက် ဆံမှု များကို ဖယ်ရှားရန်လည်း အမိန့်ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဌာနများ အတွင်းရှိ ဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့်၊ စီမံကိန်းရေးဆွဲခြင်း အဆင့်တိုင်းတွင် အမျိုး သမီး များ၏ပါဝင်မှုနှင့်ခေါင်းဆောင်မှုကိုမြှင့်တင်ရန် ဖော်ပြထားသည်။

ဌာနဆိုင်ရာအမိန့်စာများကိုမဖြစ်မနေထုတ်ပြန်ရန်နှင့်၊ ဌာနများ၏ ကွပ်ကဲမှုအုပ်ချုပ်မှု အောက် ရှိ အရာထမ်း၊ အမှုထမ်းနှင့်ဝန်ထမ်းအားလုံးအတွက် ကတိကဝတ်ပြုလွှာ (Deed of Commitment- DoC) နှင့်ပတ်သက်သည့် ကျယ်ပြန့်သော လေ့ကျင့်သင်ကြားမှုများပေးရန် KNUက ထုတ်ပြန်ခဲ့ပြီး ကတိကဝတ်ပြုလွှာ (DoC) တွင်ဖော်ပြထားသောအခြေခံမူများအား ချိုးဖောက်မှု တစ်စုံတစ်ရာ ရှိပါက ချက်ချင်းစုံစမ်းစစ်ဆေးပြီး စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုများ ပြုလုပ်ရန် အမိန့်ထုတ်ပြန်သည်။

လိုက်နာဆောင်ရွက်မှုကိုစောင့်ကြည့်လေ့လာခြင်း၊စစ်ဆေးခြင်းများနှင့်စိစစ်အတည်ပြုခြင်းများ အတွက် Geneva Call အပါအဝင်အခြားလွတ်လပ်သောအဖွဲ့အစည်းများနှင့် အပြည့်အဝပူး ပေါင်းဆောင်ရွက်ရန်လည်း ဖော်ပြထားသည်။

ဌာနတိုင်းသည်လုပ်ပိုင်ခွင့်နယ်ပယ်အတွင်း၌ဤအခြေခံမူများကိုအကောင်အထည်ဖော်ရန်နှင့် လေးစားလိုက်နာရန် တာဝန်ရှိကြောင်း၊ ချိုးဖောက်မှုများရှိလာပါက လက်သင့်ခံမည်မဟုတ်ဘဲ အဖွဲ့၏ လုပ်ထုံး လုပ်နည်းများ၊ နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်း များနှင့်အညီ ပြင်းထန်သောအကျိုးဆက်များကို ခံစားရမည်ဖြစ်ကြောင်း KNUက သတိပေးသည်။

KNU အနေဖြင့် အမျိုးသမီးများနှင့်ကလေးသူငယ်များအပေါ်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများမှ ကာကွယ်ရန် အစဉ်တစိုက်ကြိုးစားနေကြောင်း KNUက အသိပေးထားသည်။

ဇွန်လနောက်ဆုံးပတ်က KNU နိုင်ငံခြားရေးဌာနမှ ကကျင်းပခဲ့သည့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ၊လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့်ကျားမခွဲခြားဆက်ဆံမှုတိုက်ဖျက်ရေးဆိုင်ရာ သင်တန်းတရပ် ကျင်းပခဲ့ရာ အဖွဲ့ပြောရေးဆိုခွင့်ရှိသူပဒိုစောတောနီးကလူ့အခွင့် အရေးကို လေးစားလိုက်နာပြီး နိုင်ငံတကာ ဥပဒေများ အတက်နိုင်ဆုံးလိုက်နာရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

“အနာဂတ်မှာတည်ဆောက်မည့်ဖက်ဒရယ်ပြည်ထောင်စုအတွင်း ကော်သူးလေယူနစ်အနေဖြင့် မိမိတိုယူနစ်အတွင်းရှိ နယ်မြေများကို စီမံအုပ်ချုပ်ရာ၌ စွမ်းရည်ပြည့်ဝစွာ စီမံအုပ်ချုပ်နိုင်ရန်၊ ဥပဒေစည်းမျဉ်းစည်းကမ်းများကို စနစ်တကျ ချမှတ်ထားနိုင်ရန် လိုအပ်သည်” ဟု ပဒိုစောတောနီးက အဆိုပါ သင်တန်းဖွင့်ပွဲ၌ ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာကြောင်း အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ခဲ့ခြင်းမှာ သူခိုးက လူပြန်ဟစ်သည့် လုပ်ရပ်ဖြစ်သည်ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက တုံ့ပြန်ပြောကြားသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄) နယ်မြေ သရက်ချောင်းမြို့နယ်(ကစယ်ဒိုမြို့နယ်)တွင် အာဏာသိမ်းစစ်တပ်က အရပ်သား ပြည်သူ ၂ဦး သတ်ဖြတ်ပြီး နေအိမ်များ မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)ရှိ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) တပ်ရင်း(၈)ထံသို့ ကော်သူးလေအာမီ(KTLA)တပ်ဖွဲ့ဝင်များ ပြန်လည်ပူးပေါင်းလာဟု ကရင်သတင်းရင်းမြစ်က ပြောသည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်ပံ့ပိုးတာတွေမပြုလုပ်ဖို့ KNUတပ်မဟာ (၅)​ကတားမြစ် လိုက်ပြီး လိုက်နာမှုမရှိရင် အရေးယူမယ်လို့ ဒီနေ့ သြဂုတ်လ ၂၆ ရက်မှာထုတ်ပြန်လာပါတယ်။