close
Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုစစ်ရှောင်စခန်းကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သားသုံးဦး ဒဏ်ရာရ

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်နှစ်ဦးအပါအဝင် အရပ် သားသုံးဦး ဒဏ်ရာရရှိခဲ့သည်။

ယနေ့နံနက်ပိုင်းက ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီဗုံးကြဲအပြီးတွေ့ရသော ကျည်အပိုင်းအစများ။ ဓာတ်ပုံ JFK

စက်တင်ဘာ−၁ ၊ ၂၀၂၅။ရဲခေါင် /People’s Spring

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်နှစ်ဦးအပါအဝင် အရပ် သားသုံးဦး ဒဏ်ရာရရှိခဲ့သည်။

ယနေ့(စက်တင်ဘာ ၁ရက်)နံနက် ၈ နာရီ ၄၀မိနစ်က Y12 လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် စစ်ရှောင်စခန်းကို ပစ်မှတ်ထား၍ ဗုံးနှစ်လုံးကြဲချခဲ့ခြင်းဟု ဆိုသည်။

ပေါက်ကွဲမှုဗုံးစများက (၁၀)နှစ်အရွယ်ကလေးနှစ်ဦး၏ လက်နှင့်ပေါင်တို့ကို ထိခိုက်မှန်ခဲ့ပြီး အသက် (၅၀)ဝန်းကျင် အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲလည်း မရှိတဲ့နေရာ ၊ တလရ (တော်လှန်ရေး) တပ်စခန်းတွေလည်း မရှိတဲ့နေရာဖြစ်ပေမဲ့ စကစ ဘက်ကတော့ ရည်ရွယ်ချက်ရှိရှိနဲ့ စစ်ရှောင်ပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်နေတာပါ”ဟု ကရင် နီစစ်ရှောင်အရေးကူညီနေသူက ပြောသည်။

ထို့အပြင် ဒီးမော့ဆိုမြို့နယ်၌ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် အရပ်သားပြည်သူများကို ဖမ်းဆီးသတ်ဖြတ်နေကြောင်း ကယန်းအမျိုးသားတပ်မတော်(KNA)က ယနေ့(စက်တင်ဘာ ၁ ရက်)က အသိပေးသည်။

“စကစက သူရဲ့စစ်ရေး၊နိုင်ငံရေး လိုအင်ဆန္ဒနဲ့ပတ်သက်ပြီး ဘာကိုမှ ငဲ့နေမှာမဟုတ်တော့ဘူးဆိုတာ ပြောရမယ်။ကရင်နီမှမဟုတ်ဘူး နေ့စဥ်လိုလို တစ်နိုင်ငံလုံးမှာ အရပ်သားတွေ သတ်ဖြတ်ခံနေရတယ်။ရှေ့လျှောက်လည်း သတ်ဖြတ်နေဦးမှာပဲ။ပိုဆိုးဖို့ပဲ ရှိမယ်။အားလုံးသတိ ရှိရှိ နဲ့ ညီညီညွတ်ညွတ်ရင်ဆိုင်ကြရမယ်”ဟု ကရင်နီစစ်ဘက်သတင်းရင်းမြစ်က ပြောသည်။

သြဂုတ်လအတွင်း ကရင်နီပြည်နယ်နှင့် ကယန်းဒေသတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၇၅ ကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သားနှင့် စစ်ရှောင် ၄၄ ဦးသေဆုံးခဲ့ရကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကောင်စီစစ်ကြောင်းက ပြည်သူ့များ၏ နေအိမ်၊စာသင်ကျောင်းနှင့် ဆေးရုံဆေးခန်းအဆောက်အဦး ၁၀လုံးကျော် ဖျက်ဆီးခဲ့ကြောင်း PKPF က ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဝိုင်း‌မော်မြို့နယ်အတွင်း စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားပြည်သူများအား စစ်ကောင်စီကလေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေ၍ အရပ်သားထိခိုက်မှုများရှိနေကြောင်း ဒေသခံများက ပြောသည်။

သတင်း

သြဂုတ်-၃၁၊၂၀၂၅။ဇေအောင်/People’s Spring မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့အမျိုးသမီးကြီး ၃ ဦးသေဆုံးခဲ့ပါတယ်။ ဒီကနေ့ နေ့လယ် ၁ နာရီ ၁၅ မိနစ်ခန့်က ရေစကြို ရေလယ်ကျွန်းဒေသက ငတရော်ရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာပါ။​ဒေသခံပြည်သူ အမျိုးသမီး...

သတင်း

ကချင်ပြည်နယ်၊ဝိုင်းမော်မြို့နယ်၊လမြန်ဒေသ၌ အာဏာသိမ်းစစ်ကောင်စီတပ်က ထိုးစစ်ဆင် လာ၍ တကျော့ပြန်တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး ဒေသတွင်းသို့ လေကြောင်း တိုက်ခိုက်ခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ယမန်နေ့(ဩဂုတ် ၃၀ရက်) ညတွင် သတင်းဖော်ပြသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့နယ်ရှိ မိုင်းလုံမြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးများကြဲတိုက်ခိုက်ရာ သီလရှင် တပါးနဲ့ အမျိုးသမီး တဦး သေဆုံးခဲ့ပြီး သံဃာတော် (၂)ပါး၊ ကိုရင်(၃)ပါးနဲ့ အမျိုးသား တဦးတို့ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်ပါတယ်။