close
Connect with us

Hi, what are you looking for?

သတင်း

ရေလယ်ကျွန်း လေကြောင်းတိုက်ခိုက်မှု သေဆုံးသူထပ်တိုး၊ သေဆုံးသူအမျိုးသမီး ၅ဦးရှိလာ

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ရေလယ်ကျွန်းဒေသစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူ ၂ ဦးထပ်တိုးပြီး စုစုပေါင်း ၅ ဦးအထိရှိလာကြောင်း သတင်းရရှိပါတယ်။

သေဆုံးသူများ၏ ရုပ်အလောင်းများ၊ အလောင်းများအား မီးသင်္ဂြိုလ်နေစဥ်။ ဓာတ်ပုံ InfoCommitteeYesagyo

▪️ဗုံးကြဲတဲ့အပြင် စက်သေနတ်နဲ့ပါ ပစ်ခတ်ခဲ့​ဒေသခံ​ပြော

​စက်တင်ဘာ−၁၊ ၂၀၂၅။ဇေအောင်/People’s Spring

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ရေလယ်ကျွန်းဒေသစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူ ၂ ဦးထပ်တိုးပြီး စုစုပေါင်း ၅ ဦးအထိရှိလာကြောင်း သတင်းရရှိပါတယ်။

မနေ့က သြဂုတ် ၃၁ ရက် နေ့လယ် ၁ နာရီခွဲခန့်က မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ငတရော်ရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီးနောက် ဒဏ်ရာပြင်းထန်သူတွေထဲက ၂ဦးဟာ ညပိုင်းမှာ ထပ်မံသေဆုံးခဲ့ကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူ ၅ ဦးဟာ ငတရော်ရွာက အသက် ၆၅ နှစ်အရွယ် ဒေါ်မြသင်း၊ ဒေါ်မြသင်း၏ သမီးဖြစ်သူ အသက် ၃၅ နှစ်အရွယ် မယုမွန်ချို၊ အသက် ၇၀ အရွယ် ဒေါ်ခင်မာမြင့်၊ အသက် ၆၃ နှစ်အရွယ် ဒေါ်ဆန်းဝင်းနဲ့ အသက် ၆၁ နှစ်အရွယ် ဒေါ်လှဆန်းတို့ ဖြစ်ပြီး ၎င်းအမျိုးသမီးတွေဟာ နောက်ကျော၊ နဖူး၊လက်မောင်း၊ ခြေထောက်နဲ့ ခန္ဓာကိုယ်နေရာအနှံ့မှာ ပြင်းထန်တဲ့ထိခိုက်မှုတွေရရှိပြီး သေဆုံးခဲ့တာဖြစ်ကြောင်း သိရပါတယ်။

“လေယာဥ်ပေါ်ကနေ ဗုံးတင်မကဘူး။ စက်သေနတ်နဲ့ပါ ပစ်တာ”လို့ ဒေသခံတဦးက ပြောပါတယ်။

ကြဲတဲ့ဗုံးဟာ ပေါင် ၂၅၀ ဗုံးလို့ ယူဆရပြီး ပွိုင့်ဖိုက် နှစ်ဆင့်ကွဲ ကျည်အမျိုးအစားသုံးကာ အရပ်သားတွေကို စက်သေနတ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီက ပြောပါတယ်။

ဒါ့အပြင် တိုက်ခိုက်မှုကြောင့် အသက် ၄၀ ကျော်နဲ့ ၆၀ အထက် အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၄ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိထားလို့ ဆေးကုသနေရပြီး အသက် ၈၆ နှစ်အရွယ် အဘွားအိုတဦးပါ ပါဝင်ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

သြဂုတ်-၃၁၊၂၀၂၅။ဇေအောင်/People’s Spring မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့အမျိုးသမီးကြီး ၃ ဦးသေဆုံးခဲ့ပါတယ်။ ဒီကနေ့ နေ့လယ် ၁ နာရီ ၁၅ မိနစ်ခန့်က ရေစကြို ရေလယ်ကျွန်းဒေသက ငတရော်ရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာပါ။​ဒေသခံပြည်သူ အမျိုးသမီး...

သတင်း

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ဒိုင်းကျီရပ်ကွက်အား စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူများအနက် (၄)နှစ်အရွယ်ကလေးငယ်အပါအဝင် ၂ဦးထပ်မံသေဆုံး၍ စုစု‌ပေါင်း သေဆုံးသူ ၁၄ဦး ရှိလာပြီဖြစ်သည်။

ဆောင်းပါး

မကွေးတိုင်း၊ နတ်မောက်မြို့ရဲ့အရှေ့ဘက် မိုင် ၂၀ လောက်အကွာမှာလဲဘူးဆိုတဲ့ ရွာလေးတစ်ရွာ တည်ရှိတယ်။ ဗိုလ်ချုပ်ဇာတိ နတ်မောက်မှာ လဲဘူးကျေးရွာကို လူသိများကြပါတယ်။ရွာက တောင်သူလုပ်တယ်။ဖျာလုပ်ငန်းတွေလုပ်တယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ စစ်တပ်က ဆိုင်ကယ်ဦးထုပ်မဆောင်းတဲ့သူကို သေနတ်နဲ့လိုက်ပစ်လို့ နေအိမ်ဝင်းထဲ အဝတ်လှန်းနေတဲ့ ပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။